BREAKING
January 19, 2025

သတင်း

ကလိန်အောင် မိကျောင်းလှောင်ရွာတွင် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိ၍ ဒဏ်ရာရ

Dawei Watch

June 8, 2024

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အနီး ရှိ မိကျောင်းလှောင်ရွာတွင် ဇွန်လ ၇ ရက်ညက လက်နက်ကြီးကျည်ဆန်ထိမှန်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း မြို့ခံများထံကသိရသည်။ ကျည်ဆန်ထိမှန်သူမှာ မိကျောင်းလှောင်ရွာမှ အသက် ၄ဝ ကျော်အရွယ် မသန်းဆင့် ဆိုသူအမျိုးသမီးဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ ” ညက လက်နက်ကြီးအသံလေးချက်ကြားတယ်၊ မိကျောင်းလှောင်မှာ နေအိမ်၂လုံးကြားထဲကျပြီး မိန်းမကြီးတစ်ယောက် အစစင်သွားတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။ မသန်းဆင့်၏ ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ပြီး ကလိန်အောင်တံတားဂိတ်နှင့် ကံပေါက်ဂန့်ဂေါ်တောင်ဂိတ်တို့ ညပိုင်းပိတ်ထားခြင်းကြောင့် ညတွင်းချင်းဆေးရုံမပို့နိုင်ဘဲ ဇွန်လ ၈ ရက်မနက်မှ မောရဝတီ‌ ရေတပ်ဆေးရုံသို့ပို့ခဲ့ရကြောင်း ၎င်းနှင့်နီးစပ်သူများထံကသိရသည်။ ဇွန်လ ၇ ရက် မနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ရေး-ထားဝယ်ကားလမ်း ကလိန်အောင်အပိုင်းရှိ ရွာများတွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် လသား ကလေးငယ်အပါအဝင် အရပ်သား […]

ထားဝယ်တွင် ပိုက်ထောင်ရန်သွားသည့် လှေမှောက်၍ နှစ်ဦးသေဆုံး

Dawei Watch

June 8, 2024

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သူနှစ်ဦး ဇွန်လ ၇ ရက်နေ့ က ပိုက်ထောင်ရန်သွားရာတွင် လှေမှောက်သေဆုံးခဲ့ကြောင်း မြို့ခံများထံမှသိရသည်။ ဇွန်လ ၇ ရက် ညနေပိုင်းတွင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ ကိုမင်းဦး(ခ)ညီညီနှင့် သူငယ်ချင်းဖြစ်သူ ကိုမင်းသူတို့ ထားဝယ်မြစ်အတွင်း လှေငယ်တစ်စီးဖြင့် ငါးဖမ်းပိုက်ထောင်ရန်သွားစဉ် လှေမှောက်၍ နှစ်ဦးစလုံးသေဆုံးသွားကြောင်း ကြက်စားပြင်ရပ်ကွပ်သားတစ်ဦးကပြောသည်။ “သူ တို့နှစ်ယောက်မှာတစ်ယောက်က ရေမကူးတက်ဘူး ချောင်းဖျားရေလဲဆင်းနေတော့ ရေကကြမ်းတယ်။ အဲဒီမှာ ရေမကူးတက်တဲ့သူကိုဆယ်ရင်း ဆယ်ရင်းနဲ့ နှစ်ယောက်စလုံးသေသွားတာ ဖြစ်နိင်တယ်” ဟု ၎င်းကပြောသည်။ သေဆုံးသူနှစ်ဦးအနက် ရေမကူးတက်သူ ကိုမင်းဦး(ခ)ညီညီ၏ ရုပ်အလောင်း ယနေ့ မနက်ထားဝယ် ‌မြစ်ထဲပြန်တွေ့ရပြီး ဆယ်ယူကာ ထားဝယ် ဆေးရုံးကြီးရင်ခွဲရုံသို့ပို့ဆောင်ထား ကြောင်းသိရသည်။ ကိုမင်းသူ၏ရုပ်အလောင်းကို လောင်းလုံးမြို့နယ် ကညုံကျွန်းကျေးရွာအနီး ထားဝယ်မြစ် ထဲတွင်ပင် ရှာဖွေ တွေ့ရှိထားပြီး […]

ရေတပ်ကလက်နက်ကြီးဖြင့်ပစ်၍ ရှစ်လအရွယ် ကလေးငယ်အပါအဝင် လေးဦးသေဆုံး

Dawei Watch

June 8, 2024

မောရဝတီရေတပ်က စစ်သင်္ဘောမှ ပစ်ခတ်သည့် လက်နက်ကြီး နေအိမ်ပေါ်ကျရောက် ပေါက်ကွဲသဖြင့် ရာဖူးရွာသစ်က မိသားစုဝင်လေးဦးစလုံး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ရာဖူးရွာသစ်မှာ ထားဝယ်-ရန်ကုန်သွားလမ်းပိုင်း မလွှဲတောင်စစ်‌ဆေးရေးဂိတ်အနီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် တည်ရှိသည်။ သေဆုံးသွားသည့် မိသားစုဝင်လေးဦးတွင် အသက် ၈ လအရွယ် ကလေးတစ်ဦး၊ အသက် ၇ နှစ်ဝန်းကျင်အရွယ်ကလေးတစ်ဦးနှင့် အသက်‌ ၄၀ ကျော်အရွယ် မိဘနှစ်ဦးပါဝင်ကြောင်း ဒေသခံတို့က ပြောသည်။ ဇွန်လ ၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာတွင် နေအိမ်ပေါ်ကျကာ မိသားစုအားလုံး သေဆုံးသွားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က မိုင် ၆၀ ဖက်တွင် နေရာယူထားပြီး တော်လှန်ရေးတပ်တို့က မရမ်းချောင်းရွာအနီးတွင် နေရာယူကာ နှစ်ဖက်စစ်ဆိုင်နေသည့် အခြေအနေတွင် ‌မောရဝတီရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် […]

တနင်္သာရီ ညောင်ပင်ကွင်းတံတားပေါ်တွင် စစ်ကောင်စီတပ်သားတစ်ဦး သေနတ်ဒဏ်ရာဖြင့်သေဆုံး

Dawei Watch

June 7, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းကို ဆက်သွယ်ထားသည့် တံတားပေါ်တွင် ယနေ့ ဇွန်လ ၇ ရက် နံနက်တွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်း တစ်လောင်း တွေ့ရကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူသည် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၆၁ တပ်ရင်းက အသက် ၂၉ အရွယ် တပ်သားစိုင်းကို ဆိုသူ ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ အလောင်းမတွေ့မီညက တံတားဘက်မှ သေနတ်သံတစ်ချက်ကြားရကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ဒဏ်ရာက တစ်ချက်ပဲ။ ပါးစပ်ကနေ ခေါင်းအနောက်ဘက် ပွင့်ထွက်နေတယ်” ဟု ရုပ်အလောင်းကို မျက်မြင်တွေ့ရသူ တစ်ဦးက ပြောသည်။ ပစ်ခတ်မှု မည်ကဲ့သို့ ဖြစ်ပွားခဲ့သည်ကို တိတိကျကျ မသိရသေးပေ။ ညောင်ပင်ကွင်းတံတားတွင် ခမရ ၅၆၁ […]

သတ်မှတ်ဈေးအတိုင်းရောင်းရန် ထားဝယ်ရွှေဆိုင်ပိုင်ရှင်များကို စစ်ကောင်စီက ခေါ်ယူခြိမ်းခြောက်

Dawei Watch

June 7, 2024

အခေါက်ရွှေဈေးကို ၎င်းတို့သတ်မှတ်ထားသည့် နှုန်းထားအတိုင်းသာ ရောင်းချရန် ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့ကို စစ်ကောင်စီက ခေါ်ယူပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၆ ရက် နံနက်က ထားဝယ်မြို့ရှိ ရွှေဆိုင် ၁၅ ဆိုင်ခန့်ကို ခေါ်ယူပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၈ သိန်းဖြင့်သာ ရောင်းချရမည်ဟု ပြောဆိုခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းငါးဆယ်ကျော် ပေါက်ဈေးရှိနေချိန် စစ်ကောင်စီ ဩဇာခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ကျပ် ၄၈ သိန်းစွန်းစွန်း သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ရွှေဆိုင်အားလုံးနီးပါးက ဇွန်လ ၅ ရက်နေ့မှစတင်ကာ အခေါက်ရွှေဈေး မဖွင့်တော့ဘဲ အရောင်းအဝယ် ရပ်နားထား ကြသည်။ ရွှေဈေးကစားသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် ၎င်းတို့ […]

အန္တရာယ်ဖြစ်နိုင်သည့်လက်နက်များအကြောင်း ပညာပေးပိုစတာ စာသင်ကျောင်းများတွင် စိုက်ထူမည်

Dawei Watch

June 7, 2024

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် ပေါက်ကွဲ‌စေတတ်သည့် ဗုံးအပါအဝင် စစ်ကျန်လက်နက်များအကြောင်း ပညာပေးပိုစတာများ စိုက်ထူရန် စီစဉ်နေကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ဇွန်လ ၄ ရက်နေ့က ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် စစ်ကျန်ဗုံးပေါက်ကွဲခဲ့ပြီး တတိယတန်း ကျောင်းသားတစ်ဦးသေဆုံးကာ အခြား ကျောင်းသူ၊ ကျောင်းသား ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကျန်လက်နက်များအကြောင်း ပညာပေးပိုစတာများ စိုက်ထူရန် စီစဉ်လာခြင်းဖြစ်သည်။ “ပေါက်ကွဲတတ်တဲ့ လက်နက်တွေနဲ့ပတ်သတ်တဲ့ ပညာပေး ပိုစတာတွေထုတ်ပြီး ကပ်မလို့ စီစဉ်နေတယ်။ အခုပုံတွေ ထုတ်မလို့ လုပ်‌နေတယ်” ဟု တိုင်းပညာရေးမှူး ဦးဝင်းနောင်က ပြောသည်။ ပေါက်ကွဲစေနိုင်သည့် လက်နက်များနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက ဆရာ၊ ဆရာမများကို ကြိုတင်ပညာပေး အစီအစဉ်လုပ်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ […]

ဖမ်းဆီးခံရသည့် လမိုင်းလူငယ်ပရဟိတ ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်ငါးဦး ပြန်လွတ်

Dawei Watch

June 7, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည့် လမိုင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်သုံးဦးတို့ ဇွန်လ ၆ရက် ညနေပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူတို့ ထံမှ သိရသည်။ လမိုင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်သုံးဦးတို့ကို ရေးအခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၈၈ တပ်ရင်းက မေလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ “မနေ့က ညနေပိုင်းမှာ သူတို့ ပြန်လွတ်လာတယ်။ သူတို့ကို အဲဒီ ၅၈၈ တပ်ရင်းမှာပဲ ထားထားတယ်လေ။ ဖမ်းထားတဲ့ အချိန်မှာ ကောင်းကောင်းမွန်မွန်ပဲ ထားထားတယ်လို့ပြောတယ်” ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသည့် စစ်ကောင်စီ ခမရ-၅၈၈ တပ်ရင်းက အရာရှိတစ်ဦးကို လမိုင်းလူငယ်ပရဟိတအသင်းက လမိုင်းဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ […]