BREAKING
January 19, 2025

သတင်း

ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ်သိန်းငါးဆယ်ကျော်အထိ စံချိန်တင်တက်

Dawei Watch

May 20, 2024

စံချိန်တင်တက်လာသည့် အခေါက်ရွှေေဈးသည် မေလ ၂၀ ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ်သိန်းငါးဆယ်ကျော် အထိရောက်လာပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ထားဝယ်ဈေးကွက်အတွင်း ယနေ့နံနက်ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းငါးဆယ် ခုနစ်သောင်းကျပ် (၅၀၇၀၀၀၀) ဈေးဖွင့်ထားကြောင်း ရွှေဆိုင်အချို့ထံမှသိရသည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေးကလည်း ဆက်တိုက်တက်နေသည့်အပြင် အမေရိကန်ဒေါ်လာငွေလဲနှုန်းက မြင့်နေသည့်အတွက် ပြည်တွင်းရွှေဈေးလည်း စံချိန်တင်တက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ ကမ္ဘာ့ဈေးကွက်တွင် အခေါက်ရွှေတစ်အောင်စလျှင် ၂၄၄၈ ဒေါ်လာဈေးဖွင့်ထားပြီး ရွှေသမိုင်းသက်တမ်းတစ်လျှောက် ဆယ်စုနှစ်များစွာအတွင်း အမြင့်ဆုံးဈေးသို့ ရောက်နေခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာငွေလဲနှုန်းပေါ်တွင် အခြေခံပြီးတွက်ချက်လေ့ရှိသည့် ပြည်တွင်းရွှေဈေးမှာ လက်ရှိနှုန်းထားထက် ပိုမြင့်လာနိုင်သည့်အနေအထားရှိကြောင်း အဆိုပါရွှေဆိုင်ပိုင်ရှင်က ဆိုသည်။ ပြည်တွင်းရွှေဈေးကို တွက်ချက်ရာတွင် ကမ္ဘာ့ရွှေပေါက်ဈေးကို အမေရိကန်ဒေါ်လာငွေလဲနှုန်းနှင့်မြှောက်ပြီး ၁ ဒဿမ ၈၇၅ ဖြင့် ပြန်စား၍ တွက်ချက်ရခြင်းဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက […]

ဘုတ်ပြင်း လေညာတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

Dawei Watch

May 20, 2024

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပြည်ကြီးမဏ္ဍိုင်ရဲစခန်းနှင့် လေညာတံတားစစ်ဆေးရေးဂိတ်တို့ကို မေလ ၁၇ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရဲစခန်းကို နံနက် ၇နာရီခန့်တွင် တိုက်ခိုက်ခဲ့ပြီးနောက် မိနစ် ၄၀ ခန့်အကြာတွင် လေညာတံတား စစ်ဆေးရေးဂိတ်ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုများပါဝင်သည့် Dragon Squad Uav Forceဒရုန်းတပ်ဖွဲ့မှ ရဲဘော်ကိုကီးက ဆိုသည်။ “ကျွန်တော်တို့ဘက်က ရဲစခန်းကို ဗုံးကြဲတယ်။ ပြီးတော့ သူတို့လေညာတံတားစစ်ဆေးရေးဂိတ်မှာ အင်အားစုနေကြောင်း သတင်းရလို့ ထပ်တိုက်ခိုက်ခဲ့တယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်မှုရှိသည်ဟု သိရသော်လည်း အသေးစိတ်ကိုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း ရဲဘော်ကိုကီးက ပြောဆိုသည်။ စစ်ကောင်စီတပ်၏ လေညာတံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၄၀ မမ လက်နက်ကြီး အပါအဝင် လက်နက်ငယ်များဖြင့် […]

ရဟတ်ယာဉ်ပျက်ကျမှုတွင် အီရန်သမ္မတ ရိုင်စီ သေဆုံးကြောင်းအတည်ပြု

Dawei Watch

May 20, 2024

အီရန်သမ္မတ ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးပြီဖြစ်ကြောင်း အီရန်အစိုးရအရာရှိတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် အတည်ပြုလိုက်ကြောင်း REUTERS သတင်းတွင် ဖော်ပြသည်။ ဒုတိယသမ္မတနှင့် နိုင်ငံပိုင်သတင်းမီဒီယာများကလည်း နောက်ပိုင်းတွင် အတည်ပြုလိုက်ပြီဖြစ်သည်။ အီရန်သမ္မတ ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါလာသော ရဟတ်ယာဉ်သည် ယမန်နေ့ မေလ ၁၉ ရက်နေ့က မြူထူထပ်နေပြီး ရာသီဥတုဆိုးရွားနေချိန် အီရန်နိုင်ငံမြောက်ပိုင်းတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ပျက်ကျခဲ့သော ရဟတ်ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းသွားသဖြင့် ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူအားလုံး သေဆုံးသွားခဲ့ကြောင်း ဆိုသည်။ရဟတ်ယာဉ်တွင် လူဦးရေမည်မျှလိုက်ပါခဲ့သည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ရှာဖွေကယ်ဆယ်ရေးသမားများက ညလုံးပေါက် ရှာဖွေပြီးနောက် ရဟတ်ယာဉ်အပျက်အစီးများကို အရှေ့အဇာဘိုင်ဂျန်တွင် ယနေ့ နံနက်ပိုင်းက ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် အီရန်သမ္မတအပါအဝင် လိုက်ပါလာသူအားလုံးဟာ ရဟတ်ယာဉ်နှင့်အတူ မီးလောင်သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း အီရန်အစိုးရအရာရှိတစ်ဦးက ပြောဆိုသည်။

အီရန်သမ္မတ လိုက်ပါလာသော ရဟတ်ယာဉ်ပျက်ကျ၊ သမ္မတအခြေအနေ မသိရသေး

Dawei Watch

May 20, 2024

အီရန်သမ္မတ ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးများလိုက်ပါလာသော ရဟတ်ယာဉ် မေလ ၁၉ ရက်နေ့က ပျက်ကျကြောင်း CNN သတင်းတွင် ဖော်ပြသည်။ သမ္မတ ရိုင်စီသည် အီရန်နိုင်ငံအနောက်ပိုင်းရှိ တောင်တန်းဒေသဖြစ်သော အရှေ့အဇာဘိုင်ဂျန်ပြည်နယ်သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်စဉ်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်သော သမ္မတနှင့် ဝန်ကြီး အခြေအနေများ မသိရသေးပေ။ ရာသီဥတုဆိုးဝါးနေပြီး မြူထူထပ်နေစဉ် ရဟတ်ယာဉ် ပျက်ကျခြင်းဖြစ်သဖြင့် ရှာဖွေကယ်ဆယ်ရေးသမားများက ရှာမတွေ့သေးကြောင်း သတင်းတွင် ဖော်ပြသည်။ ရဟတ်ယာဉ် ပျက်ကျမှုကို ရှာဖွေရေးအမြန်လုပ်ဆောင်နေကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။ ရာသီဥတု ဆိုးရွားနေသဖြင့် ရှာဖွေရေးနှောင့်နှေးနေဆဲဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျပြီး နာရီများစွာ ကြာသည်အထိ မတွေ့ရှိရသေးပေ။ ထို့ကြောင့် ရဟတ်ယာဉ်၏ တည်နေရာနှင့် သမ္မတတို့၏ အခြေအနေများကို အတည်မပြုနိုင်သေးဘဲ ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းကိုလည်း မသိရသေးကြောင်း […]

တိုင်းနှင့် ပြည်နယ်သုံးခုတွင် ယခုလအတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၁၀ကျော်သေဆုံး

Dawei Watch

May 19, 2024

တိုင်းနှင့် ပြည်နယ်သုံးခုတွင် ယခုမေလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲတတ်သည့်စစ်လက်နက်အကြွင်းအကျန်တို့ကြောင့် လူ ၁၀ ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် ယခုလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းတို့ကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေခြင်းဖြစ်သည်။ သေဆုံးဒဏ်ရာရရှိရာတွင် ကလေးငယ် ၁၀ကျော် ပါဝင်နေပြီး ထိခိုက် ဒဏ်ရာရသူများတွင် ခြေထောက်ဆုံးရှုံးသူ များသည်ကို တွေ့ရသည်။ ရှမ်းမြောက်က မန်တုံ၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္နီမြို့နယ်များနှင့် ရှမ်းတောင်က ဆီဆိုင်၊ ပင်လောင်းမြို့နယ်တို့တွင် မြေမြှုပ်မိုင်းကြောင့် ခြောက်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကြောင်း ဒေသတွင်းသတင်းများနှင့် တိုင်းရင်းသား လက်နက်ကိုအဖွဲ့အချို့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ရခိုင်ပြည်နယ်က ရသေ့တောင်၊ မင်းပြား၊ ကျောက်ဖြူ၊ […]

ရန်ကုန်မှ မြိတ်သို့လာလျှင် တည်းခိုမည့်ရပ်ကွက်ကို ခရီးသွားထောက်ခံစာတွင် ဖော်ပြရမည်ဟုဆို

Dawei Watch

May 19, 2024

လေကြောင်းဖြင့် ရန်ကုန်မှ မြိတ်သို့လာမည့် ခရီးသွားများအနေဖြင့် တည်းခိုနေထိုင်မည့်ရပ်ကွက်အမည်ကို ခရီးသွား ထောက်ခံစာတွင် တစ်ပါတည်း ထည့်သွင်းဖော်ပြ ယူဆောင်လာရမည်ဟု ညွှန်ကြားထားကြောင်း လေယာဉ်လက်မှတ် ရောင်းသည့် အေဂျင့်အချို့ထံမှ သိရသည်။ လေကြောင်းလိုင်းများမှတစ်ဆင့် ပေးပို့လာသည့် ညွှန်ကြားချက်တွင် မေလ ၈ရက်နေ့မှစကာ ခရီးသည်များအနေဖြင့် မိမိနေထိုင်သည့် ရပ်ကွက်ရုံးတွင် ခရီးသွားထောက်ခံစာယူချိန်၌ မြိတ်မြို့တွင်နေထိုင်တည်းခိုမည့် ရပ်ကွက်နှင့် နေရာကိုပါ ဖော်ပြပါရှိရမည်ဟု ညွှန်ကြားထားကြောင်း ၎င်းတို့က ပြောသည်။ သို့သော် တနင်္သာရီတိုင်းမှတ်ပုံတင် (၆/မျဉ်းစောင်း) ကိုင်ဆောင်ထားသူများမူ အကျုံးမပါကြောင်း ၎င်းတို့က ဆိုသည်။ “မြန်မာအမျိုးသားလေကြောင်းလိုင်းက တရားဝင်ကို ညွှန်ကြားထားတာပါ။ ရန်ကုန်ကနေ မြိတ်ကိုလာတဲ့ သူတွေအနေဖြင့် ထောက်ခံစာမှာ တည်းမယ့်နေရာ အချက်အလက်ဖြည့်လာပေးဖို့ပေါ့။ မဖြည့်လာလို့ ကွင်းရောက်တဲ့အခါ စစ်ဆေးရင် လာတဲ့ ဧည့်သည့်တွေမှာပဲ အခက်တွေ့နိုင်တယ်”လို့ အမည်မဖော်လိုသည့်လေယာဉ်လက်မှတ်ရောင်းသူတစ်ဦးက ပြောသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

May 18, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေလ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ၁၀ခုမြောက်မြို့နယ်အဖြစ် ဘူးသီးတောင်မြို့ကို AA သိမ်းယူ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ကို ရက္ခိုင့်တပ်တော် (AA) က မေလ ၁၈ ရက်နေ့မှာ သိမ်းယူလိုက်ပါတယ်။ ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချလို့ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် – စကခ (၁၅) နဲ့ လက်အောက်ခံ တပ်ရင်းလေးခုကို AA က သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် အခုသီတင်းပတ်အတွင်းမှာတော့ ဘူးသီးတောင်မှာ ကျန်ရှိနေသေးတဲ့ ဗျူဟာဌာနချုပ်အပါအဝင် လက်အောက်ခံ တပ်ရင်းတွေ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနဲ့ ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင် အခြေစိုက် […]

စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်၍ အရပ်သား ၂ ဦးသေဆုံး

Dawei Watch

May 18, 2024

အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဖက်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် အနီးအနားရှိကျေးရွာများကို ပစ်ခတ်ခဲ့သလို MI2 ရဟတ်ယာဉ်ဖြင့်လည်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ အရပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရသိရသည်။ စကခ ၈ သည် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၀ ခုနှင့် အမြောက်တပ်များကို စီမံကွပ်ကဲရပြီး ယင်းဌာနချုပ်သည် စစ်ကောင်စီအရာရှိအများစု နေထိုင်သည့်နေရာဖြစ်သည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ဆန်များသည် ထားဝယ်မြို့နယ်အတွင်းရှိ တလိုင်းတောင်ရွာ၊ တောင်ပို့ရွာနှင့် ကသန်းရွာတို့တွင် ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ” တောင်ပို့ရွာက အုတ်ဖိုမှာလက်နက်ကြီးကျတယ်။ မိသားစုသုံးယောက်မှာ အဖေနဲ့သမီး ကျည်ထိပြီးဆုံးသွားတယ်။ အမေကတော့ဒဏ်ရာရတယ် “ ဟု တလိုင်းတောင်ရွာသားတစ်ဦးက ပြောသည်။ ယင်းအပြင် တောင်ပို့ကျေးရွာတွင် နောက်ထပ် အမျိုးသမီးနှစ်ဦးလက်နက်ကြီးထိမှန်၍ […]