BREAKING
January 23, 2025

သတင်း

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီး အသက် ၁၁၆ နှစ်တွင် ကွယ်လွန်

Dawei Watch

January 5, 2025

ဂင်းနစ်စံချိန်မှတ်တမ်းက စာရင်းပြုစုထားသည့် ကမ္ဘာ့သက်အကြီးဆုံးလူသား ဂျပန်အမျိုးသမီးသည် အသက် ၁၁၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း BBC ကဖော်ပြထားသည်။ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခံထားရသော ဂျပန်အမျိုးသမီး တိုမီကို အိုင်တူးကာ သည် ဟိုဂို စီရင်စု၊ အေရှီယာမြို့ရှိ ဘိုးဘွားရိပ်သာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။ တိုမီကို အိုင်တူးကာ သည် စပိန်သူ မာရီယာ ဘရန်ယတ်စ် မိုရီရာ ကွယ်လွန်သွားခဲ့အပြီးအတွင် ဂင်းနစ်စံချိန်မှတ်တမ်းတွင် ကမ္ဘာ့သက်အကြီးဆုံးလူသားအဖြစ် စံချိန်မှတ်တမ်းဝင်နေခဲ့ခြင်းဖြစ်သည်။ စပိန်သူ မာရီယာ ဘရန်ယတ်စ် မိုရီရာ သည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ မာရီယာ ဘရန်ယတ်စ် မိုရီရာ က အသက် ၁၁၇ နှစ် ရှိနေခဲ့ပြီဖြစ်သည်။ တိုမီကို အိုင်တူးကာကို ပထမကမ္ဘာစစ်ကြီး […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

January 4, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ အကျဉ်းသား ၅၈၀၀ကျော်ကို လွတ်ငြိမ်းခွင့်ပြု၊ နိုင်ကျဉ်းခြောက်ရာခန့်ပါဝင် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၅၈၀၀ ကျော်ကို စစ်ကောင်စီက ဇန်နဝါရီလ ၄ရက်မှာ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။ အဲဒီလို လွတ်ငြိမ်းခွင့်ပြုရာမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပါဝင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ NLD အစိုးရ လက်ထက်က ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာခက်အောင်လည်း လွတ်မြောက်ရာမှာ ပါဝင်လာပါတယ်။ ဒေါက်တာခက်အောင်ကို စစ်ကောင်စီက ၂၀၂၂ခုနှစ်မှာ […]

မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဦးအပါအဝင် အကျဉ်းသား သုံးဆယ်ကျော် ပြန်လွတ်

Dawei Watch

January 4, 2025

စစ်ကောင်စီက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းပေးရာတွင် မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဦးအပါအဝင် အကျဉ်းသား ၃၂ ဦးလွတ်မြောက်ခဲ့ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၄ရက်နေ့၌ လွတ်ငြိမ်းခွင့်တွင် မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား သုံးဦးနှင့် အကျဉ်းသူ သုံးဦး ပါဝင်ကြောင်း ၎င်းတို့ကဆိုသည်။ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ သုံးဦးမှာ တနင်္သာရီမြို့တွင်နေထိုင်သည့် မဝါဝါမြင့်၊ ပုလောမြို့နေ မသီသီချိုနှင့် ဒေါ်အေးဝင်း တို့ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား သုံးဦး၏ ကိုယ်ရေးအချက်အလက်များကိုမူ စုံစမ်းနေဆဲဖြစ်သည်။ “လွတ်မြောက်တဲ့ သူတွေမှာ လွတ်ရက်စေ့သူတွေက တစ်ဝက်လောက်ပါတယ်လို့သိရတယ်။ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတချို့ပါတယ်ဆိုတာလည်းဟုတ်တယ်” ဟု အကျဉ်းသားများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ မြိတ်အကျဉ်းထောင်မှ ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများအပြင် ကျန်သည့် ၂၆ […]

ထားဝယ်-ထီးခီးလမ်းတွင် ကော်သူးလေတပ်ကပစ်သဖြင့် KNLA ဒုတပ်ခွဲမှူးတစ်ဦး ထပ်မံသေဆုံး

Dawei Watch

January 4, 2025

ထားဝယ်-ထီးခီးကားလမ်း ဝါးတောရွာအနီး ကော်သူးလေတပ်(KTLA) ကပစ်ခတ်မှုကြောင့် KNLA တပ်ရင်း(၁၀) တပ်ခွဲ(၁)မှ ဒုတပ်ခွဲမှူးစောလားဒို သေဆုံးခဲ့သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဇန်နဝါရီလ ၃ ရက်နေ့လယ်ပိုင်းတွင် ဝါးတောရွာကိုသွားသည့် KNLA တပ်ရင်း(၁၀)မှ ဒုတပ်ခွဲမှူး စောလားဒိုလိုက်ပါလာသည့် ကားကို KTLA တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဗိုလ်အယ်ခွီး(ခ)ဗိုလ်ကော်လဖိုးဦးဆောင်သည့် KTLA တပ်ဖွဲ့များထွက်ပြေးသွားကြောင်း ၎င်းကဆိုသည်။ “အဲ့ဒီအထဲမှာ စောလားဒိုက ဆုံးသွားတယ်။ ရဲဘော်တစ်ယောက်ဒဏ်ရာရတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ လွတ်မြောက်သွားတယ်” ဟု ၎င်းက ဆိုသည်။ ယင်းနောက် ထားဝယ်-ထီးခီးလမ်းပိုင်း ဆင်ဖြူတိုင်ရွာအနီးတွင် အရပ်သားကားတစ်စီးကို KTLA တပ်ဖွဲ့က မီးရှိုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး KTLA ဆာကဆောတပ်မဟာ […]

အကျဉ်းသား ၅၈၀၀ ကျော် လွတ်ငြိမ်းခွင့်ပြု၊ နိုင်ငံရေးအကျဉ်းသားခြောက်ရာခန့်ပါ

Dawei Watch

January 4, 2025

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ထားသည်။ ယင်းအနက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပါဝင်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူခဲ့သည့် ဒေါက်တာခက်အောင်လည်း လွတ်မြောက်ရာတွင် ပါဝင်ကြောင်း ၎င်းက ဆိုသည်။ ဒေါက်တာခက်အောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မ၊ ၅၀၅ (ခ)၊ မတရားအသင်းအက်ဥပဒေပုဒ်မတို့ဖြင့် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီက ထောင်ဒဏ် ၁၂နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယနေ့သရုပ်ဆောင်မော်ဒယ်လ် သင်ဇာဝင့်ကျော်လည်း အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသည်ကို တွေ့ရသည်။ သင်ဇာဝင့်ကျော်ကို […]

စစ်ကောင်စီက လမ်းများဖျက်ဆီးထား၍ ကံပေါက်ဒေသခံ ကိုယ်ဝန်ဆောင်တစ်ဦး လမ်းတွင်သေဆုံး

Dawei Watch

January 4, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုမှ အသက် ၃၀ ဝန်းကျင်အရွယ် ကိုယ်ဝန်ဆောင်တစ်ဦး ဇန်နဝါရီလ ၂ ရက်က ကိုယ်ဝန်ပျက်ကျစဥ် အချိန်မီဆေးရုံ မပို့ဆောင်နိုင်သဖြင့် သေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှသိရသည်။ ဖားချောင်းကျေးရွာအုပ်စုနှင့် အနီးစပ်ဆုံး ကံပေါက်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ရာတွင် လမ်းပိုင်းဖြတ်တောက်ခံထားရ၍ သတ္တုတွင်းလမ်းဟောင်းမှ ပတ်၍ ပို့ဆောင်ရခြင်းကြောင့် လမ်းခရီးကြမ်းသည့်အပြင် သွားလာချိန်ကြာသဖြင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ “ကျေးရွာချင်းဆက် လမ်းအတိုင်းသွားရင် ဖားချောင်းကနေ ကံပေါက်ဆေးရုံကို မိနစ် သုံးဆယ်လောက်နဲ့ ရောက်နိုင်တယ်။ အခုက လမ်းဖြတ်(ဖျက်ဆီး)ပစ်ထားတော့ မိုင်း(သတ္တုတွင်း) လမ်းအဟောင်းကနေ ပတ်လာရတယ်။ မိုင်းလမ်းကလည်း အတော်ဆိုးတယ် ကားတွန်းဖို့ လူကို သက်သက်ခေါ်လာခဲ့ရတယ်။ အချိန်ကကြာသွားတော့ သွေးလွန်သွားတယ်” ဟု ဖြစ်စဥ်အားသိရှိသည့် ကံပေါက်ဒေသခံတစ်ဦးက ပြောပြသည်။ စစ်ကောင်စီက ဒီဇင်ဘာလ ၂၆ ရက် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

January 3, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၈ ရက်နေ့မှ ဇန်နဝါရီ ၃ ရက်နေ့အထိ ဘန်ကောက်မှ တောင်ကိုးရီးယားပျံလာတဲ့ လေယာဉ်တစ်စီး အဆင်းမှာ ပေါက်ကွဲလို့ လူ ၁၇၉ ဦး သေဆုံး ထိုင်းနိုင်ငံကနေ တောင်ကိုရီးယားကို ပျံသန်းလာတဲ့ Jeju လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ ဒီဇင်ဘာ ၂၉ ရက်နေ့က အဆင်းမှာ ဘီးချမရဘဲ ပြေးလမ်းချော်ပြီး လေဆိပ်ခြံစည်းရိုးကို ဝင်တိုက်ခဲ့လို့ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၆ ဦး စုစုပေါင်း ၁၈၁ ဦးလိုက်ပါလာခဲ့ပြီး ၂ ဦးကိုပဲ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တာပါ။ လေယာဉ်ဆင်းတဲ့အချိန်မှာ ဘီးတွေ ထွက်မလာတဲ့အတွက် […]

စစ်ရေးလှုပ်ရှားမှုများကို အနှောင့်ယှက်မပေးရန် သရက်ချောင်းအခြေစိုက် KNLA တပ်ခွဲ-၂ သတိပေး

Dawei Watch

January 3, 2025

သရက်ချောင်းမြို့နယ်တွင် အခြေစိုက်လှုပ်ရှားသည့် ကစယ်ဒိုကျားအထူးတပ်ဖွဲ့ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများကို အနှောင့်အယှက်မပေးရန် PDF တပ်ရင်းတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးတပ်ဖွဲ့အားလုံးကို ကစယ်ဒိုကျားအထူးတပ်ဖွဲ့ သတိပေးစာ ထုတ်ပြန်ထားသည်။ KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) ကစယ်ဒိုကျားအထူးတပ်ဖွဲ့နယ်မြေအတွင်း စစ်ရေးစတင်လှုပ်ရှားမှု များကို ရန်သူသိရှိစေရန် တိုက်ရိုက်နှောင့်ယှက်မှုများရှိနေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက မိမိတို့၏တပ်ဖွဲ့ဝင်များကို အချိန်မီထိန်းသိမ်းပြုပြင်နိုင်ရန် အသိပေး ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုသည်။ ကစယ်ဒိုကျားအထူးတပ်ဖွဲ့တာဝန်ယူထားသော နယ်မြေဧရိယာအတွင်းက တော်လှန်ရေးတပ်ဖွဲ့ဟု ခံယူထားသော လက်နက်ကိုင်တပ်ဖွဲ့အားလုံးသိရှိစေရန်ဆိုပြီး ကစယ်ဒိုကျားအထူးတပ်ဖွဲ့ တပ်ခွဲမှူး ဖိုးသောကြာက လက်ရေးဖြင့် ရေးထားသည့် စာကို ဇန်နဝါရီလ ၁ရက်က ထုတ်ပြန်ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိဘဲ စစ်ရေးလမ်းကြောင်းပေါ်တွင် ဆက်လက်နှောင့်ယှက်လျှင် မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။ “ကျွန်တော်တို့က […]