BREAKING
January 20, 2025

သတင်း

ထားဝယ်တွင် လျှပ်စစ်မီး တစ်ရက် အနည်းဆုံး ကိုးနာရီကြာ အလှည့်ကျပေးတော့မည်ဟု လျှပ်စစ်ကုမ္ပဏီဆိုပြန်

Dawei Watch

May 13, 2024

ထားဝယ်ခရိုင်တွင် မီးစက်နှစ်လုံး ပြုပြင်ပြီးဖြစ်သောကြောင့် တစ်ရက်လျှင် အနည်းဆုံး ၉နာရီမှ အများဆုံး ၁၅ နာရီအထိ အလှည့်ကျ မီးပေးတော့မည်ဖြစ်ကြောင်း လျှပ်စစ်ဖြန့်ဖြူးခွင့်ရထားသည့် Petro & Trans ပုဂ္ဂလိက ကုမ္ပဏီက ထုတ်ပြန်သည်။ ထားဝယ်ခရိုင်အတွင်း အလှည့်ကျဓာတ်အားပေးမည့် အချိန်ဇယားကို အဆိုပါကုမ္ပဏီက ယနေ့ မေလ ၁၃ ရက်တွင် ပြင်ဆင်ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခြင်းဖြစ်သည်။ ယခုအကြိမ်မှာ တတိယအကြိမ်ပြင်ဆင်ထုတ်ပြန်ခြင်းဖြစ်သည်။ ပထမအကြိမ်တွင် အုပ်စု A နှင့် အုပ်စု B ဟု နှစ်အုပ်စုခွဲပြီး အုပ်စုတစ်အား ၆ နာရီအကြာ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းနောက် ဒုတိယအကြိမ် ပြန်ပြင်ဆင်ခဲ့ပြီး A၊ B၊ C ဟု အုပ်စု သုံးစုခွဲပြီး တစ်အုပ်စုလျှင် ၄ […]

အယုဒ္ဓယတွင် တရားမဝင် ဝင်လာသည့် မြန်မာ ၂၀ ကျော်ဖမ်းဆီးခံရ

Dawei Watch

May 13, 2024

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၅ ဦးနှင့် ၎င်းတို့ကို ဗန်ကားဖြင့် ခေါ်ဆောင်လာသော မြန်မာနှစ်ဦးတို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အယုဒ္ဓယခရိုင်ရှိ အမြန်လမ်းမတွင် ယနေ့ မေလ ၁၃ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့များ ဂိတ်ချစစ်ဆေးနေစဉ် ဗန်ကား တစ်စီးသည် အရှိန်ဖြင့်မောင်းနှင်လာပြီး ပုံမှန်အလေးချိန်ထက် များနေသဖြင့် မသင်္ကာ၍ တားဆီးစစ်ဆေးရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။ ကားကို အသက် ၂၆ နှစ်အရွယ် ကိုသိန်းမင်းထက်ဆိုသူ မောင်းနှင်လာပြီး ဘေးခုံတွင် ကိုမိုးမြင့်အောင်ဆိုသူက လိုက်ပါလာကာ ၎င်းတို့နှစ်ဦးတွင် နိုင်ငံကူးလက်မှတ်ရှိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဗန်ကားထဲတွင် ထိုင်ခုံများကို ဖြုတ်၍ ကားကို ပြုပြင်ထားပြီး ဘေးတွင် အဖြူရောင်ပိုင်းများဖြင့်ကာထားကာ အထဲတွင် မြန်မာနိုင်ငံသား […]

ထားဝယ်အိမ်ရှေ့ ပြင်ဂိတ်အနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ မြို့ဝင်ထွက်ဂိတ်များပိတ်ထား

Dawei Watch

May 13, 2024

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်တွင် ယနေ့ မေလ ၁၃ ရက် နေ့လယ်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး မြို့အဝင်အထွက် ဂိတ်များကို ပိတ်ထားကြောင်း မြို့ခံများက ပြောသည်။ ရန်ကုန်-ထားဝယ် ကာလမ်းပေါ်ရှိ အိမ်ရှေ့ပြင်ဂိတ်ကို ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က စတင်ပစ်ခတ်တိုက်ခိုက်ရမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော်ကြာ ဖြစ်ပွားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “နှစ်ဖက် ပစ်တယ်။ အရပ်သားတွေလည်း ထိထားတယ်၊ ဆိုးဆိုးရွားရွားပဲ” ဟု ၎င်းက ပြောသည်။ အဆိုပါပစ်ခတ်မှုကြောင့် ဂိတ်အနီးရှိ အရပ်သားနှစ်ဦးထက်မနည်း ထိမှန်ဒဏ်ရာရထားကြောင်း မြို့ခံအချို့က ဆိုသည်။ “လောလောဆယ်ဒီမှာ အသုဘပို့ယာဉ်တန်းတွေပါ ပိတ်မိနေတယ်” ဟု အခြားမြို့ခံတစ်ဦးကလည်း ပြောဆိုသည်။ ယင်းအပြင် အိမ်ရှေ့ပြင်ဂိတ်မှာ ခုနစ်မိုင်ခန့်ဝေးသည့် မောင်မယ်ရှောင်ရွာတွင်လည်း လက်နက်ကြီး […]

ဘန်ကောက် အဟောင်းဆိုင်တွင် ပေါက်ကွဲမှုကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံး

Dawei Watch

May 13, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဟောင်းဆိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် လေအေးပိုက်များကို ဖြတ်တောက်နေစဉ်ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်က ဖတ်ခနုံနယ်မြေတွင် မေလ ၁၂ ရက် နေ့လယ်ပိုင်းက လေအေးပေးစက်များတွင် သုံးသော လေအေးပိုက် များကို ဓါတ်ငွေ့သုံး ဖြတ်တောက်နေရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသည်။ သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ် စောဝါးမားထူး အမည်ရှိ မြန်မာအလုပ်သမားဖြစ်သည်။ ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားသည် လက်တစ်ဖက်ပြတ်ထွက်၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး မျက်နှာနှင့် ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ ကယ်ဆယ်ရေးအဖွဲ့များက ချူလာလောင်ကွန်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဓါတ်ငွေ့သုံး၍ လေအေးပိုက်များကို ဖြတ်တောက်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းကို ကြည့်၍ ဆိုင်ရှင်ဖြစ်သူက ရဲတပ်ဖွဲ့ထံသို့ […]

ထားဝယ်မြို့ပေါ် ကင်းလှည့်နေသည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

Dawei Watch

May 13, 2024

ထားဝယ်မြို့ ပေါ် ၌ မေလ ၁၂ ရက်ည သန်းခေါင်ယံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့် နေစဉ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်၊ သဲကွင်းအနီး၊ ကမ်းနားလမ်း၌ ည‌ ၁၁ နာရီကျော်‌တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပေါက်ကွဲသံတစ်ချက် ကြားရပြီးနောက် ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း မြို့ခံတို့က ဆိုသည်။ “ပေါက်ကွဲသံကြားပြီးတာနဲ့ သေနတ်ပစ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာပဲ” ဟု မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။ စစ်ကောင်စီ ကင်းလှည့်နေသည့် ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များထံမှစုံစမ်းသိရှိရသည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။ “မိုင်းဆွဲခံရတဲ့ ကားက သုံးယောက်သေတယ်လို့ ကြားရတယ်။ ထုတ်ပြန်လိမ့်မယ်ထင်တယ်” ဟု ၎င်းက […]

နှစ် ၉၀ နီးပါးရှိလာသည့် မြိတ်မြို့၊ ထားဝယ်စုမီးသတ်တပ်ဖွဲ့ သက်တမ်းရှည်ဆုရရှိ

Dawei Watch

May 12, 2024

မြိတ်မြို့၊ ထားဝယ်စုမီးသတ်တပ်ဖွဲ့သည် ပြီးခဲ့သည့် မေလ ၅ ရက်က ကျရောက်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် သက်တမ်းရှည်ဂုဏ်ပြုအရန်မီးသတ်တပ်ဖွဲ့ဆုရရှိခဲ့ကြောင်း ယင်းမီးသတ်တပ်ဖွဲ့ထံက သိရသည်။ ယင်းမီးသတ်တပ်ဖွဲ့သည် လွတ်လပ်ရေးမရမီ ၁၉၃၅ ခုနှစ်ကတည်းက ယနေ့အထိ မီးသတ်လုပ်ငန်းများနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး သက်တမ်းအားဖြင့် နှစ် ၉ဝ ပြည့်တော့မည်ဖြစ်သည်။ မြိတ်မြို့ ထားဝယ်စု မီးသတ်ကဲ့သို့ ၁၉၃ဝ ခုနှစ်က စတင်ခဲ့သည့် မကွေးတိုင်း ၊ အောင်လံမြို့ အရန်မီးသတ်တပ်ဖွဲ့ နှင့် ၁၉၃၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည် ရန်ကုန်တိုင်း ၊ ဥက္ကံမြို့ အရန်မီးသတ်တပ်ဖွဲ့တို့လည်း သက်တမ်းရှည်ဂုဏ်ပြု အရန်မီးသတ်တပ်ဖွဲ့ဆုများရရှိခဲ့ကြသည်။ ဂုဏ်ပြုဆုရရှိသည့် အရန်မီးသတ်တပ်ဖွဲ့များကို မေလ ၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ၇၈ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် ဂုဏ်ပြုဒိုင်းဆုတံဆိပ်၊ မှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

May 11, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေလ ၅ ရက်မှ ၁၁ ရက်နေ့အထိ နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိလာပြီ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂက မေလ ၃ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီထဲက ၂ ဒသမ ၇ သန်းကျော်ဟာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ ပြင်းထန်တဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဖြစ်ပါတယ်။ အဲဒီထဲက သုံးပုံတစ်ပုံကတော့ ပညာဆက်လက်မသင်ကြားရတဲ့ ကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်သုံးသိန်းကျော်ကတော့ အာဏာမသိမ်းခင်ကပင် ရှိနေတာလို့ ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ သိသိသာသာ မြင့်တက်သွားတယ်လို့ ဖော်ပြပါတယ်။ စစ်ဘေးရှောင်တွေဟာ ချင်း၊ မကွေး၊ စစ်ကိုင်းမှာ ၁ဒသမ၅သန်းနဲ့ […]

စစ်ကောင်စီထံ လေယာဉ်ဆီမရောင်းရန် လောင်းလုံးနှင့် သရက်ချောင်းတွင် ဆန္ဒပြ တောင်းဆို

Dawei Watch

May 11, 2024

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နှင့် သရက်ချောင်းမြို့နယ်တို့တွင် ယနေ့ မေလ ၁၁ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ ပြုလုပ်ကြသည်။ အဆိုပါလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီနှင့် သရက်ချောင်မြို့နယ် သပိတ်ကော်မတီတို့က ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ စစ်ကောင်စီထံ လေယာဉ်ဆီ‌ရောင်းချနေမှုကို အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂတို့က ပိတ်ပင်တားဆီးပေးရန် တောင်းဆိုဆန္ဒပြကြခြင်းဖြစ်သည်။ “USA, UK, EU_ Ban The Export of jet fuel to Myanmar”၊ “USA၊ UK၊ EU _ မြန်မာနိုင်ငံသို့ လေယဉ်ဆီတင်ပို့မှုကို တားဆီးပိတ်ပင်ပါ” ကြွေးကြော်သံဖြင့် တောင်းဆိုခဲ့ကြသည်။ မေလ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်များတွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် […]