BREAKING
January 20, 2025

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

May 3, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ အမေရိကန်တွင် လာအိုနွယ်ဖွား ကင်ဆာရောဂါသည်တစ်ဦး ဒေါ်လာ ၁ ဘီလီယံကျော် ထီပေါက် အမေရိကန်ပြည်ထောင်စုမှာ Powerball ထီ ဒေါ်လာ သန်းတစ်ထောင်သုံးရာဆုကို လာအိုနိုင်ငံဖွား ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက ဆွတ်ခူးသွားပါတယ်။ စေဖန်းလို့ခေါ်တဲ့သူက လာအိုနိုင်ငံကနေ ၁၉၈၇ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာသူပါ။ သူက ၂၀၁၆ ခုနှစ်ကတည်းက ကင်ဆာရောဂါဝေဒနာကို ရှစ်နှစ်ကြာ ခံစားနေရသူလည်း ဖြစ်ပါတယ်။ ထီဆုငွေကို စပ်တူထိုးကြတဲ့ ဇနီးဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူတို့ သုံးဦး ခွဲယူကြမယ်လို့ ဆိုပါတယ်။ ထီဆုငွေကို တလုံးတည်း တခဲတည်း ယူမယ်ဆိုရင် […]

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀နိုင်ငံစာရင်းတွင် မြန်မာပါဝင်

Dawei Watch

May 3, 2024

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း နယ်စည်းမခြားသတင်းထောက်များ အဖွဲ့ (RSF) ထုတ်ပြန်သည်။ ယနေ့ မေ ၃ရက်တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် RSF က ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် အထက်ပါအတိုင်း ဖော်ပြခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံ ၁၈၀ ၏ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းကို ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံက ၁၇၁ တွင် ရှိနေခြင်းဖြစ်သည်။ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံ ၁၀ နိုင်ငံတွင် အီရီထရီးယား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ အီရန်၊ တာ့ခ်မင်နစ္စတန်၊ ဗီယက်နမ်၊ ဘာရိန်း၊ တရုတ်၊ မြန်မာတို့က အစဉ်အတိုင်း ရှိနေသည်။ သတင်းလွတ်လပ်မှု အရှိဆုံးနိုင်ငံများတွင် နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ […]

ထားဝယ်ခရိုင်တွင် ဆားအဝယ်မရှိသလောက်နီးပါးဖြစ်နေ

Dawei Watch

May 3, 2024

ထားဝယ်ခရိုင်တွင် ဆား အဝယ်မရှိသလောက်နီးပါးဖြစ်နေကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ဆားကို ချက်ပြုတ်စားသောက်ရာတွင် အသုံးပြုကြသလို ရေလုပ်ငန်း၊ ရေခဲစက်၊ ငပိ၊ ငါးခြောက် စသည့် လုပ်ငန်းအတွက် လည်း အဓိကအသုံးပြုကြပြီး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူမှု မရှိသလောက်ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။ လုပ်ငန်းများတွင် အသုံးပြုရန် မဝယ်ကြသဖြင့် ဆားများ ရောင်းမထွက်ဘဲ သောင်တင်နေကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောဆိုသည်။ ပြီးခဲ့သည့်နှစ်က ဆားပိဿာချိန် သုံးသောင်းကျော်ထွက်ရှိသော်လည်း နှစ်သောင်းကျော် ကျန်နေသေးသဖြင့် ထုတ်လုပ်မှု စရိတ်၊ အလုပ်သမားစရိတ်များ မကာမိသောကြောင့် လုပ်ငန်းရပ်ဆိုင်းထားကြောင်း သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက မီးချက်ဆားလုပ်ငန်းလုပ်ကိုင်သူ မမြင့်စန်းက ဆိုသည်။ “အခုကို တစ်သောင်းခွဲလောက် ကျန်နေသေးတယ်။ ခေါင်းရွက်ဖျပ်ထိုးသမားတွေလည်း လာမဝယ်ကြတော့ဘူးလေ။ အခုက တစ်ရွာနဲ့တစ်ရွာ ခေါင်းရွက်ဗျပ်ထိုးလည်း ရောင်းလို့လည်းမရတော့ သူတို့လည်း […]

ဂါဇာစစ်ဆန့်ကျင်ရေးလှုပ်ရှားသော အမေရိကန်တက္ကသိုလ်ကျောင်းသားများ ဖြိုခွဲခံနေရ

Dawei Watch

May 3, 2024

အစ္စရေး-ဟားမတ်စ် စစ်ပွဲရပ်တန့်ရေး စခန်းချဆန္ဒပြနေကြသော အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကျောင်းသား တက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီးမှုများ ဧပြီလနှင့် မေလအစောပိုင်းများအထိ ဆက်တိုက်လှုပ်ဆောင် နေသည်။ အစ္စရေးနှင့် စီးပွားရေးလုပ်ဆောင်နေသော အမေရိကန်တက္ကသိုလ်များ၊ ကုမ္ပဏီများ ချက်ချင်း ရပ်တန့်ပေးရန် ပါလက်စတိုင်း ထောက်ခံအားပေးသည့် အမေရိကန် တက္ကသိုလ်ကျောင်းသားများက တောင်းဆိုနေကြရာမှ နိုင်ငံတဝန်းဆန္ဒပြမှုများ ဆက်တိုက်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ နယူးယောက်ပြည်နယ်က ကိုလံဘီယာတက္ကသိုလ်ကျောင်းဝင်းအတွင်း ပြီးခဲ့သော ဧပြီလ ၁၇ ရက်နေ့မှစ၍ စာကြည့်တိုက်ရှေ့တွင် စခန်းချဆန္ဒပြမှု စတင်ခဲ့ကြသည်။ ယင်းနောက် နိုင်ငံတဝန်း မြို့များရှိ ကျောင်းဝင်းများတွင် ဆန္ဒပြမှုများ ဆက်တိုက်တိုးပွားလာခဲ့ကြသည်။ ရဲတပ်ဖွဲ့များက ကိုလံဘီယာတက္ကသိုလ်ဟောခန်းအထဲထိ ညဘက်အချိန် ပြတင်းပေါက်များကတစ်ဆင့် လှေကားများသုံး၍ ဝင်ရောက်ဖြိုခွင်းခဲ့ပြီး ကျောင်းသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကိုလံဘီယာ တက္ကသိုလ်ကဲ့သို့ပင် လော့်စ်အိန်ဂျလိန်ပြည်နယ်က ကယ်လီဖိုးနီးယားတက္ကသိုလ်တွင်လည်း ဧပြီလ ၂၅ […]

လျှပ်စစ်ဓာတ်အား ပုံမှန်မရသောကြောင့် ထားဝယ်အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်ထုတ်လုပ်မှုလျော့ကျ

Dawei Watch

May 3, 2024

ဧပြီလဆန်းပိုင်းကစပြီး ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားပုံမှန် မရရှိသောကြောင့် ထားဝယ်အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်ထုတ်လုပ်မှုမှာ ပုံမှန်ထက်လျော့ကျနေကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေး -ထားဝယ်အဖွဲ့ထံမှ သိရသည်။ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိနေသည့် အခြေအနေတွင် အာယုဒါနအဖွဲ့ရှိ စက်ကြီးတစ်လုံး၏ တစ်ရက်လျှင် အောက်ဆီဂျင် ထုတ်လုပ်မှုနှုန်းမှာ ၄၀ လီတာအိုးကြီး အလုံး ၂၀ ထက်မနည်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ဓာတ်အား ပုံမှန်မရရှိတော့သည့် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကစပြီး တစ်ရက် ထုတ်လုပ်မှုနှုန်းမှာ ၄၀ လီတာ အိုးကြီး ၅လုံး ခန့်သာ ထုတ်လုပ်ပေးနိုင်တော့ကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “မီးလာတုန်းပဲ ရသလောက်ထုတ်ပြီး ပေးနေရတယ်။ လျှပ်စစ်အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ ဆိုလာနဲ့ တွဲသုံးတယ် ဆိုတာက လျှစ်စစ်သုံးစွဲခ သက်အောင်၊ […]

မဲဆောက်တွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

May 3, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၄ ဦးကို ယမန်နေ့ (မေ ၂) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် တရားမဝင် နယ်စပ်ဖြတ်ကျော်လာပြီး ဖို့ဖရာ့ဒေသရှိ တောထဲတွင် ပုန်းခိုနေကြကြောင်း သတင်းပေးတိုင်ကြားသူရှိသဖြင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့စဉ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၅၅ ဦးဖြစ်ပြီး လမ်းပြလာသော လူ ၄ ဦးခန့်က နယ်မြေကျွမ်းကျင်မှုအရ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံသား အားလုံးတွင် နယ်စပ်ဖြတ်ကျော်လက်မှတ်များ မတွေ့ရကြောင်းနှင့် အားလုံးသည် ဘန်ကောက်နှင့် အခြားခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ပွဲစားများကို ဘတ် ၂၅၀၀၀ မှ […]

ထားဝယ်တွင် အလှည့်ကျ လျှပ်စစ်ဓာတ်အားပေးရန် ထုတ်ပြန်ထားသော်လည်း သတ်မှတ်ချိန်အတိုင်း ပေးနိုင်ခြင်းမရှိ

Dawei Watch

May 3, 2024

စက်ချို့ယွင်းနေသဖြင့် လျှပ်စစ်ဓာတ်အားမလုံလောက်သည့်အတွက် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးမည်ဟု ကုမ္ပဏီက အချိန်ဇယားထုတ်ပြန်ထားသော်လည်း သတ်မှတ်အချိန်တိုင်း ဓာတ်အားမပေးနိုင်သဖြင့် လျှပ်စစ်ကုမ္ပဏီမှာ ဝေဖန်ခံနေရသည်။ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီ Petrol & Trans သည် ဓာတ်အားအလှည့်ကျပေးမည့်အချိန်ဇယားကို နှစ်ကြိမ်တိတိ ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ ပထမအကြိမ်တွင် အုပ်စု A နှင့် အုပ်စု B ဟု နှစ်အုပ်စုခွဲပြီး အုပ်စုတစ်အား ၆ နာရီအကြာ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် ကြေညာထားသည့်အတိုင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်းမရှိပေ။ ယင်းနောက် ဒုတိယအကြိမ် အလှည့်ကျဓာတ်အားပေးမည့်ဇယားကို ထပ်မံထုတ်ပြန်လာပြန်သည်။ ဒုတိယအကြိမ်တွင်မူ A၊ B၊ C ဟု အုပ်စု သုံးစုခွဲလိုက်ပြီး တစ်အုပ်စုလျှင် ၄ နာရီအကြာ ဖြန့်ဖြူးပေးမည်ဟု ပြင်ဆင်လိုက်သည်။ သို့သော်လည်း ထိုပြင်ဆင်သည့်အတိုင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်းမရှိပြန်ကြောင်း […]

တနင်္သာရီ-ဘုတ်ပြင်းနယ်စပ် 1020 တောင်တွင် လေးရက်ဆက် တိုက်ပွဲပြင်းထန်

Dawei Watch

May 3, 2024

တနင်္သာရီ-ဘုတ်ပြင်းမြို့နယ် အစပ်ရှိ 1020 (ဝမ်းဇီးရိုးတူးဇီးရိုး)တောင်တွင် စစ်ကောင်စီတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ ဧပြီလ ၃၀ ရက်မှစတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။ ယနေ့ (မေ ၃)မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲဆက်ဖြစ်နေပြီး မနေ့က မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းပေါ်ရှိ ဝမ်းဇီးရိုးတူးဇီးရိုးတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို Black Cobra စစ်ကြောင်းက တိုက်ခိုက်နေခြင်းဖြစ်သည်။ Black Cobra စစ်ကြောင်းတွင် KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်) တပ်ရင်း ၁၁၊ KTLA (ကော်သူးလေတပ်) နှင့် PDF တပ်ဖွဲ့ဝင်များပါဝင်သည်။ ဘုတ်ပြင်းမြို့နယ်မှ ဝမ်းဇီးရိုးတူးဇီးရိုးတောင်တိုက်ပွဲကို စစ်ကူလာသည့် စစ်ကောင်စီတပ်ကို လမ်းဖိုးကမ်းရွာအနီးတွင် Black Cobra စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ရရှိခဲ့သည်ဟု […]