BREAKING
January 19, 2025

သတင်း

စစ်ကောင်စီတပ်ကားကို NMSP-AD ကြားဖြတ်တိုက်ခိုက်၊ အရာခံဗိုလ်တစ်ဦးသေဆုံးဟုဆို‌

Dawei Watch

June 10, 2024

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့်ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက် ရေး) NMSP-AD က ကြားဖြတ်တိုက်ခိုက်သောကြောင့် အရာခံဗိုလ်တစ်ဦး သေဆုံးကြောင်း NMSP-AD နှင့် ဒေသခံတို့ထံမှ သိရသည်။ ဇွန်လ ၉ရက် ညနေ ၃ နာရီခွဲခန့်က ရောင်းဒေါင်းကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် စီးနင်းလာသည့် ဟိုက်ဂျက်ကားကို NMSP-AD တို့က စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NMSP-AD ထံမှ သိရသည်။ ဒေသခံတစ်ဦးကလည်း “ညနေပိုင်းဆို နေ့တိုင်းပဲ ကားနဲ့လာပြီး ရွာတွေမှာ (စစ်ကောင်စီတပ်က) စစ်သားတွေ လိုက်ချတယ်။ ကင်းလာချတယ်ပေါ့။ မနေ့က ညနေမှာတော့ ရောင်းဒေါင်းနဲ့ နှီးပဒေါ (ရွာ) ကြား ရောင်းဒေါင်းအပိုင်ပေါ့၊ အဲဒီမှာ ပစ်ခတ်ခံရတာ။ တွေ့တဲ့လူတွေက လမ်းမှာ စစ်သားတစ်ယောက်တော့ […]

ထိုင်းတစ်နိုင်ငံလုံး အထက်တန်းအဆင့် သိပ္ပံပြိုင်ပွဲတွင် မွန်ကျောင်းသားတစ်ဦး ရွှေတံဆိပ်ဆုရ

Dawei Watch

June 10, 2024

ထိုင်းနိုင်ငံအဆင့် သိပ္ပံဘာသာရပ် အထက်တန်းကျောင်းသား၊ ကျောင်းသူများပြိုင်ပွဲတွင် မွန်လူမျိုး ကျောင်းသား မောင်ချစ်မင်းကိုကို ရွှေတံဆိပ်ဆုရကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) နှင့် ဆုရရှိသော ကျောင်းသားတို့ထံမှ သိရသည်။ Thailand Science Ideation Contest 2024 ဟုခေါ်သည့် ထိုင်းနိုင်ငံအဆင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ သိပ္ပံပြိုင်ပွဲကို ဘန်ကောက်မြို့ရှိ King Mongkut’s University of Technology တွင် ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲတွင် Takuapa Senanukul School – ထိုင်းအစိုးရအထက်တန်းကျောင်း၏ ကိုယ်စားပြုအဖြစ် နည်းပြဆရာ Mr. Kiattisak Inchan (ဇီဝဗေဒဆိုင်ရာ) ၏ သင်ကြားပေးမှုနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခြင်း ဖြစ်ကြောင်း ရွှေတံဆိပ်ဆုရှင် […]

ဥရောပသမဂ္ဂ ဗီဇာပယ်ချပြီး ငွေအသားတင်သဲ့ယူ

Dawei Watch

June 10, 2024

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရတွေဟာ သူတို့ဆီ လျှောက်ထားတဲ့ ဗီဇာလျှောက်လွှာတွေကို ပယ်ချရာကနေ နှစ်စဉ် ယူရို သန်း ၁၃၀ အသားတင်အမြတ်ထွက်နေတယ်လို့ သိရပါတယ်။ EU ဗီဇာလျှောက်ထားကြသူတွေဟာ သူတို့ရဲ့ လျှောက်လွှာ ငြင်းပယ်ခံရရင်တောင်မှ သူတို့ ပေးသွင်းထားတဲ့ ဗီဇာကြေးတွေကို ပြန်မရကြပါဘူး။ EU ဗီဇာပယ်ချခံရသူ ၉၀ ရာခိုင်နှုန်းဟာ အာဖရိကနဲ့ အာရှသားတွေ ဖြစ်ကြပါတယ်။ အချက်အလက်တွေရ EU ဗီဇာနဲ့ ယူကေဗီဇာပယ်ချခံရမှုအများဆုံးနိုင်ငံတွေဟာ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနိမ့်တိုင်းပြည်တွေ ဖြစ်ပါတယ်။ အာဖရိကနိုင်ငံတွေ (အထူးသဖြင့် ဂါနာ၊ ဆီနီဂေါ ၊ နိုင်ဂျီးရီးယားစတဲ့ နိုင်ငံတွေ)က ဗီဇာပယ်ချခံရမှုနှုန်းဟာ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအကြား ရှိနေပါတယ်။ မော်ရိုကိုနဲ့ အယ်လ်ဂျီးယားဟာ EU ဗီဇာလျှောက်ထားသူ အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။ ဥရောသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက […]

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း မနက်ဖြန်ထွက်မည်

Dawei Watch

June 10, 2024

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း မနက်ဖြန်ထွက်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၁၁ ရက် နံနက် ၆ နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သလို သက်ဆိုင်ရာ စာစစ်ဌာနများတွင်လည်း အောင်စာရင်းများကို ကပ်ထားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဦးဝင်းနောင်က ပြောသည်။ “ဝက်ဘ်ဆိုက်ကလည်းကြေညာမယ်၊ စာစစ်ဌာနကျင်းပတဲ့ ကျောင်းတွေမှာလည်း ကပ်ထားပေးမယ်” ဟု ၎င်းက ဆိုသည်။ တနင်္သာရီတိုင်းတွင် ၂၀၂၄ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ၉၉၄ ဦး၊ ကျောင်းသူ ၁၆၄၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ စုစုပေါင်းဝင်ရောက်ဖြေဆိုသူ ၂၆၃၅ ဦးရှိပြီး ထိုအထဲတွင် အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ ၆၃၄ […]

လောင်းလုံးတွင် ကျောင်းသားများစီးလာသည့်ကားကို ပစ်ခတ်မှု နွေဦးပြောက်ကျားတပ်ဖွဲ့ ဝန်ချတောင်းပန်

Dawei Watch

June 10, 2024

လောင်းလုံးမြို့နယ်တွင် ဇွန်လ ၄ ရက်က ဖြစ်ပွားခဲ့သည့် ကျောင်းသားများ လိုက်ပါလာသော အိမ်စီးကား ပစ်ခတ်ခံရမှုတွင် တာဝန်အပြည့်အဝရှိကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ ကျောင်းသားရှစ်ဦး လိုက်ပါလာသည့် အိမ်စီးကားသည် လောင်းလုံးမြို့မှ ထားဝယ်မြို့သို့ ကျောင်းသားများ ပို့ဆောင်စဉ် သဗျာကျေးရွာနှင့် အင်းဇောက်ကျေးရွာကြား ဒေသအခေါ် မဘိတောင်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ယင်းပစ်ခံရခတ်မှုကြောင့် ခုနစ်တန်း ကျောင်းသားတစ်ဦး၏ ပေါင်တွင် ကျည်ဆံထိမှန် ဒဏ်ရာရပြီး ဆေးကုသမှုခံယူခဲ့ ရသည်။ ယင်းဖြစ်စဉ်တွင် ထိခိုက်နစ်နာခဲ့သည့် ကျောင်းသားမိဘများကို အနူးအညွန့်တောင်းပန်ကြောင်း ‌ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ပစ်ခတ်မှုတွင် ပါဝင်သည့် တပ်စိတ်က တပ်သားများကိုလည်း အရေးယူထားကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက ပြောသည်။ “အားလုံး အရေးယူထားတာက ၇ ယောက်ပါ။ သူတို့ကို လောလောဆယ်တော့ လက်နက်တွေသိမ်းပြီးတော့ အကျယ်ချုပ် […]

ရေး-ထားဝယ်လမ်းပိုင်းကို အရေးကြီးကိစ္စမရှိပါက လတ်တလော အသုံးမပြုကြရန် ဒေါနစစ်ကြောင်း သတိပေး

Dawei Watch

June 9, 2024

အမှတ် ၈ ပြည်ထောင်စုကားလမ်းမ၏ ရေး-ထားဝယ်လမ်းပိုင်းကို အရေးကြီးကိစ္စ တစ်စုံတစ်ရာမရှိပါက အသုံးမပြုကြရန် ယနေ့ ဇွန်လ ၉ ရက်တွင် ဒေါနစစ်ကြောင်းနှင့်မဟာမိတ်များက သတိပေးထုတ်ပြန်လိုက်သည်။ အသိပေးချက် ပြန်လည်မထုတ်ပြန်မီအချိန်အထိ အရေးကြီးကိစ္စမှအပ အသုံးမပြုရန် တောင်းဆိုသည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်း က အရပ်သားအသွင်ယူကာ အင်အားဖြည့်ခြင်း လုပ်ဆောင်နေသဖြင့် စစ်ရေးဖော်ဆောင်ရာတွင် အရပ်သားထိခိုက်မှုမရှိစေရန်အတွက် ကြိုတင်သတိပေးခြင်းဖြစ်သည်ဟု ဒေါနစစ်ကြောင်းကဆိုသည်။ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဒေါနစစ်ကြောင်းထံတယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေသဖြင့် အဆက်သွယ်မရခဲ့ပေ။ ” ဒီနေ့ညနေအထိကတော့ ခရီးသည်ကားရော ၊ ကုန်ကားရော သွားနေကြပါသေးတယ်။ မနက်ဖြန်ကတော့ ဘယ်လိုလာမလဲမသိဘူး ။ သူများတွေရဲ့အခြေ‌အနေကြည့်သွားရမယ် ” ဟု ရန်ကုန်-ထားဝယ်ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ဇွန် ၉ ရက် ညနေပိုင်းတွင်ပြောသည်။ လမ်းပိုင်းအခြေအနေနှင့်ပတ်သက်၍ ဇွန် ၇ […]

မောင်တောတွင် စစ်ကောင်စီတပ်စခန်း ခြောက်ခုနှင့် ကာကင်းနှစ်ခုတို့ကို AA သိမ်းယူ

Dawei Watch

June 8, 2024

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့နယ် တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ခြောက်ခုနှင့် ကာကင်းစခန်းနှစ်ခုတို့ကို သိမ်းယူနိုင်ခဲ့ပြီး ငပလီတွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၇ရက်တွင် ထုတ်ပြန်သည်။ ဇွန်လ ပထမပတ်တွင် ရခိုင်မြောက်ပိုင်းက မောင်တော၊ ရခိုင်တောင်ပိုင်းက သံတွဲနှင့် စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိသည့် အမ်းတို့တွင် တိုက်ပွဲများပြင်းထန်နေကြောင်း ဖော်ပြသည်။ ဘူးသီးတောင်ကို သိမ်းယူပြီးနောက် ယင်းနှင့်ကပ်လျက်ရှိသည့် မောင်တောတွင် ဇွန်လ ၂ ရက်မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဆိုသည်။ ယင်းသို့တိုက်ခိုက်ရာ ဇွန်လ ၂ရက်တွင် တာဝါတိုင်စခန်း၊ ဇွန်လ ၃ရက်တွင် ကျောက်ပန္ဒူရွာစခန်း၊ ဇွန်လ ၄ရက်တွင် ခွဆုံပြင်ရွာစခန်းနှင့် မြင်းလွှတ်ရွာစခန်း၊ ဇွန်လ ၆ရက်တွင် အင်းဒင်ရွာစခန်း (ခေါ်) နခခ ၆ စခန်း၊ […]

ဆေးရုံတွင် မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သူမှာ ထိုင်းရဲဖြစ်နေ

Dawei Watch

June 8, 2024

ထိုင်းနိုင်ငံ ခွန်ကယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်နေသော မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သူမှာ ထိုင်ရဲတပ်ကြပ်ကြီး တစ်ဦးဖြစ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇွန်လ ၇ ရက်နေ့ နံနက်သန်းခေါင်အချိန်တွင် အကြိတ်ခွဲစိတ်ကုသရန် ဆေးရုံတက်နေသော အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခဲ့ပြီးနောက် သေနတ်သမားက ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသော မြန်မာနိုင်ငံသားကို ဆေးရုံဝန်ထမ်းများက အရေးပေါ်ဆောင်သို့ ပို့ဆောင်ကုသပေးခဲ့သော်လည်း ခဏအကြာတွင် သေဆုံးသွားခဲ့သည်။ အဆိုပါ သေနတ်သမားမှာ အသက် ၃၄ နှစ်အရွယ် ထိုင်းရဲဖြစ်ပြီး ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း၊ ဆေးရုံတွင် မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း ဖော်ပြထားသည်။ အဖမ်းခံရသည့်အချိန်တွင် အဆိုပါရဲမှာ စိတ်ဖိစီးမှုများနေပြီး စိတ်ရှုပ်ထွေးနေခဲ့သော်လည်း မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့သည်ကို […]