BREAKING
January 21, 2025

သတင်း

ကျုံညှဲရွာပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးဖမ်းဆီးထားစဉ် ပစ်ခတ်မှုဖြစ်ပြီးသေဆုံးဟု မွန်နှင့်တနင်္သာရီတော်လှန်ရေးအင်အားစု များဆို

Dawei Watch

April 26, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညှဲရွာက အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူနှင့် ပြည်သူ့စစ်ဒုခေါင်းဆောင်ဖြစ်သူတို့သည် ဖမ်းဆီးခံထားရစဉ် လက်နက်လုထွက်ပြေးပြီး အပြန်အလှန်ပစ်ခတ်ရာမှ ၎င်းတို့ နှစ်ဦး သေဆုံးကြောင်း မွန်နှင့် တနင်္သာရီတော်လှန်ရေးမဟာမိတ်အင်အားစုများက ထုတ်ပြန်သည်။ ကျုံညှဲရွာက ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းပြီး အဖွဲ့ဝင် ငါးဦးကို ဧပြီလ ၂၃ရက်က စစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း အထက်ပါအင်အားစုများက ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။ အဖမ်းခံရသူများအနက် သုံးဦးမှာ သာမန်အဖွဲ့ဝင်များဖြစ်သဖြင့် ဖမ်းဆီးသည့်ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီး ပြည်သူ့စစ် ခေါင်းဆောင်နှစ်ဦးကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တရားစီရင်ရေးဌာနသို့ အပ်နှံရန် ထိန်းသိမ်းထားခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ထိန်းသိမ်းထားစဉ် ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးသည် လက်နက်လုယူထွက်ပြေး သောကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ ၎င်းတို့နှစ်ဦး […]

ကော့ဘိန်းရွာဘက် စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး အမျိုးသမီးငယ်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

April 25, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းက ကော့ဘိန်းကျေးရွာထဲကို သေနတ် ပစ်ခတ်ပြီး ဝင်ရောက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ ဝင်ရောက်လာခြင်းကြောင့် ပြည်သူများ ထွက်ပြေးနေရပြီး ရွာထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ပစ်သတ်သွားခဲ့သည့်အပြင် ဖမ်းဆီးရိုက်နှက်မှုများလည်းရှိကြောင်း ဒေသခံတို့က ပြောသည်။ “ရွာထဲကို စစ်တပ်တွေ ဝင်လာတော့ ရွာမှာ ကျန်ရှိနေတဲ့လူတွေ အကုန်ထွက်ပြေးရတယ်။ ရွာထဲကို ရမ်းသမ်းပစ်ခတ်ပြီး ဝင်လာတာ။ တွေ့တဲ့လူဆိုရင်လည်း ဖမ်းတယ်။ ရိုက်တယ်။ အမျိုးသမီးတစ်ဦးကိုလည်း ပစ်သတ်သွားခဲ့တယ်” […]

MNDAA သေဒဏ်စီရင်မှု ဥရောပသမဂ္ဂက အပြင်းအထန်ရှုတ်ချ

Dawei Watch

April 25, 2024

ကိုးကန့်တပ် MNDAA က ၎င်းတို့တပ်ဖွဲ့ဝင်အချို့အား သေဒဏ်စီရင်မှုကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ဥရောပသမဂ္ဂ (EU) က ယနေ့ ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။ MNDAA က လူ ၁၀ ဦးကို သေဒဏ်ချခဲ့ပြီး ယင်းအနက် သုံးဦးမှာ ဧပြီလ ၂၄ ရက်တွင် စီရင်ခံခဲ့ရ‌ဖွယ်ရှိသည် ဆိုသည့် စိုးရိမ်စရာသတင်းများထွက်ပေါ် နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သေဒဏ်စီရင်မှုကို မည်သည့်အခြေအနေမျိုးတွင်မဆို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း EU က ဆိုသည်။ သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သောပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာအား အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြုကြောင်း ဖော်ြပသည်။ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်တွင် အဓိကကျသော ကြိုးပမ်းမှုသည် မြင့်မားသော နိုင်ငံတကာ စံနှုန်းများနှင့်အညီ […]

ရေဖြူ၊ အုန်းပင်ကွင်းရွာတွင် အမျိုးသား ၆ ဦး ဒလန်ဟုဆိုကာ သတိပေးစာကပ်ခံရ

Dawei Watch

April 25, 2024

ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာတွင် ဧပြီလ ၂၀ ရက် က အမျိုးသား ၆ ဦး အမည်နှင့်တကွ သတိပေးစာကပ်ခံရကြောင်း ကာကယံရှင်များ နှင့် ဒေသခံများထံကသိရသည်။ အုန်းပင်ကွင်းရွာ ဘုန်းကြီးကျောင်းလမ်းဆုံတွင် ယင်းအမျိုးသား ၆ ဦးမှာ ဒလန်ဖြစ်သည်ဟုဆိုကာ ရေးသားဖော်ပြထားသည့် စာရွက်ကို လာရောက်ချိတ်ဆွဲ ထားခြင်းဖြစ်သည်။ စာရင်းတွင်ဖော်ပြခံရသူများမှာ စစ်ကောင်စီ၏ ရပ်/ကျေး အုပ်ချုပ်ရေးနှင့် ဆက်စပ်သူများ၊ အရန်မီးသတ်၊ နဝတခေတ် အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းများနှင့် နာရေးကူညီမှုအသင်း တာဝန်ရှိသူ တို့ပါဝင်ကြောင်း အုန်းပင်ကွင်းရွာသားတစ်ဦးက ပြောသည်။ စာကပ်ခံရသူများထဲမှ တစ်ဦးဖြစ်သည့် အုန်းပင်ကွင်းရွာ နာရေးကူညီမှု အသင်း တာဝန်ရှိသူ ဦးဇော်လတ်က ယင်းသို့မတရားစွပ်စွဲခံရမှုကြောင့် များစွာနစ်နာရကြောင်း အသင်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြေရှင်းခဲ့သည်။ ’ခိုင်လုံသည့်အထောက်အထား တစ်စုံတရာမျှမရှိဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ မုန်းတီးမှုကြောင့်သော်လည်ကောင်း၊ လူမှုရေး မကျေနပ်မှုကြောင့် […]

နှစ် ၃၀နီးပါးကြာ စစ်ကောင်စီတပ်စွဲထားသည့် မောထစခန်းကို KNLA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်

Dawei Watch

April 25, 2024

ထားဝယ်မြို့နယ် ထီးခီးအနီး ထိုင်းနယ်စပ်တွင်ရှိပြီး နှစ်၃၀နီးပါးကြာ စစ်ကောင်စီတပ် တပ်စွဲထားသည့် မောထစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များ က ဧပြီလ ၂၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ထုတ်ပြန်သည်။ KNU တပ်မဟာ (၄) အုပ်ချုပ်နယ်မြေ မြိတ်-ထားဝယ်ခရိုင်တွင်ရှိသည့် မောထစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ စခန်းတွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဖော်ပြသည်။ ၁၉၉၇ ခုနှစ်ကတည်းက စစ်ကောင်စီတပ်၏ ခလရ (၁၉) တပ်ရင်းအခြေချခဲ့သည့် မောထစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄) တပ်ရင်း-၁၂ ၊ တပ်မဟာ (၆) တပ်ရင်း-၂၇ နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက […]

MoU သက်တမ်းကုန် မြန်မာလုပ်သားများကို ထိုင်းအစိုးရက မြန်မာသို့ပြန်ပြီး သက်တမ်းတိုးခိုင်း

Dawei Watch

April 25, 2024

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် တရားဝင်အလုပ်လုပ်ကိုင်နေပြီး သက်တမ်း လေးနှစ်ပြည့်သွားပြီဖြစ်သည့် မြန်မာအလုပ်သမား များ ယခုဧပြီလကုန် နောက်ဆုံးထားပြီး မိမိနိုင်ငံသို့ပြန်၍ သက်တမ်းတိုးရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သော ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လူငယ်များကို မဖြစ်မနေ စစ်မှုထမ်းခိုင်းနေသဖြင့် လူငယ်များ နိုင်ငံထဲက ထွက်ခွာတိမ်းရှောင်နေကြချိန် MoU အလုပ်သမားများကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ပြန်ခိုင်းနေခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသို့ တရားဝင် လာရောက်လုပ်ကိုင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်မည့် MoU အလုပ်သမားများကို ထိုင်းအစိုးရက ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ယာယီသက်တမ်းတိုး လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ယခုလကုန်တွင် ယာယီအလုပ်လုပ်ခွင့်ပြုထားသော သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နေရပ်ပြန်သက်တမ်းတိုးကြရန် ထိုင်းအစိုးရက ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသို့ […]

ချင်းမိုင်အပန်းဖြေဟိုတယ်တွင် အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်နေသော မြန်မာလုပ်သားသုံးဦး ဖမ်းဆီးခံရ

Dawei Watch

April 25, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အပန်းဖြေဟိုတယ် (Resort) တစ်ခုတွင် အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်နေသော မြန်မာအလုပ်သမားသုံးဦးကို ဧပြီလ ၂၄ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားသည်။ ဟိုတယ်ထဲသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ အလုပ်လုပ်ကိုင်နေကြသဖြင့် ထိုင်းလဝကရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းအပန်းဖြေဟိုတယ်တွင် လုပ်ခလစာ တစ်သောင်းကျော်ဖြင့် လွန်ခဲ့သော သုံးလခန့်က စတင်လုပ်ကိုင်နေကြကြောင်း မြန်မာအလုပ်သမားများက ဝန်ခံထားသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများကို တရားမဝင် ဝင်ရောက်လုပ်ကိုင်နေမှုများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ကျခံရနိုင်ပြီး နေရပ်ပြန်လည်အပို့ခံရမည်ဖြစ်ကာ ထိုင်းတွင် အလုပ်လုပ်ခွင့် ၂ နှစ်လည်း ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း […]

ပြစ်မှုကျူးလွန်ခြင်းကြောင့် MNDAA က တပ်ဖွဲ့ဝင်အချို့ကို လူထုရှေ့တွင် သေဒဏ်ချ

Dawei Watch

April 25, 2024

လောက်ကိုင်မြို့ကို ထိန်းချုပ်ပြီးနောက် ကိုးကန့်တပ် MNDAA က ပြည်သူလူထုရှေ့တွင် ၎င်းတို့ တပ်ဖွဲ့ဝင်အချို့ကို သေဒဏ်စီရင်ချက် ချလိုက်ကြောင်း MNDAA က ထုတ်ပြန်သည်။ MNDAA က ခရိုင် အတွင်းရေးမှူး၊ ဒုတပ်ရင်းမှူးနှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးကို အများပြည်သူရှေ့မှောက်တွင် ဧပြီလ ၂၄ ရက်တွင် ပြစ်ဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။ ၁၀ ဦးအနက် သုံးဦးကို သေဒဏ်ချမှတ်ပြီး ကျန်ခုနစ်ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ တရားစီရင်ရာသို့ MNDAA တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ အပါအဝင် လူတစ်သောင်းကျော် လာရောက်ကြသည်ဟုလည်း MNDAA က ထုတ်ပြန်သည်။ အာဏာအလွဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှု၊ ငွေညှစ်မှု၊ လူကုန်ကူးမှု၊ လက်အောက်ငယ်သားကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု၊ စစ်လက်နက်များကို ခိုးရောင်းမှု စသည့် […]