BREAKING
January 19, 2025

သတင်း

ထားဝယ်အကျဉ်းထောင်ဆေးခန်းမှ တစ်ဦးတည်းသော ဆရာဝန်ရုတ်တရက်ကွယ်လွန်

Dawei Watch

June 13, 2024

ထားဝယ်အကျဉ်းထောင် ဆေးခန်းတွင် တာဝန်ကျနေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဒေါက်တာအောင်မင်းခန့်သည် ယနေ့ ဇွန် ၁၃ ရက်မနက်ပိုင်းတွင် ရုတ်တရက်ကွယ်လွန်သွားကြောင်း နီးစပ်သူများထံကသိရသည်။ ဇွန်လ ၁၂ ရက်ညနေပိုင်းက နေမကောင်းသဖြင့် ထားဝယ်မြို့ အမှတ် ၁၂ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ပြီး ယနေ့ မနက်ပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ “သူကတော့ ပုံမှန်ကြည့်ရင်တော့ နေကောင်းနေတာပဲ။ သွားသွားလာလာဆိုပေမယ့် အရက်သောက်လို့ ကျန်းမာရေး အရမ်းကောင်းတဲ့အထဲတော့မပါဘူး ။ အခုကတော့ရုတ်တရက်ဖြစ်သွားတယ်” ဟု ၎င်းဆရာဝန်နှင့်နီးစပ်သည့် အကျဉ်သားတစ်ဦး ၏ မိခင်ကပြောသည်။ ဒေါက်တာအောင်မင်းခန့်၏ ရုပ်အလောင်းကို စစ်တပ်ဆေးရုံမှ နေအိမ်လိုင်းခန်းသို့ ယနေ့နေ့လယ်ပိုင်းတွင်ပင် ပြန်သယ်ယူလာခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။ ထားဝယ်အကျဉ်း‌ထောင် ဆေးခန်းတွင် ဒေါက်တာအောင်မင်းခန့်နှင့်အတူ ဆေးမှူးနှစ်ဦးရှိသည့်အနက် ဆေးမှူးဦးဇော်ဝင်းကို ၂၀၂၃ ဩဂုတ်လတွင် စစ်ကောင်စီက ပုဒ်မနှစ်ခုဖြင့် […]

တနင်္သာရီ တကူကျေးရွာတိုက်နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

June 13, 2024

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့(ဇွန် ၁၃)​ ညနေ ၃နာရီဝန်းကျင်တွင် စစ်ကောင်စီလေတပ်က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ဗုံးကြဲတိုက်ခိုက်သည့်အတွက် တကူကျေးရွာအုပ်စုရှိ အင်းရှည်ကုန်းရွာ၊ သံတိုက်ရွာမီးသတ်အနီး၊ ပြည်အေးရွာနှင့် ခြောက်အိမ်စုရွာများအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်အေးရွာက အမျိုးသားတစ်ဦး ဒဏ်ရာရသွားပြီး ယင်းရွာရှိနေအိမ်တစ်လုံးနှင့် သံတိုက်ရွာ မီးသတ်ရုံဘေးရှိ အဆောက်အအုံတစ်လုံးထိခိုက်ပျက်စီးသွားကြောင်း တကူရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပြည်အေးရွာနေ အသက် ၂၀ ဝန်းကျင်အရွယ် ကိုချမ်းစိုး၏ ခါးတစ်ဝိုက်ကို ဗုံးစထိမှန်ကာ ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။ “ဒဏ်ရာကတော့ သိပ်မပြင်းထန်ဘူးပေါ့။ ဗုံးကြဲတာကိုရှောင်ရင်း ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်” ဟု […]

ထားဝယ်၌ စစ်မှုထမ်းတတိယသုတ် ဆင့်ခေါ်ခံရသူများတွင် တက္ကသိုလ်တက်ဆဲကျောင်းသားများပါဝင်

Dawei Watch

June 12, 2024

ထားဝယ်ခရိုင်၌ စစ်မှုထမ်း တတိယအပတ်စဉ်အတွက် ဆင့်ခေါ်စာပို့ခံရသူများတွင် တက္ကသိုလ်တက်နေဆဲ ကျောင်းသားများ ပါဝင်နေကြောင်း ဆင့်ခေါ်စာပို့ခံရသူ ကာယကံရှင်ကျောင်းသားအချို့ထံမှ သိရသည်။ မေလ ၂၄ ရက် ရက်စွဲဖြင့် ထားဝယ်မြို့ စုပေါင်းရုံးသို့ အစည်းအဝေးတက်ရောက်ရန် ဖိတ်စာနှင့်အတူ အမည်၊ အဘအမည် ၊ မှတ်ပုံတင်နံပါတ်များ အတိအကျပါဝင်သည့် ဆင့်ခေါ်စာကို မေလ နောက်ဆုံးအပတ်လက်ခံရရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအစည်းအဝေးတွင် ကာယကံရှင်များ လာရောက်ခြင်းမရှိဘဲ အုပ်ထိန်းသူတစ်ရာနီးပါး တက်ရောက်ခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ အသက် ၅၀ ကျော်အရွယ် ထားဝယ်မြို့ခံတစ်ဦးက ပြောဆိုသည်။ “အစည်းအဝေးမှာက စစ်မှုထမ်းဥပဒေအကြောင်းပဲပြောတယ်။ အစည်းအဝေးလာတဲ့ မိဘတွေကတော့အကြောင်းပြချက်မျိုးစုံ နဲ့ အကြောင်းပြချက်တွေပေးတယ်။ သူတို့ဘက်ကတော့ မရရင်ရတဲ့နည်းနဲ့ ခေါ်မှာပဲလို့ ကြုံးဝါးတယ်” ဟု ၎င်းက ပြောသည်။ အစည်းအဝေးခေါ်ခံရသည့် ရပ်ကွက်များမှာ ထားဝယ်မြို့ပေါ်ရပ်ကွက်အများစုဖြစ်ပြီး […]

အာဏာသိမ်းပြီးနောက် မြိတ်တွင် လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ထောင်ကျော်ဈေးတက်

Dawei Watch

June 12, 2024

စစ်အာဏာသိမ်းပြီး ၃နှစ်ကျော်ကာလအတွင်း မြိတ်မြို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ်တစ်ထောင်ကျော် ဈေးတက်သွားသည်။ အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၅ ကျပ်သာ ကောက်ခံနေရာမှ ယခုနှစ်မေလတွင် တစ်ယူနစ်လျှင် ၁၂၄၅ ကျပ်အထိ မြင့်တက်သွားသည်။ မြိတ်လျှပ်စစ်ယူနစ်ဈေးမှာ လတိုင်းနီးပါး တရိပ်ရိပ်တက်လာခြင်းဖြစ်ပြီး အာဏာသိမ်းပြီး ရက်ပေါင်း ၁၂၀၀ ကျော်လာချိန်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ၁၀၁၀ ကျပ် ကွာဟသွားသည်။ မြိတ်မြို့နယ်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို Petro & Trans ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပြီး ဒီဇယ်သုံးမီးစက်များဖြင့် ထုတ်လုပ်နေသည်။ အဆိုပါကုမ္ပဏီသည် မြိတ်မြို့နယ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် အာဏာမသိမ်းမီက တင်ဒါအောင်ထားခြင်းဖြစ်သည်။ မြိတ်မြို့နယ်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ၁၂၄၅ ကျပ် ကျသင့်နေချိန်တွင် ရန်ကုန်မြို့အပါအဝင် မဟာဓာတ်အားလိုင်းရှိသည့် ဒေသများတွင် […]

ဒေဝကို ကမ္ဘောဒီးယားတွင် လက်ဝှေ့ထိုးခွင့်ပိတ်ကြောင်း ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြောကြား

Dawei Watch

June 12, 2024

နာမည်ကျော် မြန်မာ့လက်ဝှေ့သမား ဒေ့ဗ်လက်ဒပ်(ခ)ဒေဝကို ကမ္ဘောဒီးယားနိုင်ငံ၌ ပြိုင်ပွဲထိုးခွင့် ပေးတော့မည် မဟုတ်ကြောင်း အသစ်ခန့်အပ်လိုက်သည့် ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေး က ပြောကြားလိုက်သည်။ ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေး က ယခုရာထူးတွင် သူ ရှိနေသည့် ကာလတစ်လျှောက် ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ မှာ ကမ္ဘောဒီးယားနိုင်ငံတွင် ပြိုင်ပွဲထိုးမည့်အခွင့်အရေးကို မရရှိစေရဟုလည်း ထည့်သွင်းအသိပေးသွားခဲ့သေးသည်။ ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ က “ခင်ဗျားတို့ ကျွန်တော်ကို ထပ်ပြီး ထိုးသတ်စေချင်တယ်ဆိုရင် ကျွန်တော် ဒေါ်လာ ၁ သန်း လိုအပ်ပါတယ်။ ကျွန်တော် မွေထိုင်းဖိုက်တာတွေကို အလဲထိုးမှာပါ။ ဘာလို့လဲဆိုတော့ မွေထိုင်းဆိုတာ ခမာသိုင်းပညာရပ်ကို ကော်ပီယူထားတာလို့ ထင်ပါတယ်။ ကျွန်တော်ထပ်ပြီးတော့ မွေထိုင်းဖိုက်တာတွေကို ထိုးသတ်ချင်ပါတယ်” ဟု ရေးသားကာ လူမှုကွန်ရက်စာမျက်နှာထက် တင်လိုက်သည့် […]

ကျောက်နီမော် ပျူစောထီးဒုခေါင်းဆောင်၏ ကားနှင့် လက်နက်ကို PDF သိမ်း

Dawei Watch

June 12, 2024

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာအခြေစိုက် ပျူစောထီး ဒုခေါင်းဆောင်၏ ကားနှင့် လက်နက်ကို ဇွန်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် PDF အဖွဲ့တစ်ဖွဲ့က သိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။ ပျူစောထီး ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးစိုးသန်း၏ကားကို ကျောက်နီမော်ရွာ လမ်းဆုံအနီးတွင် PDF အဖွဲ့ က သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လူကတော့ ပစ်ခံရတာမျိုး မကြားရဘူး” ဟု ၎င်းက ပြောဆိုသည်။ ပျူစောထီးဒုခေါင်းဆောင်၏ကားကို မည်သည့်အဖွဲ့က သိမ်းဆည်းခဲ့သည်မူ အသေးစိတ် မသိရသေးပေ။ ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဦးစိုးသန်း၏ ကားအပြင် လက်နက်ငယ် တစ်လက်ပါ သိမ်းဆည်းရမိခဲ့ ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ရေကြောင်း၊ ကုန်းကြောင်း ထွက်ပေါက်ရှိသည့် လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး […]

ထိုင်းအမြန်လမ်းမပေါ် ပါဂျဲရိုးကားဖြင့် တရားမဝင် ဝင်လာသော မြန်မာ ၁၁ဦး ဖမ်းဆီးခံရ

Dawei Watch

June 12, 2024

ထိုင်းနိုင်ငံ ဖိကျစ်ခရိုင်ရှိ အမြန်လမ်းမပေါ်တွင် ပါဂျဲရိုးအိမ်စီးကားဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၁ ဦး ဇွန်လ ၁၁ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တာခ့်ခရိုင် မဲဆောက်မြို့မှ အယုဒ္ဓယခရိုင်သို့ အမြန်လမ်းမကြီးအတိုင်း တရားမဝင် နိုင်ငံခြားသားများကို ပို့ဆောင်ပေး နေကြောင်း သတင်းကြိုတင်ရရှိထားသဖြင့် အာဏာပိုင်များက ဂိတ်ချစစ်ဆေးနေခဲ့ကြောင်း ရေးသားထားသည်။ ပါဂျဲရိုးအမျိုးအစား အိမ်စီးကားတစ်စီး အရှိန်မြှင့်မောင်းနှင်လာနေရာ မသင်္ကာသဖြင့် တားဆီးစစ်ဆေးရန် အချက်ပြစဉ် ကား မရပ်ဘဲ လမ်းဘေး ရွာထဲသို့ ကွေ့၍ မောင်းပြေးခဲ့ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးသောအခါ ကားသမားသည် လမ်းကြောင်းကျွမ်းကျင်မှု မရှိသဖြင့် အမြန်လမ်းမပေါ်သို့ ပြန်လည်မောင်းနှင်လာခဲ့ရာမှ ပိတ်ဆို့တားဆီးဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ကားပေါ်တွင် ထိုင်းကားသမားနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား […]

မာလာဝီ ဒုသမ္မတ လိုက်ပါသွားသော လေယာဉ်ပျောက်ဆုံးနေ

Dawei Watch

June 11, 2024

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သော မာလာဝီနိုင်ငံ၏ ဒုတိယသမ္မတ လိုက်ပါသွားသော လေယာဉ် ဇွန်လ ၁၀ ရက်နေ့က ပျောက်ဆုံးနေကြောင်း မလာဝီနိုင်ငံသမ္မတရုံးက ထုတ်ပြန်ထားသည်။။ လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၇ မိနစ်ခန့်က မြို့တော် လီလွန်ဝီမြို့မှ နိုင်ငံမြောက်ပိုင်း မာဇူဇူလေဆိပ်သို့ ပျံသန်းရန် ထွက်ခွာခဲ့စဉ် ခဏအကြာတွင် ရေဒါနှင့် ဆက်သွယ်မရဘဲ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် အသက် ၅၁ နှစ်အရွယ် ဒုတိယသမ္မတ ဆော်လော့စ် ချီလင်မာနှင့်အတူ သမ္မတဟောင်းတစ်ဦး၏ ဇနီးဖြစ်သူအပါအဝင် ၁၀ ဦးတို့ လိုက်ပါသွားခဲ့သည်။ ဒုသမ္မတနှင့်အဖွဲ့သည် ပြီးခဲ့သောအပတ်က ကွယ်လွန်ခဲ့သော အစိုးရဝန်ကြီးဟောင်းတစ်ဦး၏ နာရေးကို သွားစဉ် လေယာဉ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိ အချိန်ထိ လေယာဉ်၏ တည်နေရာနှင့် ဒုသမ္မတ၏ အခြေအနေကို မသိရသေးကြောင်း […]