BREAKING
January 19, 2025

သတင်း

နယ်မှပြောင်းလာသည့် ကျောင်းသားများပြားသဖြင့် ထားဝယ်မြို့တွင် ကျောင်းအပ်ရန် အခက်အခဲဖြစ်

Dawei Watch

May 30, 2024

ယခုနှစ် ကျောင်းအပ်ရာသီတွင် ထားဝယ်မြို့ပေါ်ရှိ စာသင်ကျောင်းအချို့တွင် လက်ခံနိုင်သည့် ကျောင်းသား အရေအတွက်ထက် ကျော်လွန်သည်အထိ ‌ကျောင်းအပ်သူများပြားနေကြောင်း စုံစမ်းသိရှိရသည်။ နယ်မှ မြို့ပေါ်ပြောင်းလာပြီး ကျောင်းနေမည့်သူများမှာ ကျောင်းအပ်မရသည့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ကျောင်းသားမိဘအချို့က ပြောသည်။ “ကျွန်မဆို လေးကျောင်းရှိပြီ သွားနေတာ။ အခုထိ မရသေးဘူး။ ပုဂ္ဂလိက ကျောင်းတစ်ခုကတော့ ‌တစ်ရက်နှစ်ရက်နေရင် ဖုန်းပြန်ဆက်ပေးမယ်ပြောတယ်။ အခု အဲဒါပဲစောင့်နေတာ။ အဲဒါ မရရင်တော့ ဘယ်လိုလုပ်ရမယ် မသိသေးဘူး” ဟု သရက်ချောင်းမြို့နယ်မှ မူလတန်းကျောင်းသားမိခင် ဒေါ်ဆန်းမေက ဆိုသည်။ ယမန်နှစ်မှစပြီး စာသင်ကျောင်းများ မဖွင့်နိုင်သည့် နယ်ကျေးရွာတို့မှ ကျောင်းသားများမှာ ထားဝယ်မြို့ပေါ်ရှိ ကျောင်းများတွင် စုပြုံပြီး ကျောင်းအပ်သူများ သိသိသာသာ များပြားခဲ့သည်။ မြို့ပေါ်ရှိ ပုဂ္ဂလိကျောင်းများတွင်ပါ သတ်မှတ်ပမာဏ ပြည့်သွားသဖြင့် ‌ကျောင်းသား လက်မခံနိုင်သည့် […]

တောင်သုံးလုံးရွာသားများ စစ်ဘေးရှောင်နေချိန် နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံရ၊ အိမ်များလည်း မီးလောင်ပျက်စီး

Dawei Watch

May 30, 2024

ထားဝယ်-မေတ္တာ-ထီးခီးသွားလမ်းပေါ်က တောင်သုံးလုံးရွာတွင် စစ်ဘေးရှောင်များ၏ နေအိမ်အားလုံးနီးပါး ဖောက်ထွင်း ခံထားရပြီး နေအိမ် အများအပြားလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၂၅ ရက်ကစပြီး တောင်သုံးလုံးရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KNLA၊ KTLA၊ PDF တော်လှန်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး မေလ ၂၆ ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ထိုအချိန်ကစပြီး အိမ်ခြေ ငါးရာကျော်ရှိသည့် တောင်သုံးလုံးရွာက ဒေသခံများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး သုံးလကျော်အကြာ မေလ ၂၇ ရက်တွင် ရွာသို့ ပြန်လာကြည့်ရာ နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံထားရကြောင်း ဒေသခံတို့က ဆိုသည်။ နေအိမ်များတွင် ပစ္စည်းများ၊ အဝတ်အစားများ ပြန့်ကြဲနေကာ ညစ်ပတ်ရှုပ်ပွနေသည်ကို တွေ့မြင်ရကြောင်း တောင်သုံးလုံး ရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အိမ်ထဲမှာလည်း ထမင်းတွေ တည်(ချက်)စားထားတယ်။ […]

ကံပေါက်ဒေသခံ CDM ဆရာမနှစ်ဦး ထောင် ၁၀နှစ်ချမှတ်ခံရ

Dawei Watch

May 30, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံ CDM ဆရာမနှစ်ဦးကို စစ်ကောင်စီက မေလ ၂၈ ရက်တွင် ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ကံပေါက်ရွာ လှည်းကုန်းရပ်ကွက်တွင်နေထိုင်သည့် ဒေါ်နီလာစန်းနှင့် မင်းသားရွာတွင်နေထိုင်သည့် ဒေါ်ကေဂျာဦးတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ ည (ငွေကြေးထောက်ပံ့မှု) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ပုဒ်မနှစ်ခုဖြင့် တရားစွဲကာ ထားဝယ်ခရိုင်တရားရုံးက ထောင် ၁၀ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ပုဒ်မ ၂ခု နဲ့ ထောင်ဆယ်နှစ်ချလိုက်တာ ဟုတ်ပါတယ်” ဟု ဒေါ်ကေဂျာဦး မိသားစုဝင်တစ်ဦး ပြောကြားချက် ကိုးကား၍ မိတ်ဆွေတစ်ဦးက ပြန်လည်ပြောဆိုသည်။ ဒေါ်ကေဂျာဦးသည် ဘုရားမဲရွာ အမက မူလတန်းကျောင်းအုပ် ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်နီလာစန်းသည် လှည်းကုန်းရပ်ကွက် အမကမူလွန်တွင် အလယ်တန်းပြ […]

ထိုင်းနိုင်ငံ၏ ဗီဇာမူဝါဒများ ဇွန် ၁ ရက်နေ့မှစတင်ဖြေလျှော့၊ ထိုင်းတက္ကသိုလ်မှ ဘွဲ့ရပြီးပါက တစ်နှစ်နေခွင့်ရရှိ

Dawei Watch

May 29, 2024

ထိုင်းနိုင်ငံတွင် တက္ကသိုလ်ကျောင်းပြီးသူများအတွက် တစ်နှစ်နေထိုင်ခွင့်အပါအဝင် ဗီဇာမူဝါဒများကို လာမည့်ဇွန်လ ၁ ရက်နေ့မှစ၍ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာလိုက်သည်။ လျှော့ချပေးသည့် ဗီဇာမူဝါဒများတွင် ဗီဇာကင်းလွတ်ခွင့်နိုင်ငံများ (Visa-Free)၊ ဆိုက်ရောက်ဗီဇာများ (Visa-on-Arrival)၊ ရွေ့လျားအလုပ်လုပ်သူများအတွက် နေထိုင်ခွင့်ဗီဇာ (Destination Thailand Visa)၊ ကျောင်းပြီးသူများအတွက် တစ်နှစ်နေထိုင်ခွင့်ဗီဇာ၊ ရက်ရှည်နေထိုင်သူများအတွက်ဗီဇာ (Long-stay Visa) များအားလုံး အကျုံးဝင်မည်ဖြစ်သည်။ ဗီဇာဖြေလျှော့ပေးမည့်အစီအစဉ်ကို ထိုင်းအစိုးရက မေလ ၂၈ ရက်နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာနိုင်သည့် နိုင်ငံများကိုလည်း ယခင် ၅၇ နိုင်ငံမှ ၉၃ နိုင်ငံအထိ တိုးမြှင့်ခဲ့သည်။ တိုးမြှင့်သည့်နိုင်ငံများတွင် တရုတ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ သီရိလင်္ကာ စသော နိုင်ငံများစွာပါဝင်လာပြီး နေထိုင်ခွင့်ကိုလည်း ၆၀ ရက်အထိ […]

ကျပ်ငွေတန်ဖိုး ထိုးကျနေပြီး ဘတ်လဲနှုန်းအချိန်နှင့်အမျှ ပြောင်းနေ၊ ရွှေအရောင်းပိတ်

Dawei Watch

May 29, 2024

အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျလာပြီး ယခုရက်ပိုင်းအတွင်း ဘတ်နှင့် ကျပ်ငွေလဲလှယ်နှုန်း ထားမှာ အချိန်နှင့်အမျှ အပြောင်းအလဲဖြစ်နေကာ ဘတ်လဲလိုသူများလာသဖြင့် လဲရခက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ယင်းသို့ပင် အခေါက်ရွှေဈေးလည်း စံချိန်တင်မြင့်လာ၍ အရောင်းရပ်ထားကြကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ထိုင်းဘတ်ငွေဈေးမှာ တောက်လျှောက်တက်နေပြီး မေလ ၂၈ ရက်နေ့ နံနက်ပိုင်း ဈေးဖွင့်ချိန်က တစ်ဘတ်လျှင် ၁၁၉ ကျပ် ဝန်းကျင်ရှိခဲ့သည်။ မြန်မာငွေ တစ်သိန်းလျှင် ၈၄၀ ဘတ် ပေါက်ဈေးရှိနေခြင်းဖြစ်သည်။ ထို့နောက် နေ့လယ်ပိုင်းတွင် စျေးဆက်တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၈၁၈ ကျပ် ဈေးပေါက်ခဲ့ကာ နာရီပိုင်း အကြာတွင်ပင် ၈ ကျပ်ထပ်တက်လာကာ ၈၁၀ ကျပ်ဖြစ်သွားပြန်သည်။ ယင်းကဲ့သို့ ငွေဈေးနှုန်း အတက်အကျမြန်နေသည့်အတွက် ပေါက်ဈေးကို ကြိုတင်ခန့်မှန်းရန်ပင် အခက်တွေ့နေကြောင်း ထားဝယ်ဒေသရှိ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက […]

ထားဝယ်နှင့် မြိတ် လျှပ်စစ်မီတာခ ဆက်တိုက်တက်၊ မြိတ်တွင်တစ်ယူနစ် ကျပ် ၁၂၀၀ကျော်ရှိလာ

Dawei Watch

May 29, 2024

တနင်္သာရီတိုင်း ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့တွင် လျှပ်စစ်မီတာခ ဆက်တိုက် စျေးတက်နေကြောင်း လျှပ်စစ်မီးသုံးစွဲသူများက ပြောသည်။ ယင်း‌ဒေသအား နှစ်ခုအား Petro & Trans ကုမ္ပဏီတစ်ခုတည်းက လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးပေးနေသည်။ ထားဝယ်ခရိုင်အတွက် သဘာဝဓာတ်ငွေ့သုံး ကံပေါက်ဒေသအထိုင် မီးစက်နှင့် မြို့နယ်အလိုက် ဒီဇယ်သုံး အရန်အကူမီးစက် များဖြင့် မီးပေးကာ မြိတ်မြို့နယ်တွင် ဒီဇယ်သုံး မီးစက်ဖြင့် မီးပေးနေခြင်းဖြစ်သည်။ ထားဝယ်ခရိုင်၌ ဖေဖော်ဝါရီလအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၄၁၈ ကျပ်၊ မတ်လအတွက် ၄၂၅ ကျပ်နှင့် ဧပြီလအတွက် ၄၄၀ ကျပ်အထိ စျေးတက်လာကြောင်း လျှပ်စစ်သုံးစွဲသူများထံမှ သိရသည်။ “ထားဝယ်ခရိုင် လျှပ်စစ်မီတာဈေးက အာဏာသိမ်းပြီးကတည်းက မငြိမ်ဘူး။ အခု ၄လပိုင်းအတွက် တစ်ယူနစ် ၄၄၀ က အမြင့်ဆုံးပဲ။ အဲဒီမတိုင်ခင် မနှစ်က […]

ဗီယက်နမ်တွင် ရွှေဈေး မြင့်တက်သွားခဲ့ခြင်းကြောင့် နိုင်ငံပိုင်ဘဏ်များက ဈေးကွက် ဝင်ထိန်းနေ

Dawei Watch

May 29, 2024

ဗီယက်နမ် Dong ငွေကြေးသည် သက်တမ်းတလျှောက်တွင် အနိမ့်ဆုံးသို့ ထိုးကျသွားခဲ့သည့်အတွက် ပြည်တွင်းရွှေဈေးကွက်တွင် ရွှေဝယ်လိုအား မြင့်တက်သွားခဲ့ကာ ကမောက်ကမ အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံပိုင်ဘဏ်များက ဈေးကွက်ကို ဝင်ရောက်ထိန်းသိမ်းပေးနေရပြီဖြစ်ကြောင်း သိရှိရသည်။ ဗီယက်နမ် Dong ငွေကြေး ထိုးကျလာချိန်ကစ၍ တရိပ်ရိပ် လှုပ်ခတ်လာခဲ့သော ရွှေဈေးကွက်သည် လက်ရှိတွင် ရွှေဝယ်လိုအား မတန်တဆ မြင့်တက်သွားခဲ့ပြီး ပြည်တွင်းရွှေဝယ်လိုအား မြင့်တက်လာသည့်အတွက် ဗီယက်နမ်ရွှေဈေးမှာ များစွာ ထိုးတက်သွားခဲ့ပြီလည်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် ရွှေ ၁ ဒသမ ၃၃ အောင်စ ကို ကမ္ဘာ့ရွှေဈေးကွက်တွင် ဖြစ်ပေါ်နေသော ပေါက်ဈေးထက် အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင် ပိုမြင့်သွားခဲ့သည့်အတွက် ဗီယက်နမ်ဗဟိုဘဏ်က ရွှေကို လေလံနှင့် မရောင်းချနိုင်တော့ဘဲ နိုင်ငံပိုင်ဘဏ်ကြီး ၄ ခုတို့က ပူးပေါင်းကာ ရွှေရောင်းချပေးမည်ဟု […]

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျနေချိန် မြန်မာများ ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု ဒုတိယအများဆုံးဖြစ်လာ

Dawei Watch

May 29, 2024

ယခုနှစ် (၂၀၂၄ ခုနှစ်) ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူမှုစာရင်း၌ မြန်မာနိုင်ငံက ဒုတိယနေရာတွင်ရှိနေကြောင်း ထိုင်းအိမ်ခြံမြေအချက်အလက်စင်တာ (REIC) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ထိုင်းသတင်းဌာနများက ရေးသားထားကြသည်။ မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းနေပြီး နာရီနှင့်အမျှ စျေးပြောင်းနေကာ ယနေ့ပေါက်စျေးမှာ တစ်ဘတ်လျှင် ၁၂၂ ကျပ်ခန့်ဖြစ်နေခြင်းကြောင့် ကျပ်မှဘတ်သို့ လဲလှယ်ရခက်ခဲလာနေသည်။ ယင်းအခြေအနေတွင် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင် ဝယ်ယူခဲ့သော ကွန်ဒိုပေါင်း ၃၈၀ ကျော်အထိရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ကွန်ဒိုအခန်းပေါင်း ၅၆၀ ကျော်ဝယ်ယူခဲ့ပြီး နိုင်ငံခြားသားဝယ်ယူမှု အများဆုံးစာရင်းတွင် စတုတ္ထနေရာရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်မူ နံပါတ် ၆ နေရာတွင် ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ထိပ်ဆုံး ၁၀ နိုင်ငံစာရင်း […]