BREAKING
February 24, 2025

သတင်း

သရက်ချောင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ကင်းရှေ့ရွာက နေအိမ်အချို့ကိုမီးရှို့

Dawei Watch

February 3, 2025

ထားဝယ်-မြိတ်သွား ကားလမ်းပေါ်က ရွှေဂူတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်သိမ်းယူခံရပြီးနောက် စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ကင်းရှေ့ရွာတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က နေအိမ်အချို့ မီးရှို့ဖျက်ဆီးကြောင်း ရွာသားအချို့နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဖေ‌ဖော်ဝါရီလ ၂ရက် ညနေ ၃နာရီခန့်တွင် ရောင်းမော်ရွာမှ ကင်းရှေ့ရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့က အိမ်နှစ်လုံး မီးရှို့ခံရတယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့လည်း ထွက်ပြေးတိမ်းရှောင်နေရတာဆိုတော့ အိမ်နှစ်လုံးမီးရှို့ခံရတယ်လို့ပဲ ကြားရတယ်။ (အရေအတွက်) အတိအကျ မပြောနိုင်သေးဘူး” ဟု ကင်းရှေ့ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဇန်နဝါရီလ ၂၉ရက်ညတွင် တိုက်ခိုက်သိမ်းယူ မီးရှို့ ဖျက်ဆီးခဲ့သည်။ ယင်းနောက် နောက်တစ်ရက် ဇန်နဝါရီလ ၃၀ရက် […]

ထားဝယ်တက္ကသိုလ်တွင် ဘွဲ့ယူသူ နှစ်ရာနီးပါးသာရှိ

Dawei Watch

February 3, 2025

ထားဝယ်တက္ကသိုလ်တွင် ဖေဖော်ဝါရီလ ၂ရက်က ၂၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပခဲ့ပြီး ဘွဲ့ယူသူ နှစ်ရာနီးပါးရှိကြောင်း ဘွဲ့တက်ရောက်ယူခဲ့သူများထံမှ သိရသည်။ နေ့သင်တန်း ဘွဲ့ယူသူ ၆၄ ဦးနှင့် အဝေးသင်ဘွဲ့ယူသူ ၁၂၇ ဦး စုစုပေါင်း ၁၉၁ဦး ရှိကြောင်း ၎င်းတို့က ပြောသည်။ နေ့သင်တန်းဘွဲ့နှင်းသဘင်ကို နံနက်ပိုင်းတွင် ကျင်းပပြီး အဝေးသင်ဘွဲ့နှင်းသဘင်ကို နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။ “ကျွန်မတို့ မေဂျာမှာ မဟာဘွဲ့ နှစ်ယောက်၊ ဂုဏ်ထူးတန်းတစ်ယောက်၊ ရိုးရိုးဘွဲ့က လေးယောက် အားလုံး ခုနစ်ယောက် ဘွဲ့ယူတယ်။ ဘွဲ့နှင်းသဘင်မှာလည်း အေးအေးဆေးဆေးပါပဲ။ ကျောင်းထဲမှာ လုံခြုံရေးချထားတာမျိုးတွေ မတွေ့ခဲ့ရဘူး” ဟု ဝိဇ္ဇာဘွဲ့ယူခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။ ယခုနှစ် ထားဝယ်တက္ကသိုလ်တွင် ဘွဲ့ယူသည့် နေ့သင်တန်းနှင့် အဝေးသင်ကျောင်းသားဦးရေသည် ပြီးခဲ့သည့်နှစ်ကထက် လျော့နည်းခဲ့သည်။ ပြီးခဲ့သည့်နှစ်က […]

မြန်မာသုံးရာနီးပါး စင်ကာပူနိုင်ငံသားအဖြစ်ပြောင်းလဲခံယူ

Dawei Watch

February 3, 2025

မြန်မာနိုင်ငံသား သုံးရာနီးပါး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ယနေ့ ဖေဖော်ဝါရီလ ၃ရက် ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံသား ၂၇၈ ဦးသည် ၂၀၂၄ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားအဖြစ်သို့ မိမိသဘောဆန္ဒအလျောက်ပြောင်းလဲခံယူခဲ့ပြီး မြန်မာနိုင်ငံသား စိစစ်ရေးကတ် (မှတ်ပုံတင်) မူရင်းကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အပ်နှံခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ အပ်နှံခဲ့သူများသည် မြန်မာသံရုံးထောက်ခံစာကို ဖေဖော်ဝါရီလ ၂၈ရက် မတိုင်မီ လာရောက်ထုတ်ယူကြရန် အမည်စာရင်းဖြင့် ပူးတွဲထုတ်ပြန်ထားသည်။ ယင်းသို့ လာရောက်ထုတ်ယူစဉ် နိုင်ငံကူးလက်မှတ် မူရင်းတို့ကို တစ်ပါတည်း ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားအဖြစ် စွန့်လွှတ်လိုသူများသည် အထောက်အထားအပြည့်အစုံဖြင့် လျှောက်ထားရန် လိုအပ်ကြောင်း လုပ်ငန်းစဉ်အသေးစိတ်နှင့်ပတ်သက်၍ မြန်မာသံရုံးက ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သေးသည်။ စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် […]

တနင်္သာရီတွင် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် လမ်းကင်းကို တိုက်ခိုက်

Dawei Watch

February 2, 2025

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်အတွင်း စစ်ကောင်စီတပ်ယာဉ်တန်းနှင့် လမ်းကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ကား ၆ စီးပါသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဘန်းလမွတ်ကျေးရွာအနီးရှိ ၄၄၃ တံတားအနီး မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်ခဲ့သည့် တောဗုံးကြီးတပ်ဖွဲ့ဝင်များကဆိုသည်။ အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဇဝဲရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၅၆ တပ်ရင်း မှ ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ထွက်လာခြင်းဖြစ်သည်။ “မိုင်းတွေက အများကြီးထောင်ထားတာ သုံးလုံးကွဲတယ်။(ကား) နှစ်စီးထိခိုက်တယ်။ မိုင်းဆွဲလိုက်တာ ယာဉ်တန်းက မနားဘဲ တန်းမောင်းသွားတယ်” ဟု တိုက်ခိုက်ရာတွင်ပါဝင်သည့် တောဗုံးကြီးတပ်ဖွဲ့မှ ဗိုလ်ကြည်က ပြောသည်။ ယင်းအပြင် စစ်ကောင်စီတပ် […]

တနင်္သာရီတိုင်းတွင် ဘိလပ်မြေ ဝယ်ယူရခက်ခဲ

Dawei Watch

February 2, 2025

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရိုင်သုံးခုစလုံးတွင် ယခုနှစ်ဆန်းမှစ၍ ဘိလပ်မြေအိတ်များ ပစ္စည်းပြတ်နေပြီး လိုသလောက်ဝယ်မရဖြစ်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည် ။ ထားဝယ်မြို့ပေါ်နှင့် ခရိုင်အတွင်းရှိ ကျေးရွာများတွင် ဇန်နဝါရီလ တတိယပတ်အတွင်း ဘိလပ်မြေ ပြတ်သွားခဲ့ပြီး ယခုနောက်ဆုံးအပတ်တွင်မူ ဘိလပ်မြေ ပြန်ဝင်လာ၍ ခွဲတမ်းဖြင့် ရောင်းချပေးနေသည်ဟု အိမ်ဆောက်ပစ္စည်းရောင်းသည့် ဆိုင်ပိုင်ရှင်များကဆိုသည် ။ “ဆယ်အိတ်လာဝယ်ရင် ငါးအိတ်ရောင်းပေးတယ် ခွဲတမ်းနဲ့ပေါ့။ ဘိလပ်မြေက ယိုးဒယားဘက်ကလာတဲ့ ဆင်တံဆိပ်ဘိလပ်မြေတွေတော့ မရဘူး။ ပြည်တွင်းထဲက ကြံ့တံဆိပ်တွေရတယ်။ ပစ္စည်းပြတ်နေတော့ စျေးလည်းတက်နေတယ်” ဟု ထားဝယ်မြို့ပေါ်က အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ရှင်တစ်ဦးကပြောသည် ။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဘိလပ်မြေတစ်အိတ် ကျပ်နှစ်သောင်းဝန်းကျင် စျေးရှိခဲ့ရာမှ ယခုဇန်နဝါရီလအတွင်း ကျပ်သုံးသောင်းကျော်အထိ စျေးခုန်တက်သွားကြောင်း ၎င်းကပြောဆိုသည် ။ သယ်ယူပို့ဆောင်ရသည့် စရိတ်နှင့် တင်သွင်းသည့်လမ်းကြောင်း […]

ရေးမြို့မရဲစခန်း အချုပ်သား ပစ်ခတ်မှု ဒုရဲအုပ်အပါ ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံး

Dawei Watch

February 2, 2025

မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းတွင် အချုပ်သားများ သေနတ်လု ပစ်ခတ်ခဲ့သည့်အတွက် ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ မြို့မရဲစခန်းမှူးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။ ရေးမြို့၊ ရေးမြို့မရဲစခန်းရှိ အချုပ်ခန်းအတွင်း ရဲတပ်ဖွဲ့ဝင်တို့က ဖေဖေါ်ဝါရီလ ၁ ရက် နံနက် ၉ နာရီခန့် ထမင်းပို့ချိန်တွင် အချုပ်သားအချို့တို့က ရဲတပ်ဖွဲ့ထံမှ လက်နက်လု ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်မှုအတွင်း ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ သုံးဦး အချုပ်ခန်းအတွင်း၌ပင်သေဆုံးခဲ့သည်။ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးလည်း ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ရေးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ အချုပ်သားအချို့ ထိခိုက်သေဆုံးမှုရှိသည့်အပြင် အချုပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း မြို့ခံ အချို့ထံမှ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

February 2, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ မြန်မာပြည်သူ ၁၅သန်း အငတ်ဘေးဆိုက်နိုင်တယ်လို့ WFP ပြော မြန်မာနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုဟာစိုးရိမ်စရာအခြေအနေဖြစ်နေပြီး ၂၀၂၅မှာဆိုရင် ပြည်သူ ၁၅သန်းဟာ ငတ်မွတ်ခေါင်း ပါးမှုဘေးနဲ့ကြုံရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဇန်နဝါရီလ ၂၉ရက်မှာ ထုတ်ပြန်သတိပေးပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြည်သူ ၁၃ဒသမ ၃သန်းဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ကြုံခဲ့ရပြီး အခုနှစ်မှာတော့ ၁၅သန်းအထိရှိလာမယ်လို့ ခန့်မှန်းထားတာပါ။ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ အထူးသဖြင့် ချင်း၊ ကချင်၊ ရခိုင်နဲ့ စစ်ကိုင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ စားနပ်ရိက္ခာမလုံလောက်မှု အမြင့်ဆုံးကြုံရမယ်လို့ ဆိုပါတယ်။ လူသန်း ၂၀ တစ်နည်းအားဖြင့် […]

ရောင်းမော်ရွာတွင် နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

February 2, 2025

ထားဝယ်-သရက်ချောင်း ကားလမ်းပေါ်ရှိ ရွှေဂူတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ရောင်းမော်ရွာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို ဒူရကစစ်ကြောင်းနှင့်ပူးပေါင်းတော်လှန်ရေးတပ်များက ဇန်နဝါရီလ ၂၉ရက်ညတွင် တိုက်ခိုက်သိမ်းယူ မီးရှို့ဖျက်ဆီးခဲ့သည်။ ပူးပေါင်းတပ်များပြန်ဆုတ်ခွာသွားပြီးနောက် ဇန်နဝါရီလ ၃၀ ရက် နံနက်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားတစ်ရာကျော်သည် တံတားနှင့်အနီးဝန်းကျင် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်။ ဇန်နဝါရီလ ၃၀ရက်တွင်ပင် ရောင်းမော်ရွာသို့ စစ်ကြောင်းရောက်ရှိကာ နေအိမ်များကို စတင်မီးရှို့ခြင်းဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက်အထိ သုံးရက်ဆက် မီးရှို့ခံနေရဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ အိမ် ၁၀လုံးခန့် မီးရှို့ခံထားရပြီဟု ဒေသခံများက ခန့်မှန်းကြပြီး စစ်ကြောင်းရှိနေဆဲဖြစ်သောကြောင့် သွားရောက် ကြည့်ရှုနိုင်ခြင်း မရှိသောကြောင့် အိမ်အရေအတွက် အတိအကျကိုမူ မသိရသေးကြောင်း ၎င်းတို့က […]