BREAKING
April 7, 2025

သတင်း

ONE CEO ချတ်ထရီနှင့် ဖိလစ်ပိုင်ဖိုက်တာမလေး ဘိုမိုဂေါင်တို့က ငလျင်သင့်ပြည်သူများအတွက် ဆုတောင်းပေး

Dawei Watch

March 29, 2025

ONE Championship CEO ချတ်ထရီနှင့် ဖိလစ်ပိုင်ဖိုက်တာမလေး ဘိုမိုဂေါင်တို့သည် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်းစိတ်ထိခိုက်ရကြောင်းနှင့် နှစ်သိမ့်အားပေးသည့် ဆုတောင်းစကားများ ပြောကြားပေးခဲ့ကြောင်းကို ONE Championship က ဖော်ပြထားသည်။ ONE Championship သည် ယမန်ညက ကျင်းပရန် စီစဉ်ထားခဲ့သော ONE Friday Fights 102 ပြိုင်ပွဲကြီးကိုလည်း မကျင်းပတော့ဘဲ ရွှေ့ဆိုင်းပစ်ခဲ့ပြီး မြန်မာနှင့် ထိုင်းနိုင်ငံတွင် လှုပ်ခတ်သွားခဲ့သော ငလျင်ကြောင့် ထိခိုက်နစ်နာသွားခဲ့သူများကို စာနာဖေးကူရေးမှာ ယခုအချိန်တွင် အရေးအကြီးဆုံးဖြစ်ကြောင်းလည်း ONE Championship က အသိပေးထားသည်။ ထိုင်းဝန်ကြီးချုပ် ပေထုံတန် သည် ငလျင်ဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရေးများ အရှိန်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်သူအားလုံး ပူးပေါင်းကူညီ အားဖြည့်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားပြီး အစိုးရဘက်ကလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးရန်အတွက် အချိန်မလပ် အသင့်ပြင်ထားမည်ဖြစ်ကြောင်း […]

စင်ကာပူကယ်ဆယ်ရေးအဖွဲ့ မြန်မာ့ငလျင်ဘေး ကူညီမည်

Dawei Watch

March 29, 2025

စင်္ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ၏ ဦးဆောင်မှုအောက်မှ Operation Lionheart( OLH) ဟု အမည်ပေးထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ငလျင်ဘေးသင့် မြန်မာပြည်သူများကို ကူညီရန် ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။ အဖွဲ့ဝင်ဦးရေ ၈၀ ဦး ပါဝင်သည့် အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့သည် စင်္ကာပူနိုင်ငံ ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံသို့ စတင်ထွက်ခွာလာခြင်းဖြစ်သည်။ အဆိုပါ ခရီးစဉ်တွင် ကယ်ဆယ်ရေးလုပ်ငန်းကျွမ်းကျင်သူများ၊ ဆရာဝန်များ၊ ဆေးဘက်အကူများ ၊ ရှာဖွေရေးလုပ်ငန်း အထူးကျွမ်းကျင်သူများ ၊ အန္တရာယ်ရှိပစ္စည်းများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သူများနှင့် အထူးလေ့ကျင့်ပေးထားသည့် ခွေးလေးကောင်လည်း လိုက်ပါလာမည် ဖြစ်သည်။ ၎င်းတို့နှင့်အတူ အသက်ရှင်သူရှာဖွေရေးကိရိယာများ ၊ […]

ငလျင်ကြောင့် မင်းကွန်းဒေသရှိ သမိုင်းဝင် မြသိန်းတန်စေတီနှင့် ပုထိုးတော်ကြီး ပျက်စီး

Dawei Watch

March 29, 2025

အင်အားပြင်းထန်လွန်းသော ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း မင်းကွန်းဒေသရှိ ရှေးဟောင်းသမိုင်းဝင် မြသိန်းတန်စေတီ ထိပ်ပိုင်းကျိုးကျပျက်စီးပြီး မင်းကွန်းပုထိုးတော်ကြီးလည်း ထိခိုက်ပျက်စီးကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့် ဒေသတွင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။ ယင်းအပြင် မင်းကွန်းဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ မင်းကွန်းတိနိကျောင်းခေါ် တိပိဋကနိကာယ ကျောင်းတိုက်၊ သိမ်၊ လွမ်းစေတီနှင့် သာသနိက အဆောက်အဦများ ပြိုကျ ပျက်စီးခဲ့ကြောင်း Mandalay Free Press – MFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။ လူ ကိုးဦးထက် မနည်းသေဆုံးပြီး ပြိုကျနေသည် ကျောင်းဆောင်တွေ၊ တည်းခိုခန်းတွေ၊ လူနေတိုက်တွေမှာ ပိတ်မိနေသူများ ရှိနေကြောင်း ဆိုသည်။ အင်အား ရ(ခ်)တာ စကေး ၇ဒသမ၇ အဆင့်ရှိ ငလျင်သည် စစ်ကိုင်းမြို့နှင့် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး မတ်လ ၂၈ […]

မန္တလေးမှ ထားဝယ်သို့ ပြန်လိုသည့် စာသင်သားရဟန်းများအား ကူညီပို့ဆောင်ပေးမည်

Dawei Watch

March 29, 2025

မြေငလျင်ကြောင့် ထိခိုက်မှုများရှိခဲ့သည့် မန္တလေးမြို့မှ ထားဝယ်ဒေသသို့ ပြန်ကြွလိုသည့် ထားဝယ်ဒေသခံ စာသင်သားရဟန်းများကို ထားဝယ်လမင်း ကားဂိတ်က ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ယင်းကားဂိတ်ထံမှသိရသည်။ “မန္တလေး – ထားဝယ်လမ်းကြောင်းက ညအိပ်ရမယ့် လမ်းကြောင်းလည်းဖြစ်နေတယ်။ ခရီးလည်းဝေးတယ်။ စာသင်သား သံဃာတွေ အခက်အခဲဖြစ်နေတာလည်း ကြားသိရတဲ့အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးတာပါ” ဟု မန္တလေး – ထားဝယ် ပြေးဆွဲနေသည့် ထားဝယ်လမင်း ကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောသည် ။ ထားဝယ်ပြန်မည့် စာသင်သားရဟန်းများအား ကြိုမည့် ကားသည် ယနေ့ မတ်လ ၂၉ ရက် ညနေ ၄ နာရီတွင် မစိုးရိမ်တိုက်သစ်သို့ စုရပ်အဖြစ်ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထားဝယ်ဒေသသို့ပြန်လည်ကြွရန်ဆန္ဒရှိသည့် စာသင်သားရဟန်းများအနေဖြင့် ဖုန်းနံပါတ် 09444840994 နှင့် 09788741187 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်လမင်းကားဂိတ်ထံမှ […]

မြန်မာ့ငလျင်ဘေး သေဆုံးသူ တစ်သောင်းမှ တစ်သိန်းအထိရှိနိုင်ဟု USGS ပြော

Dawei Watch

March 29, 2025

မြန်မာနိုင်ငံတွင် ငလျင်ဘေးကြောင့် မြန်မာပြည်သူ တစ်သောင်းကျော်မှ တစ်သိန်းအထိ သေဆုံးနိုင်ခြေရှိကြောင်း အမေရိကန်နိုင်ငံ၊ ဘူမိဗေဒ သုတေသနအေဂျင်စီ (USGS ) က ယနေ့ မတ်လ ၂၉ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။ သေဆုံးသူ အရေအတွက် တစ်သောင်းကျော်နိုင်သည့် ဖြစ်နိုင်ခြေမှာ ၇၁ ရာခိုင်နှုန်း ရှိပြီး သေဆုံးသူအရေအတွက် တစ်သိန်းကျော်သည့် ဖြစ်နိုင်ခြေမှာ ၃၆ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြသည်။ သေဆုံးသူအရေအတွက် တစ်သောင်းနှင့် တစ်သိန်းအကြား ရှိနိုင်သည့် ဖြစ်နိုင်ခြေမှာ ၃၅ ရာခိုင်နှုန်းရှိကြောင်း ဆိုသည်။ ငလျင်ဒဏ်ကြောင့် မြန်မာပြည်တွင်း စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှု ဒေါ်လာ ၁၀၀ ဘီလီယံထက် ကျော်လွန်နိုင်သည့် ဖြစ်နိုင်ခြေမှာ ၃၃ ရာခိုင်နှုန်းရှိကြောင်း ယင်းအေဂျင်စီ၏ အစီရင်ခံစာက ဖော်ပြသည်။ ဒေါ်လာ ၁၀ […]

ငလျင်ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ တစ်ထောင်ကျော်ရှိလာ

Dawei Watch

March 29, 2025

အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ တစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း စစ်ကောင်စီစာရင်းများအရသိရသည်။ သေဆုံးသူ ၁၀၀၂ ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးအထိ ရှိလာကာ ပျောက်ဆုံးသူမှာ ၃၀ ကျော်ရှိနေသည်။ ယင်းအပြင် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး စာရင်းအသေးစိတ်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း ဆိုသည်။ မြန်မာသို့ တရုတ်၊ ရုရှား၊ မလေးရှား၊ အိန္ဒိယ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးပစ္စည်းများ လာရောက်နေပြီး ကုလသမဂ္ဂကလည်း ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း ပြေ ဆိုထားသည်။ မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ ၇အဆင့်ရှိ အင်အားအလွန်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင် ၁၃ ကြိမ်အထိ လှုပ်ခတ်ခဲ့သည်။ အဆိုပါငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ် […]

ကျွန်းစု ဝန်တောင်ရွာတွင် တိုက်ပွဲဖြစ်ပြီး ဖုန်းတာဝါတိုင်ပျက်စီး

Dawei Watch

March 29, 2025

ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာတွင် မတ်လ ၂၆ရက်က စစ်သင်္ဘောများဖြင့် သွားလာနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဝန်တောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ Mytel ဖုန်းတာဝါတိုင် ထိမှန်ပျက်စီးသွားပြီး ရွာသားများမူ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ပင်လယ်ပြင်ရှိ စစ်‌သင်္ဘောပေါ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ကျေးရွာရှိ ပြည်သူများမှာ လှေဖြင့်ထွက်ပြေး တိမ်းရှောင်ကြသလို ဥယျာဉ်ခြံများအတွင်း ထွက်ပြေးသူများလည်းရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “တစ်ရွာလုံး ပြောင်းခိုင်းထားတယ်လို့ ပြောနေကြတယ်။ လက်နက်ကြီးပစ်တာနဲ့ လေယာဉ်ဗုံးလာကြဲမှာပဲ ကြောက်တယ်။ ရွာမှာတော့လူ မရှိကြတော့ဘူး” ဟု အဆိုပါ ၎င်းက ပြောဆိုသည်။ မတ်လ ၁၃ ရက်ကလည်း ဝန်တောင်ကျေးရွာအနီး ပင်လယ်ပြင်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း ကျွန်းစုပကဖ၏ […]

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ ကြေးနန်းတိုင်တံတားဂိတ်တွင် ကုန်ကားတစ်စီးကို စစ်ကောင်စီထပ်ဖမ်း

Dawei Watch

March 29, 2025

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်ရှိ ကြေးနန်းတိုင်တံတားစစ်ရေးဂိတ်တွင် ကုန်တင်ကားတစ်စီးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၊ ကားပိုင်ရှင်နှင့်နီးစပ်သူထံမှ သိရသည်။ မတ်လ ၂၇ရက် ညနေ ၃နာရီခန့်တွင် တနင်္သာရီမြို့နယ် ပဝရွာဘက်သို့ သွားမည့် ကုန်တင်ကားတစ်စီးကို မြိတ်မြို့နယ် အတွင်းရှိ အထက်ပါကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ကြောင်း ကားပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါကုန်တင်ကားပေါ်တွင် ပဝရွာဘက်သို့ပို့မည့် ကုန်ပစ္စည်းများတင်လာသည်ဟုဆိုကာ စစ်ဆေးပြီး ကားပေါ်ပါလာသည့် အသက် ၅၀ ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦး၊ ၃၉ နှစ်အရွယ် ကုန်ကားမောင်းသူနှင့် ၃၆ နှစ်ဝန်းကျင်အရွယ် ကားနောက်လိုက်တို့ကို ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။ အထက်ပါကုန်ကားမှာ မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ် ဇဝဲရွာအနီးဝန်းကျင်ရှိ ကျေးရွာများကို ကုန်စည်ပို့ဆောင်နေသည့် ကားဖြစ်ကြောင်း ဇဝဲရွာနေ ဒေသခံတစ်ဦးက ပြောဆိုသည်။ ”ပဝရွာဘက်ပို့ဖို့ ကုန်ပစ္စည်းတွေ တင်နေတာဆိုပြီး အဲဒီရွာက […]