BREAKING
January 20, 2025

သတင်း

ကံပေါက် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ကား ၃ စီးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က သိမ်းဆည်း

Dawei Watch

May 3, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ အခြေစိုက် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ လုပ်ငန်းသုံး ကား ၃ စီးကို ဧပြီလ ၂၅ ရက်နေ့တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက သိမ်းဆည်းသွားကြောင်း ယင်းစီမံကိန်းထံကသိရသည်။ နတ်အိမ်တောင်ဒေသရှိ ဇောတိက သဘာဝဓာတ်ငွေ့တိုင်းတာရေးစခန်းသို့ သွားရောက်စဉ် ရေး-ထားဝယ်ကားလမ်း မိုင်တိုင် ၅၂ ဘေးမှ ခွဲဝင်ရသည့် နတ်အိမ်တောင်လမ်း D2 နှင့် D3 ဧရိယာအကြားတွင် သိမ်းဆည်းခံရခြင်းဖြစ်သည်။ ‌လန်ခရူစာအမျိုးအစားကားတစ်စီး နှင့် ဖို့ဒ်အမျိုးအစားကား ၂ စီး စုစုပေါင်း ၃ စီးကို သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း ၃ ဦး နှင့် ဝန်ထမ်း ၆ ဦးကို ဖမ်းဆီးခြင်းမရှိဘဲ ကားများတွင်ပါရှိသည့် အခြားပစ္စည်းများလည်း သိမ်းဆည်းသွားခြင်းမရှိကြောင်း စီမံကိန်းဝန်ထမ်းများထံက သိရသည်။ “ပြောက်ကျားဘောင်းဘီနဲ့ အပေါ်က […]

တနင်္သာရီတိုင်းတွင် မနက်ဖြန် မိုးရွာမည်

Dawei Watch

May 2, 2024

တနင်္သာရီတိုင်းအပါအဝင် နေပြည်တော်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် စသည့် ဒေသ ၅ ခုတွင် မနက်ဖြန် မေလ ၃ ရက်၌ နေရာကွက်ကျား မိုးရွာသွန်းမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈ဝ ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။ ယင်းဒေသ ၅ ခုအပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ၊ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းတို့တွင်လည်း နေရာအနှံ့အပြားနီးပါး မိုးရွာမည်ဟု မိုးဇလကဆိုသည်။ မိုးရွာသွန်းမှုနှင့်အတူ မိုးတိမ်တောင်ဖြစ်ပေါ်ပြီးနေရာရွေ့လျားရာတစ်လျှောက်တွင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း ၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန် မိုးဇလကသတိပေးထားသည်။ ယနေ့ မေ ၂ ရက်တွင် ထားဝယ်မြို့နှင့်အနီးတဝိုက်တွင် တိမ်အသင့်အတင့်ရှိကာ မြိတ်မြို့ပတ်ဝန်းကျင်တွင်မူ မနက်ပိုင်းတွင် မိုးတိမ်ထူထပ်၍ ညနေပိုင်းတွင် […]

ကော်သူးလေတပ်က အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံးကို တာဝန်တစ်နှစ်ရပ်ဆိုင်း

Dawei Watch

May 2, 2024

ကော်သူးလေတပ်(KTLA)၏ အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံးကို တာဝန်တစ်နှစ်ရပ်ဆိုင်းကြောင်း KTLA ဗဟိုဌာနချုပ်ရုံးက ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ တပ်ရင်းမှူး ဗိုလ်စလုံးမှာ ပြည်သူလူထု၏ သဘောထားအမြင်ကို ဆန့်ကျင်ခြင်း၊ အဖွဲ့အစည်းနှင့် ခေါင်းဆောင်၏ ဂုဏ်သိက္ခာ ထိခိုက်ပျက်ပြားအောင်လုပ်ဆောင်ခြင်းကြောင့် KTLA ဗဟိုဌာနချုပ်က တာဝန်မှ ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ဧပြီလ (၈)ရက်နေ့က စစ်ကောင်စီကို ကူညီပေးသည်ဟု စွပ်စွဲချက်ဖြင့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် -DKBA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို အရေးယူပေးရန် ယင်းတပ်ဖွဲ့ တာဝန်ရှိသူက KTLA ဗဟိုထံ တင်ပြတောင်းဆိုလာသဖြင့် ဗိုလ်စလုံးကို တာဝန်က ရပ်နားလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။ ဖမ်းဆီးသတ်ဖြတ်လိုက်သည့် DKBA တပ်ဖွဲ့မှ ဗိုလ်အာနိုးမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဟောင်းဖြစ်ပြီး ယခု စစ်တပ်ကို ရိက္ခာ၊ […]

အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ်

Dawei Watch

May 2, 2024

အမျိုးသားများ ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် အလုပ်ခေါ်စာ တင်သွင်းမှုကို စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပြီဖြစ်ရာ မြန်မာနိုင်ငံသားများ ပြည်ပထွက်၍ တရားဝင်အလုပ်လုပ်ခွင့် ပိတ်သွားပြီဖြစ်သည်။ မေလ ၂ ရက်နေ့မှစ၍ အမျိုးသားများအား အလုပ်ခေါ်စာ တင်သွင်းခြင်းကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများကဆိုသည်။ မြန်မာပြည်တွင်းရှိ မည်သည့်အမျိုးသားများကိုမဆို ပြည်ပအလုပ်သမား စေလွှတ်ရန် ခွင့်ပြုပေးမည်မဟုတ်ကြောင်းကိုလည်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက သတင်းဌာနများသို့ အတည်ပြု ပြောကြားလိုက်သည်။ ယနေ့မေလ ၂ ရက်နေ့တွင် ပြည်ပအလုပ်အကိုင်အေဂျင်စီအများစုက အလုပ်ခေါ်စာ (Demand letter) အသစ်များ နေပြည်တော်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီဌာနကို တင်သွင်းရာတွင် အမျိုးသားများကို လက်မခံတော့ပဲ အမျိုးသမီးအလုပ်သမားများကိုသာ ခွင့်ပြုပေးခဲ့ကြောင်း Zin Tun Win 999 အေဂျင်စီ၏ ထိုင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။ […]

မြန်မာဘီယာ သောက်သည့် ရဲဘော်များကို တအာင်းတပ်က ကြိမ်ဒဏ်ပေး

Dawei Watch

May 2, 2024

စစ်ကောင်စီ ထုတ်ကုန်ဖြစ်သည့် မြန်မာဘီယာကို မွေးနေ့ပါတီတစ်ခုတွင် ဝယ်ယူသောက်သုံးခဲ့ကြသည့် ရဲဘော်များကို ကြိမ်ဒဏ် ၁၀ ချက်အပါအဝင် ပြစ်ဒဏ်များချမှတ်ကြောင်း တအာင်းတပ်မတော် (PSLF/TNLA) က ထုတ်ပြန်သည်။ တားမြစ်ထားသည့်ထုတ်ကုန် မြန်မာဘီယာကို သောက်သုံးခဲ့သည့် ရဲဘော်များကို ကြိမ်ဒဏ် ၁၀ ချက်၊ အလုပ်ကြမ်း တစ်လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်းတို့တွင် သန့်ရှင်းရေးလုပ်အားပေးရန် ယနေ့ မေလ ၂ရက်တွင် အမိန့်ချလိုက်ကြောင်း ဖော်ပြသည်။ သို့သော် ရဲဘော်ဦးရေကိုမူ ဖော်ပြထားခြင်း မရှိပေ။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ကျဆုံးစေရန်အတွက် ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ရန် စစ်ကောင်စီထုတ်ကုန်များအား ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ကြရန် ပိတ်ပင်ထားမြစ်ထားကြောင်း တအာင်းတပ်မတော်ထံမှ သိရသည်။ PSLF/TNLA အုပ်ချုပ်နယ်မြေ မြို့ခုနစ်မြို့နှင့် စစ်ဒေသတွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံးသည်ကို […]

တစ်ကိုယ်တော်ဆန္ဒပြသည့် သပိတ်အဖွဲ့ဝင်တစ်ဦးကို ပကဖ တပ်စုတစ်ခုက တားဆီး

Dawei Watch

May 2, 2024

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တစ်ကိုယ်တော်ဆန္ဒပြသည့် သပိတ်အဖွဲ့ဝင်တစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ လက်အောက်ရှိ တပ်စုတစ်ခုက တားဆီးခြိမ်းခြောက်ကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုရဲသည် လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မေလ ၁ ရက်က စစ်အာဏာရှင် အလိုမရှိကြောင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ (လုံခြုံရေးအရ ကျေးရွာအမည်ကို မဖော်ပြခြင်း ဖြစ်ပါသည်) ရွာထဲတွင် ဆိုင်ကယ်ဖြင့် ဆန္ဒထုတ်‌ဖော်နေချိန် ၅ မိနစ်ခန့်အကြာတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အောက်ရှိ ရွှေသောင်ယံတပ်စု (ဇုန်-၁) က တပ်ဖွဲ့ဝင်အချို့ ရောက်လာပြီး သပိတ်မထွက်ရန် တားဆီးခဲ့ကြောင်း ကိုရဲက ‌Dawei Watch ကို ပြောသည်။ “နင်ဒီလိုရွာမှာ ဆန္ဒဆက်ပြနေမယ်ဆိုရင် ဒီရွာကို (စစ်ကောင်စီတပ်က) မီးလာရှို့လိမ့်မယ်ပေါ့။ အဲဒီလိုသဘောမျိုး ပြောပြီးလာတားတာ” ဟု ၎င်းက […]

စမတ်ကတ်ရှိမှသာ ကော့သောင်း-ရနောင်း နယ်စပ်ဖြတ်ခွင့်ပေး

Dawei Watch

May 2, 2024

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရာတွင် စစ်ကောင်စီထုတ်ပေးသည့် စမတ်ကတ်ဟုခေါ်သည့် UID ကတ်ရှိမှ သာ နယ်စပ်ဖြတ်သန်းခွင့်ရတော့ကြောင်း ကော့သောင်းမြို့ခံအချို့ထံမှ သိရသည်။ မေလ ၁ ရက်နေ့မှစကာ ယင်းသို့ကန့်သတ်လိုက်ခြင်းဖြစ်ပြီး စမတ်ကတ်ရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP တွင် အထွက်တုံး ထုပေးခြင်းနှင့် TBP လက်မှတ် ထုတ်ပေးတော့ကြောင်း မြို့ခံများက ပြောသည်။ BP ဆိုသည်မှာ ၂ နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၁၄ ရက်နေထိုင်ခွင့်ရှိကာ ကော့သောင်း အိမ်ထောင်စုရှိသူများကို ထုတ်ပေးထားသည်။ TBP ဆိုသည်မှာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၇ ရက် နေထိုင်ခွင့်ရှိသည်။ အဆိုပါ TBPလက်မှတ်လုပ်ရာတွင် ယခင်က မှတ်ပုံတင်ရှိရုံဖြင့် ပြုလုပ်နိုင်သော်လည်း မေလ ၁ ရက်နေ့မှစကာ စမတ်ကတ်ရှိမှသာ ထုတ်ပေးတော့ကြောင်း […]

မောင်မယ်ရှောင် ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တပ်လာစွဲသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

Dawei Watch

May 2, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ် ယနေ့ မေလ ၂ရက် နံနက်တွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်ကညာ အခြေစိုက် စစ်ကောင်စီတပ်က စစ်ကောင်စီတပ်သားများသည် မေလ ၁ ရက်နေ့ ညနေပိုင်းတွင် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ်တွင် လာရောက်တပ်စွဲနေထိုင်ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းတပ်ကို ယနေ့ နံနက် ၆ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက စစ်ဆေးရေးဂိတ်၏ အရှေ့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မနေ့ညနေကတည်းက စစ်သားတွေက တစ်ဖက်သတ်ပစ်နေတာ။ ဒီနေ့ မနက်မှ နှစ်ဖက်ပစ်တာ” ဟု ၎င်းက ပြောသည်။ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဇဟာရွာအခြေစိုက်စစ်ကောင်စီ၏ အမြောက်တပ်ရင်းကလည်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်စစ်ကူပေးလာသည့်အတွက်ကြောင့် ဒေသခံအချို့မှာ […]