ကံပေါက်ဒေသခံငါးဦး အကြမ်းဖက်ပုဒ်မဖြင့်ထောင်ချခံရ၊ မေလအတွင်း ထောင်ချခံရသူကိုးဦးအထိရှိလာ
Dawei Watch
June 3, 2024ရေဖြူမြို့နယ်၊ ကံပေါက်၊ အုန်းပင်ကွင်းနှင့် ဖောင်းတောရွာတို့တွင်နေထိုင်သည့် ဒေသခံအမျိုးသား သုံးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ကြောင်း ၎င်းတို့၏ မိသားစုနှင့် ရင်းနှီးသူများက ပြောသည်။ မေလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ်များချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကံပေါက်ဒေသ၊ လှည်ကုန်းရပ်ကွက်တွင် နေထိုင်သည့် ရတနာ-ဇောတိကစီမံကိန်း၏ ယာဉ်မောင်းဖြစ်သူ ဦးကိုနိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) တို့ဖြင့် မေလ ၂၈ ရက်တွင် ထောင်ဒဏ် ၁၀နှစ်ချကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ဆိုသည်။ “ဆရာမတွေနဲ့ အတူတူပဲ တစ်ရက်တည်းအမိန့်ချလိုက်တယ်။ ထောက်ပို့လုပ်တဲ့အမှုနဲ့ ထောင်ချလိုက်တာပါ” ဟု ၎င်းက ပြောသည်။ အဆိုပါနေ့တွင် ကံပေါက်ဒေသခံ CDM ဆရာမနှစ်ဦးဖြစ်သည့် […]