BREAKING
January 19, 2025

သတင်း

တနင်္သာရီကမ်းရိုးတန်း မိုးကြီးနိုင်ပြီး ရေကြီးရေလျှံနှင့် မြေပြိုမှုများဖြစ်နိုင်ဟု သတိပေး

Dawei Watch

May 21, 2024

တနင်္သာရီကမ်းရိုးတန်း၊ မွန်ကမ်းရိုးတန်း ၊ ကမ်းလွန်ပင်လယ်ပြင်နှင့် မုတ္တမပင်လယ်ကွေ့တို့တွင် မေလ ၂၃ ရက်နေ့မှ ၂၇ ရက်အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလေဗဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (မေ ၂၁) သတိပေးချက် ထုတ်ပြန်လိုက်သည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုံလေဝင်ရောက်လာပြီး မြန်မာနိုင်ငံဒေသအနှံအပြားတွင် မိုးထစ်ချုန်းရွာကာ နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းတို့ဖြစ်နိုင်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်နိုင်သဖြင့် ကုန်းမြင့်ဒေသနေထိုင်သူများနှင့်မြစ်ငယ်၊ ချောင်းငယ်ဘေးနေထိုင်သူများ ကြိုတင်သတိပြု ကာကွယ်ရန်လိုအပ်သည်။ ပင်လယ်ပြင်တွင်လည်း လှိုင်းအမြင့် ၉ ပေ မှ ၁၂ ပေအထိ ရှိနိုင်ပြီး မိုးသက်လေပြင်းကျစဥ် ရေပြင်မြေပြင် တစ်နာရီလေတိုက်နှုန်းမိုင် ၄၀ ခန့် တိုက်ခတ်နိုင်သဖြင့် ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကြိုတင်သတိပြုနိုင်ရန်လည်း သတိပေးထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ဘက်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း သည် […]

ကံပေါက် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ကားလေးစီး ထပ်မံအသိမ်းခံရ

Dawei Watch

May 21, 2024

ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ Double cab အမျိုးအစား ကားလေးစီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရေး-ထားဝယ်ကားလမ်း အနီးသိမ်းဆည်းသွားခဲ့‌‌ကြောင်း စီမံကိန်းဝန်ထမ်းများထံကသိရသည်။ “အသိမ်းခံရတာက စီမံကိန်းအရာရှိတွေစီးတဲ့ကားတွေ ၊ အလုပ်ဝင်ဖို့ နတ်အိမ်တောင်သွားတဲ့လမ်း မရောက်ခင် မိကျောင်းလှောင်ရွာနားမှာ သိမ်းသွားတယ်။ လူတွေကတော့ လမ်းပိုင်းမှာပဲထားခဲ့တယ်။ ကားပဲသိမ်းသွားတယ်” ဟု စီမံကိန်းဝန်ထမ်းတစ်ဦးကပြောသည်။ ယင်းကားများမှာ ကမ်းလွန်‌ရေနံစင်များမှ ဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်လာရာလမ်းကြောင်းရှိ ကလိန်အောင်မြို့ ၊ မိကျောင်းလှောင်ရွာ ၊ ကျောက်မတ္တပ်ဘုရားတောင်အနီးတွင် မေလ ၁၉ ရက်နေ့က အသိမ်းခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ ဇောတိကစီမံကိန်း အရပ်ဘက်ဆက်ဆံရေးအရာရှိထံသို့ Dawei Watch က ယနေ့(မေ ၂၁)တွင် တယ်လီဖုန်းဖြင့်သုံးကြိမ်တိုင်တိုင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။ သိမ်းဆည်းသွားသည့် လက်နက်ကိုင်တပ်ဖွဲ့ဘက်ကလည်း မေလ ၂၁ ရက်ည‌နေ […]

ဆယ်နှစ်ကြာ အလုပ်လုပ်ပေးသော မြန်မာအိမ်ဖော်အတွက် ထိုင်းအလုပ်ရှင်က အိမ်ဆောက်ပေး

Dawei Watch

May 21, 2024

ထိုင်းနိုင်ငံတွင် အလုပ်ရှင်တစ်ဦးက အိမ်တွင် ဆယ်နှစ်ကြာ အိမ်ဖော်အဖြစ်အလုပ်လုပ်ပေးသော မြန်မာအမျိုးသမီးအတွက် နေအိမ်တစ်လုံးဆောက်ပေးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖွန်ဟုခေါ်သော မြန်မာအမျိုးသမီးသည် လွန်ခဲ့သော ၁၀ နှစ်ကျော်က အိမ်ဖော်အဖြစ် ဝင်လုပ်ခဲ့ပြီး ၎င်း၏ ရိုးသားကြိုးစားမှုနှင့် အလုပ်ကို တန်ဖိုးထားမှုတို့ကြောင့် အိမ်ဆောက်ပေးခြင်းဖြစ်ကြောင်း အလုပ်ရှင်ဖြစ်သူက မေလ ၁၈ ရက်တွင် အင်တာနက် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။ မြန်မာအမျိုးသမီးသည် ခင်ပွန်းနှင့်အတူ သူဌေးအိမ်နှင့် ၂၀ ကီလိုမီတာခန့်အကွာ အလုပ်သမားများ နေထိုင်ကြသော အခန်းများတွင် နေထိုင်ကြပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်သူများဖြစ်ကြကြောင်း သတင်းတွင် ဖော်ပြသည်။ ခင်ပွန်းဖြစ်သူမှာ အခန်းအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပန်းရံလုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ မြန်မာအမျိုးသမီးသည် နေ့စဉ် နံနက် ၈ နာရီခွဲတွင် သူဌေးအိမ်သို့ အချိန်မီ အလုပ်လာလေ့ရှိပြီး အိမ်သန့်ရှင်းရေးနှင့် အခြားအိမ်အလုပ်များကို […]

ထားဝယ်တွင် ရေတွင်းထဲခုန်ချသည့်အမျိုးသားကို အသက်ရှင်လျက်ပြန်ကယ်တင်

Dawei Watch

May 21, 2024

ထားဝယ်မြို့၊‌ ဝဲကျွန်းညောင်ရမ်းရပ်ကွက် ကုသိနာရုံလမ်းတွင် ယနေ့ မေလ ၂၁ ရက် နံနက်ပိုင်းတွင် ရေတွင်းထဲခုန်ချသည့် အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။ နံနက် ၁၀ နာရီတွင် အဆိုပါအမျိုးသား၏ ဖခင်ဖြစ်သူ၏ ဖုန်းဆက်အ‌ကြောင်းကြားချက်အရ ထားဝယ်မြို့နယ်မီးသတ်စခန်းက ဒုမီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်ခုနစ်ဦးတို့ သွားရောက်ပြီး ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရေတွင်းထဲခုန်ချသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးနေဝင်းဌေးဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါအမျိုးသားသည် အရက်သောက်စားပြီး စိတ်ကယောင်ကတမ်းဖြစ်ကာ နေအိမ်ရှိ ပေ ၄၀ အနက်ရှိသော ရေတွင်းထဲသို့ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ “စိုးရိမ်ရတဲ့ ဒဏ်ရာတော့ မရှိဘူး။ ခုန်ချတယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ရေတွင်းထဲတွင် […]

သရက်ချောင်းမြို့နယ် ရငဲနှင့် ကတွဲရွာ အနီးကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

May 20, 2024

သရက်ချောင်းမြို့နယ် ရငဲရွာနှင့် ကတွဲရွာတောစပ်တစ်လျှောက်ကို စစ်ကောင်စီတပ်က ယနေ့ (မေ ၂၀)ညနေ ၄ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့‌ကြောင်း သိရသည်။ ကျွဲမင်းကုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက နှစ်ဖက်ထိ‌တွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညနေ ၄ နာရီခန့်တွင် K8W ဂျက်ဖိုက်တာဖြင့် ကနက်သီရိ၊ ရငဲ၊ ကတွဲရွာ တောစပ်နေရာများကို ဗုံးကြဲနေသည်ဟု KNU တပ်မဟာ ၄ တပ်ရင်း ၁၂ တပ်ခွဲမှူး ကိုဘဦးသစ်က ပြောသည်။ “ကြဲချခဲ့တာတော့ များများကြီးပဲ၊ ပထမနှစ်လုံး နောက်ထပ်တစ်ခေါက်မှာ အတွဲလိုက်ကိုကြဲချသွားတာ” ဟု ကိုဘဦးသစ်က ပြောသည်။ ကနက်သီရိရွာမှ ကျွဲမင်းကုန်းရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNLA နှင့် PDF ပူးပေါင်းတပ်တို့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယနေ့နံနက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကျွဲမင်းကုန်းရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက […]

နွန်ထဘူရီတွင် မြန်မာအချင်းချင်း အရက်အတူသောက်ပြီးရန်ဖြစ်ရာမှ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

Dawei Watch

May 20, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ နွန်ထဘူရီခရိုင်တွင် မြန်မာနိုင်ငံသားသုံးဦး အရက် အတူတူသောက်ပြီး စကားများ ရန်ဖြစ်သောကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နွန်ထဘူရီခရိုင် ဘန်းယိုင်ဒေသရှိ ငှားရမ်းနေထိုင်သည့်အခန်းတွင် မေလ ၁၉ ရက် နေ့လယ်ပိုင်းက အရက်သောက်ကြခြင်း ဖြစ်ကြောင်း ရေးသားထားသည်။ စကားများ ရန်ဖြစ်ပြီးနောက် ပုလင်းကွဲဖြင့် အထိုးခံရသဖြင့် အသက် ၃၀အရွယ် ကိုသန်းဇော်ဦးဆိုသူ သေဆုံးပြီး အသက် ၂၈နှစ်အရွယ် ကိုစက်ဆိုသူ ဒဏ်ရာရကြောင်း ဆိုသည်။ ကျန်တစ်ဦးမှာ အခင်းဖြစ်ပြီးနောက် ထွက်ပြေးသွားပြီး ၎င်းကို လူသတ်မှုအတွက် သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့က ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ ကိုစက်ဆိုသူနှင့် ထွက်ပြေးသွားသူတို့မှာ အခန်းဖော်များဖြစ်ပြီး သေဆုံးသူ ကိုသန်းဇော်ဦးမှာ အခင်းဖြစ်သည့် အခန်းတွင် အရက်အတူလာသောက်ခြင်း ဖြစ်သည်။ အခင်းဖြစ်နေရာတွင် […]

တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားသည့် PDF တစ်ဦးထွက်ပြေးလွတ်မြောက်

Dawei Watch

May 20, 2024

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုကျေးရွာတွင် ကင်းထောက်သွားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝိုင်းဝန်းပစ်ခတ်ခဲ့သော်လည်း လွတ်မြောက်သွားကြောင်း သက်ဆိုင်ရာတပ်ဖွဲ့ထံမှ သိရသည်။ ဗိုလ်ခရင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးသည် မေလ ၁၉ရက် ညနေ ၅နာရီခွဲခန့်တွင် ဆိုင်ကယ်ဖြင့်သွားရောက်ပြီး ကင်းထောက်စစ်ဆေးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ ယင်းသို့ သွားရောက်ချိန် တနင်္သာရီမြို့ဘက်မှ ခြေလျင်လာသည့် အင်အား၂၅ ဦးခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ရာက ဖမ်းဆီးစစ်ဆေးခံရကြောင်း ဆိုသည်။ ၎င်းထံတွင် သေနတ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့နှင့် ပတ်သက်သည့် အထောက်အထား မရှိသဖြင့် ပြန်လွှတ်ပေးရန် ပြောဆိုနေချိန် စစ်ကောင်စီတပ်သားတစ်ဦးက ၎င်း၏လက်ကိုင်ဖုန်းကို စစ်ဆေးရန် ပြင်ဆင်သဖြင့် ထွက်ပြေးခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပြီး ပစ်ခတ်သံကြားသဖြင့် ဗိုလ်ခရင်းတပ်ဖွဲ့က အခြား အခြားရဲဘော်များလည်း ရောက်ရှိလာပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း […]

ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းများကို NMSP-AD က အွန်လိုင်းဖြင့် ပထမအကြိမ်တွေ့

Dawei Watch

May 20, 2024

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ပြည်တွင်း၊ ပြည်ပရှိ မွန်အဖွဲ့အစည်းများ၊ သံဃာတော် များကို အွန်လိုင်းမှတစ်ဆင့် ပထမအကြိမ်တွေ့ဆုံခဲ့ကြောင်း NMSP-AD ထံမှ သိရသည်။ တွေ့ဆုံပွဲကို မေလ ၁၉ ရက် နံနက်ပိုင်းတွင် သုံးနာရီကြာပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပရှိ မွန်အဖွဲ့အစည်း ၃၀၊ ဖိတ်ကြား ထိုက်သည့်ပုဂ္ဂိုလ်များနှင့် မွန်သံဃာတော်များအပါအဝင် ၆၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း NMSP- AD ထံမှ သိရသည်။ NMSP-AD နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီက အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုတိယ အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၂) နိုင်လယီဟကောင်းနှင့် ဗိုလ်မှူးချုပ် ဂျလွန်းထောတို့ တက်ရောက်ခဲ့ကြသည်။ “မွန်ပြည်သစ်ပါတီ AD ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းဖို့နဲ့ အဖွဲ့အစည်းအသီးသီးက […]