BREAKING
January 19, 2025

သတင်း

ဘူးသီးတောင်မြို့ကို သိမ်းယူလိုက်ပြီဟု AA ထုတ်ပြန်

Dawei Watch

May 18, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီတပ် ဗျူဟာဌာနချုပ် အပါအဝင် တပ်စခန်းအားလုံးကို ယနေ့ မေလ ၁၈ ရက် မွန်းတည့်ပိုင်းတွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် – စကခ (၁၅) နဲ့ လက်အောက်ခံ တပ်ရင်းလေးခုကို ဧပြီလကုန်နဲ့ မေလဆန်းပိုင်းမှာ AA က သိမ်းယူခဲ့သည်။ ယင်းနောက် ကျန်ရှိသည့် ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် လက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို ယနေ့ သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မေလ ၁၃ ရက်တွင် နခခ (၃) ၊ မေလ ၁၄ရက်တွင် ခြေမြန်တပ်ရင်း ခမရ […]

KNU တပ်မဟာ ၄ တပ်ရင်း ၁၀ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော်နှင့် ရဲဘော်နှစ်ဦးသေဆုံး

Dawei Watch

May 18, 2024

KNU တပ်မဟာ (၄) KNLA တပ်ရင်း (၁၀) က ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော်နှင့် ရဲဘော်နှစ်ဦး မေလ ၁၇ ရက် နံနက်ပိုင်းက ထားဝယ်အရှေ့တောဒေသတွင် သေဆုံးကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ကျောက်မဲတောင်စခန်းအနီး လမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်စစ်ကြောင်း တက်လာမည့် လမ်းကြောင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် လက်နက်ကြီးကျည် မတော်တဆပေါက်ကွဲမှုကြောင့် ဒုတပ်ရင်းမှူး သေဆုံးခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။ “တက်လာမယ့် ရန်သူစစ်ကြောင်းကို ဖြတ်တောက်ရန်အတွက် လက်နက်ကြီးကျည်ကိုထောင်တဲ့အချိန် မတော်တဆ ပေါက်ကွဲတယ်။ ပေါက်ပြီးတော့သူလည်းထိတယ်။ သူလည်းဆုံးတယ်၊ သူ့တပည့်နှစ်ယောက်လည်း ဆုံးတယ်” ဟု ၎င်းက ပြောသည်။ ဗိုလ်မှူးလားထော်နှင့်အတူ သေဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ ရာထူးနှင့် အမည်အသေးစိတ်ကို မသိရသေးကြောင်း […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

May 17, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ အင်ဒိုနီးရှား ရေကြီးမှုကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံး အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း မီးတောင်ပေါက်ကွဲတဲ့ဒေသမှာ မိုးကြီးပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆၇ ဦးအထိ သေဆုံးခဲ့ပါတယ်။ ရေကြီးမှုနဲ့အတူ အေးခဲနေတဲ့ ချော်ရည်တွေပါ စီးဆင်းလာခဲ့တာပါ။ ဒါကြောင့် လူ ၂၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ မေလ ၁၁ ရက်နေ့ညက နာရီပေါင်းများစွာ မိုးတွေအဆက်မပြတ် ရွာသွန်းလို့ Marapi မီးတောင်ကနေ ချော်ရည်အအေးတွေ စီးဆင်းခဲ့တာပြီး ဂျာဗားကျွန်းအနောက်ပိုင်းက ရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ခဲ့တာပါ။ […]

ထားဝယ်တွင် မီးပျက်များသဖြင့် ညဘက် ဟိုတယ်အိပ်သူများလာ

Dawei Watch

May 17, 2024

ရာသီဥတု ပူပြင်းနေချိန် လျှပ်စစ်မီး ပြတ်တောက်မှုများလာသဖြင့် ထားဝယ်မြို့ခံများ ဟိုတယ်၌ အခန်းငှား အိပ်သူများလာကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်ခရိုင်တွင် ဧပြီလဆန်းမှစတင်ကာ လျှပ်စစ်မီး နာရီအနည်းသာရရှိကာ ပြတ်တောက်မှုများနေခြင်းဖြစ်သည်။ ယင်းသို့အခြေအနေတွင် ညနေ ၆ နာရီမှ နံနက် ၈ နာရီအထိ အဲယားကွန်းဖြင့် ညအိပ်နိုင်သော အခန်းငှားဝန်ဆောင်မှုကို ထားဝယ်မြို့အရှိ ဟိုတယ်အချို့က ကြေညာလာခဲ့သည်။ ကိုယ်ပိုင်မီးစက်မောင်းပြီး အဆိုပါဝန်ဆောင်မှုကို ပေးနေခြင်းဖြစ်သည်။ အများဆုံးငှားရသည်မှာ ၂ ယောက်အိပ်၊ ၃ ယောက်အိပ်အခန်းများနှင့် မိသားစုအခန်းများ ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ဟိုတယ်မန်နေဂျာတစ်ဦးက ဆိုသည်။ “အခြားသူတွေကို ငှားနေရတာမဟုတ်ဘူး။ ကိုယ့်မြို့ထဲက လူတွေကိုပဲ ငှားနေရတာ။ အခုက မီးပျက်နေချိန်ဆိုတော့လေ” ဟု ၎င်းက ပြောသည်။ ကြိုတင်အော်ဒါမှာယူသူ အနည်းစုရှိပြီး အများစုမှာ ညနေ ၆ […]

ထိုင်းနိုင်ငံရေးအကျဉ်းသူသေဆုံးပြီးနောက် ထိုင်းအစိုးရအပေါ် ဝေဖန်မှု စုပြုံအုံကျ

Dawei Watch

May 17, 2024

ထိုင်းနိုင်ငံက လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံရေးအကျဉ်းသူ Netiporn Sanesangkhom ရဲ့ သေဆုံးမှုအတွက် အစိုးရဘက်ကနေ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ လျင်လျင်မြန်မြန် စုံစမ်းစစ်ဆေးပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ မေလ ၁၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ထိုင်းဘာသာစကားနဲ့ “ကောင်းကင်အနှံ့”လို့ အဓိပ္ပါယ်ရတဲ့ Thalufah လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖွဲ့က အစိုးရအဖွဲ့ရုံး ဟစ်တိုင်ဌာနကနေတစ်ဆင့် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ တောင်းဆိုချက်ထဲမှာ Netiporn သေဆုံးမှုကို ပွင့်လင်းမြင်သာမြန်ဆန်စွာ စုံစမ်းစစ်ဆေးပေးရေး ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ ရေးဆွဲနေဆဲ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေအတည်မပြုရသေးခင် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထောင်ချမှုတွေ ဆိုင်းငံ့ပေးရေး၊ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို အမြန်ဆုံးနည်းနဲ့ အပြီးသတ်ရေးဆွဲပြဌာန်းပေးရေးတို့ ပါဝင်ပါတယ်။ ဒါပေမယ့် ထိုင်းပါလီမန်အမတ်တွေဘက်ကတော့ လက်ရှိရေးဆွဲနေဆဲ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေထဲမှာ Lese-majeste law လို့ လူသိများတဲ့ ထိုင်းဘုရင်စနစ်ကို ဝေဖန်ထောက်ပြတာမျိုး လုပ်လို့မရအောင် […]

ရေဖြူ တောင်ရင်းအင်းရွာတွင် အမျိုးသားတစ်ဦးပျောက်ဆုံး

Dawei Watch

May 17, 2024

ရေဖြူမြို့နယ်၊ တောင်ရင်းအင်းရွာတွင် မေလ ၁၅ ရက်ညက အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း ရွာသားများက ပြောသည်။ ပျောက်ဆုံးနေသူမှာ ဖားချောင်းကျေးရွာအုပ်စု၊ တောင်ရင်းအင်းရွာ အမှတ် ၃ ရပ်ကွက်က ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူ ဦးဆန်းဝင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ညဘက်ကြီးပျောက်သွားတာ။ ‌အဖွဲ့တစ်ခုခုက ဖမ်းသွားတာမျိုး ဟုတ်မဟုတ်တော့ အတိအကျပြောမရဘူး” ဟု တောင်ရင်းအင်းရွာသားတစ်ဦးက ပြောသည်။ ဦးဆန်းဝင်းသည် နေအိမ်တွင် ရှိနေရာမှာ ပျောက်သွားခြင်း ဖြစ်ပြီး မည်သို့ ပျောက်ဆုံးသွားသည်ကိုမူ အတိအကျ မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။ ဦးဆန်းဝင်း ပျောက်ဆုံးပြီး ၂ ရက်အကြာ ယနေ့ မေ ၁၇ ရက်အထိ မိသားစုနှင့်အဆက်အသွယ်ပြန်မရသေးသလို တစ်စုံတစ်ရာ သတင်းမရသေးကြောင်း အထက်ပါဒေသခံက ဆိုသည်။ ပြီးခဲ့သည့်နှစ် […]

အလုပ်ခန့်ထားသည်ကို အလုပ်ရှင် သတင်းမပို့မှုကြောင့် မြန်မာလုပ်သား ဖမ်းဆီးခံရ

Dawei Watch

May 17, 2024

ထိုင်းခရီးသွားကျွန်း ကော့ဖငန်းတွင် အလုပ်ခန့်ထားမှုနှင့် အလုပ်နေရာတို့ကို သတင်း မပို့ဟုဆိုကာ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ အဆိုပါကျွန်းပေါ်ဖွင့်ထားသော နေ့ကလေးထိန်းကျောင်းတစ်ခုကို ရဲတပ်ဖွဲ့များက မေလ ၁၅ ရက်နေ့က ဝင်ရောက် စစ်ဆေးခဲ့သည်။ မြန်မာအမျိုးသမီးတွင် အလုပ်လုပ်ခွင့်လက်မှတ်ရှိသော်လည်း အလုပ်နေရာ သတင်းမပို့ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ လုပ်ငန်းခွင်အတွင်း နေထိုင်လုပ်ကိုင်နေပါက သတင်းပို့တိုင်ကြားရမည်မှာ အလုပ်ရှင်နှင့် အိမ်ရှင်သာ ဖြစ်သော်လည်း ဖမ်ဆီးခံရသူမှာ မြန်မာလုပ်သားဖြစ်နေကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားတာဝန်ခံ ကိုမင်းဦးက ပြောသည်။ “မြန်မာနိုင်ငံသားဖြစ်လို့ကို အကြောင်းရှာပြီး ဖမ်းနေတာမျိုးဖြစ်နေတယ်။ အခြားနိုင်ငံခြားသားတွေကိုဆိုရင်ရော ဒီလို သတင်းမပို့တာနဲ့ ပက်သက်ပြီး ဘာလို့ အရေးမယူတာလဲဆိုတာမျိုး မေးခွန်းထုတ်ရမယ်။ ဒါကြောင့် […]

ကျုံအိတ်တံတား မြေသားလမ်းလွှဲမှ သွားနိုင်ပြီ၊ တစ်လှည့်စီဖြတ်ရ၍ ကားရာချီစောင့်ဆိုင်းနေရ

Dawei Watch

May 17, 2024

မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံမြို့နယ်ကြားရှိ မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားနေရာတွင် မြေသားလမ်းလွှဲမှ တစ်ဆင့် ကားများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သော်လည်း တစ်လှည့်စီဖြတ်သန်းနေရသည့်အတွက် ကားရာနှင့်ချီ စောင့်ဆိုင်းနေရကြောင်း ခရီးသွားပြည်သူတို့ထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားသည် မေလ ၁၁ ရက် အစောပိုင်းက မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခဲ့သည်။ မိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားသည့် တံတားနေရာတွင် ယာယီဖြတ်သန်းသွားလာနိုင်ရန်အတွက် တံတားဘေး လမ်းလွှဲကို မြေသားဖို့ပြီးနောက် မေလ ၁၆ ရက်မှစတင်ကာ ကားငယ်များကို ဖြတ်သန်းခွင့်ပေးခဲ့ကာ ယနေ့ မေလ ၁၇ ရက်တွင် ကုန်တင်ကား၊ ခရီးသည်တင်မှန်လုံကားများပါ ဖြတ်သန်းသွားလာခွင့်ပြုနေကြောင်း ကားမောင်းသူက ပြောသည်။ သို့သော် လမ်းလွှဲမှာ တစ်လမ်းသွားဖြစ်ပြီး ရန်ကုန်ဘက်မှ လာသောကားနှင့် မော်လမြိုင်ဘက်က သွားသည့်ကားများ တစ်လှည့်စီဖြတ်သန်းခွင့် ပြုနေသည့်အတွက် နှစ်ဖက်စလုံးတွင် ကားအများအပြား […]