BREAKING
January 21, 2025

သတင်း

ကံပေါက်တွင် ‌နေအိမ်နှင့် ဈေးဆိုင်အချို့ရှာဖွေခံရပြီး ဇနီးမောင်နှံနှစ်ဦး အဖမ်းခံရ

Dawei Watch

April 21, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ရွာတွင် ဧပြီလ ၁၉ ရက် ညနေပိုင်းက စတိုးဆိုင်၊ စားသောက်ဆိုင်နှင့် နေအိမ်အချို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေပြီး စတိုးဆိုင်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးသွားကြောင်း ရွာသားများထံက သိရသည်။ ကံပေါက်ရွာထိပ်ရှိ ဂန့်ဂေါ်တောင်‌စစ်ဆေးရေးဂိတ်တွင် စားသောက်ကုန် ကုန်ခြောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ သယ်ဆောင်လာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးထံမှ ပစ္စည်းများသိမ်းဆည်းခံရပြီးနောက် ညပိုင်းတွင် ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေခံရကြောင်း ၎င်းတို့ကဆိုသည်။ ဗိုလ်ချုပ်ရပ်ကွက်ရှိ နန္ဒာစတိုးဆိုင်ပိုင်ရှင် ကိုနွေဦးနှင့် မအေးနန္ဒာဆွေတို့ကို စစ်ကောင်စီတပ်က ဧပြီ ၁၉ ရက်ညနေပိုင်းတွင် ခေါ်ဆောင်သွားပြီး ဧပြီ ၂၀ ရက်ညပိုင်းအထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ၎င်းတို့၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။ ဧပြီ ၂၀ ရက် ညပိုင်းတွင်လည်း လှည်းကုန်းရပ်ကွက်ရှိ နဒီလှိုင်းစားသောက်ဆိုင်နှင့် မြသီတာရပ်ကွက် ရွာသစ်ကုန်းအပိုင်းရှိ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

April 20, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၁၄ ရက်မှ ၂၀ ရက်နေ့အထိ စစ်ကောင်စီလွတ်ငြိမ်း နိုင်ကျဉ်းတစ်ရာကျော်ပဲပါ၊ ဒေါက်တာခလမ်ဆမ်ဆွန် ညတွင်းချင်းပြန်အဖမ်းခံရ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းသားသုံးထောင့်သုံးရာကျော်ကို လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ပဲ ပါဝင်ပါတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၄ ရာခိုင်နှုန်းပဲပါတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုပါတယ်။ လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသားတွေကို လွှတ်ပေးရာမှာ  နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပါးနေတာကတော့  စစ်မြေပြင် တွေမှာ  စစ်ကောင်စီ ရှုံးနိမ့်နေတာ၊ နိုင်ငံတကာမှာ ဝင်မဆံ့တာတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ တာဝန်ခံ ဦးသိုက်ထွန်းဦးက ပြောပါတယ်။ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ NLD အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကချင်ပြည်နယ်က ဝန်ကြီးနှစ်ဦး၊ နေပြည်တော် ဒက္ခိဏသိရီမြို့နယ် ပြည်သူ့လွှတ်တော်အမတ်၊ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌတို့ ပါဝင်ပါတယ်။ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် […]

ရေဖြူရှိ ဇာဒီနှင့်ဖောင်းတောကျေးရွာအုပ်စုများကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေ

Dawei Watch

April 20, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်ရှိ ဇာဒီကျေးရွာအုပ်နှင့် ဖောင်းတောကျေးရွာ အုပ်စုများတွင် မောရဝတီရေတပ်က ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။ “စစ်ကြောင်းထိုးတဲ့ ပုံစံတော့မဟုတ်ဘူး။ ဖောင်းတော မော်ကြီးဘက်ကနေ ဖားချောင်းအင်းရွာဘက်အထိ မောရဝတီက စစ်သားတွေ လာပြီး စစ်ဆေးမေးမြန်းနေတယ်” ဟု ဇာဒီ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖားချောင်းအင်းကမ်းခြေရှိ ဈေးဆိုင်များတွင် စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ လာရောက်ခြင်းရှိမရှိ မေးမြန်းခဲ့ကြောင်း ဖောင်းတောရွာသားတစ်ဦးကဆိုသည်။ ရွာစဉ်လျှောက်စစ်ဆေးမှုအပြင် ဧပြီလ ၁၉ ရက်တွင် ဇာဒီချောင်းဝရှိ စစ်သင်္ဘောက အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်မှုပြုလုပ်ခဲ့၍ ဇာဒီကျေးရွာအုပ်စု ထွက်ဝရွာနှင့် ဒိုက်တကော်ရွာတို့တွင် လက်နက်ကြီးကျည်ဆန်များ ကျရောက်ခဲ့သည်။ ဧပြီလ ၂၀ ရက် တွင်မူ ပစ်ခတ်မှုများမရှိတော့သော်လည်း […]

ဖောင်းတောရွာတွင် အမျိုးသားတစ်ဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

April 20, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် ယနေ့ ဧပြီလ ၂ဝ ရက် နံနက်ပိုင်းတွင် အသက် ၄၅ နှစ်ရွယ်အရှိ အမျိုးသားတစ်ဦး ထပ်မံ ဖမ်းဆီးခံလိုက်ရကြောင်း ရွာသားများထံက သိရသည်။ အဖမ်းခံရသူသည် နဘုလယ်ဒေသခံဖြစ်ပြီး ဖောင်းတောတွင် ပြောင်းရွှေ့နေထိုင်နေသူ ဖြစ်ကြောင်း ရွာသားများက ပြောသည်။ ဖောင်းတောရွာ ဘောလုံးကွင်းအနီးရှိ နေအိမ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် အကြောင်းအရင်းကိုမူ မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။ “မနက်က စစ်ကားတွေ ရွာထဲပြန်ဝင်လာတော့ အရင်ရက်က ဖမ်းထားတဲ့ သားအဖကို ပြန်လာလွှတ်ပေးတယ်ထင်နေတာ။ နောက်တစ်ယောက်ထပ်ခေါ်ပြီး နေ့လယ်လောက်ပြန်သွားတယ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။ ဧပြီလ ၁၈ ရက် ညပိုင်းက စစ်ကောင်စီတပ်သည် ဖောင်းတောရွာသား ဦးဝင်းဘိုနှင့် သားဖြစ်သူတို့ကို ဖမ်းဆီးသွားသေးသည်။ အဆိုပါသားအဖမှာ မောရဝတီရေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိနေပြီး […]

မြိတ်တွင် နေအိမ်တစ်လုံး မီးလောင်ပျက်စီး

Dawei Watch

April 20, 2024

မြိတ်မြို့ မြိတ်တောင်ရပ်၊ မြို့မ (၂) ရပ်ကွက် မြခွာညိုလမ်းရှိ နှစ်ထပ်နေအိမ်တစ်လုံး ယနေ နံနက် ၁၀ နာရီဝန်းကျင် တွင် မီးလောင်ပျက်စီးကြောင်း မြို့ခံများနှင့် ပရဟိတအသင်းဖွဲ့များထံမှ သိရသည်။ “အိမ်တစ်ဆောင်ပဲ လောင်ပါတယ်။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး” ဟု မြို့ခံပရဟိအသင်း၏ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။ နေအိမ်အပေါ်ထပ်တွင် ဘုရားမီးပူဇော်ထားသည့် လျှစ်စစ်မီးအပူလွန်ကဲရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းမီးသတ်ဦးစီးဌာနကထုတ်ပြန်ထားသည်။ မီးလောင်မှုနှင့် ပတ်သက်၍ မြိတ်ခရိုင်မီးသတ်ဦးစီးဌာန တာဝန်ရှိသူကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားရန် ငြင်းဆိုခဲ့သည်။ မြိတ်ခရိုင်ထဲတွင် ယခုနှစ် ဇန်နဝါရီလစပြီး လေးလတာအတွင်း မီးလောင်မှု ၁၄ ကြိမ်ရှိလာပြီး နာရေးကူညီမှုအသင်း ရုံးခန်းတစ်ခုလည်း မီလောင်းပျက်စီးခဲ့သည်။ ယင်းအပြင် အပူလွန်ကဲသောကြောင့် အမှိုက်ပုံနှင့် တောမီးလောင်မှုများလည်း မကြာခဏဖြစ်ပေါ်လျှက်ရှိသည်။

လောင်းလုံးတွင် တစ်ရက်တည်း နှစ်နေရာပစ်ခတ်မှုဖြစ်

Dawei Watch

April 20, 2024

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ဧပြီလ ၁၉ ရက်နေ့က မောင်းမကန်ရွာအနီး ပစ်ခတ်မှုဖြစ်ပြီး ကျောက်နီမော်ရွာတွင်လည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ မောင်းမကန်ရွာတွင် ဧပြီလ ၁၉ ရက် မွန်းလွဲပိုင်းက လောင်းကစားသတင်းအရဟုဆိုကာ သတိပေးရန် ရောက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မောင်းမကန်ရဲစခန်းက ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများ‌က ပြောသည်။ အလားတူ ကျောက်နီမော်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မွန်းတည့်ပိုင်းမှ စတင်ကာ သုံးနာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်သည် ဘုရားတောင်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “အလယ်မှာ ချောင်းပဲခြားတယ်။ လက်နက်ကြီးရော (လက်နက်) ငယ်ရောပဲ။ မွန်းတည့် ၁၂ နာရီကျော်တဲ့ကပစ်တာ ၂ နာရီကျော်လောက်မှ ပစ်သံတိတ်သွားတယ်” ဟု […]

မြဝတီတိုက်ပွဲကြောင့် မဲဆောက်ဘက်သို့ မြန်မာ ၂၇၀ကျော် တိမ်းရှောင်

Dawei Watch

April 20, 2024

မြဝတီ-မဲဆောက် အမှတ် ၂ တံတားအနီး ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မဲဆောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည် ၂၇၀ ကျော် ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင် ယနေ့ နံနက် ၁ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ကြောင်း ထိုင်းဘက်က ရိုက်ထားသော ဗီဒီယိုမှတ်တမ်းများနှင့် အမှတ် ၂ တံတားနေ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်ထံမှ သိရသည်။ “မြန်မာဘက်ခြမ်းက လူတွေကတော့ ထိုင်းဘက် တိမ်းရှောင်ကုန်ပြီ။ ရဟတ်ယာဉ်နဲ့ပါ လာပစ်နေတယ်” ဟု ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် တံတားအနီးက ပြည်သူများက သောင်ရင်းမြစ်ကို ဖြတ်ပြီး မဲဆောက်ဘက် ရှောင်ပြေးလာကြပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းက ယာယီခိုလှုံရေးစခန်းတွင် နေရာချထားပေးကြောင်း ထိုင်းဘက်က ထုတ်ပြန်သည်။ […]

မြဝတီ-မဲဆောက် အမှတ် ၂ တံတားအနီး တိုက်ပွဲပြင်းထန်

Dawei Watch

April 20, 2024

မြန်မာနှင့်ထိုင်း နိုင်ငံနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး ခိုအောင်းနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်မျာကို KLNA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေကြောင်း မြဝတီမြို့ခံအချို့ထံမှ သိရသည်။ စစ်ကောင်စီ၏ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းက စခန်းစွန့်ခွာထွက်ပြေးကာ အမှတ် ၂ တံတားအနီး ခိုအောင်းပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်တောင်းနေသည့် စစ်ကောင်စီတပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။ အဆိုပါစစ်ကောင်စီတပ်သားများရှိရာနေရာကို တော်လှန်ရေးတပ်များက ဧပြီလ ၁၉ ရက် ညပိုင်းတွင် ဒရုန်းများဖြင့် စတင်တိုက်ခိုက်ပြီး လက်နက်မချသဖြင့် ယနေ့ ဧပြီလ ၂၀ ရက် နံနက် ၅နာရီခန့်တွင် စတင်ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် KIC သတင်းတစ်ရပ်တွင် ဖော်ပြသည်။ […]