BREAKING
January 18, 2025

သတင်း

ကော့သောင်းတွင် မြေပြိုပြီး အမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

June 25, 2024

‌ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက်၊ သဲအင်းဂူဘုန်းကြီးကျောင်းအနီးတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က မြေပြိုပြီး အမျိုးသမီးတစ်ဦးသေဆုံးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ်ရှိသည့် ဒေါ်စန်းစန်းအေးဆိုသူဖြစ်ပြီး နေအိမ်၌ ထမင်းချက်နေစဉ် အိမ်နောက်ဖေးတွင် ရှိသည့် တောင်ကမ်းပါးပြိုကျပြီး ပိတ်မိသေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “မိုးက တော်တော်ကို ရွာနေတာ အိမ်က တောင်ကမ်းပါယံကို ဖြိုပြီးဆောက်ထားတယ်။ မြေကြီးကအိပြီး ပြိုကျသွားတာ” ဟု ၎င်းတာဝန်ရှိသူက ပြောဆိုသည်။ မြေကြီးပိမိသည့်အတွက်ကြောင့် ဒေါ်စန်းစန်းအေးမှာ အသည်းကြေမွဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ ထံမှ သိရသည်။ ကော့သောင်းခရိုင်တွင် ယခုဖြစ်စဉ်အပါအဝင် ဆယ်နှစ်အတွင်း မြေပြိုမှုကြောင့် ရဟန်း သုံးပါးအပါဝင် လူပုဂ္ဂိုလ် ကိုး ဦးအထိ သေဆုံးခဲ့ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ […]

တိုင်းအတွင်း စစ်ရေးပြင်းထန်သည့်ဒေသတို့တွင် လယ်ယာနှင့် ဥယျာဉ်ခြံလုပ်ငန်းများမလုပ်နိုင်

Dawei Watch

June 25, 2024

တိုင်းအတွင်း စစ်ရေးပြင်းထန်သောကြောင့် စစ်ဘေးရှောင်ရသည့်ဒေသများတွင် လယ်ယာနှင့် ဥယျာဉ်ခြံလုပ်ငန်းများ မလုပ်နိုင်ကြကြောင်း အဆိုပါဒေသမှ ဒေသခံများက ပြောသည်။ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာက ဒေသခံများသည် နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ဥယျာဉ်ခြံလုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း ဒေသခံတို့က ဆိုသည်။ “တော်တော်များများက ထွက်ပြေးတိမ်းရှောင်နေရတာဆိုတော့ တောလည်း မထွင်နိုင်ဘူး၊ ပစ်ထားကြရတယ်။ ရွာမှာ ပြန်ဝင် နေသူတွေလည်း တောထဲတောင်ထဲက တော်ရုံတန်ရုံ သွားလာမရဲကြဘူး။ ရွာထဲနဲ့ နီးတဲ့ ဥယျာဉ်ခြံတွေတော့ တောထွင် တာတွေဘာတွေ လုပ်နိုင်ကြမှာပါ။ ကျွန်မတို့ကတော့ အခုထိ တောထဲမှာပဲ ရှိနေသေးတယ်။ ခြံတွေ အိမ်တွေလည်း လှည့်မကြည့်နိုင်တော့ပါဘူး” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ သရက်ချောင်းမြို့နယ် ရငဲရွာတွင်လည်း စစ်ဘေးရှောင်နေရသဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ မရှိသလောက် ဖြစ်လာကြောင်း ရငဲရွာက ဒေသခံအချို့က ပြောဆိုသည်။ ပုလောမြို့နယ်၊ […]

ရှမ်းမြောက်တွင် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်

Dawei Watch

June 25, 2024

တရုတ်ကြားဝင်စေ့စပ်မှုကြောင့် အပစ်အခတ်ရပ်စဲထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ယနေ့ တစ်ကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားကြောင်း TNLA ထံမှ သိရသည်။ TNLA တပ်မဟာ (၂) စစ်ဒေသဖြစ်သည့် ရှမ်းမြောက်က ကျောက်မဲ၊ နောင်ချိုမြို့နယ်တို့တွင် ယနေ့ နံနက် ၅နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားပြီး မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင်လည်းတိုက်ပွဲဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ အဆိုပါသတင်းကို ထုတ်ပြန်ရာတွင် “၁၀၂၇ စစ်ဆင်ရေး (အဆက်)” ဟု သုံးနှုန်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်တို့ တိုက်ပွဲဖြစ်ရာတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ဆိုသည်။ […]

ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာများပါသောကား ဆိုင်ကယ်နှင့်တိုက်မိပြီး မြန်မာငါးဦးဖမ်းဆီးခံရ

Dawei Watch

June 25, 2024

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါလာသည့် ပစ်ကပ်ကား သည် ပစ္စည်းပို့ဆိုင်ကယ်တစ်စီးနှင့် တိုက်မိပြီးနောက် ကားပေါ်ပါသည့် မြန်မာငါးဦးဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။ စမွတ်စွန်ခရမ်မြို့အတွင်းရှိ ဘန်ကောက်သို့ ဦးတည်ထားသော ဖလန်ဆောင်လမ်းမတွင် ဇွန်လ ၂၃ ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ္စည်းပို့ Line Man ဆိုင်ကယ်တစ်စီးက လမ်းကွေ့ရန် လမ်းကြောင်းပြောင်းဝင်သည့်အချိန် တစ်လမ်းတည်းမောင်းနေသော ပစ်ကပ်ကားက အရှိန်ဖြင့် ဝင်တိုက်မိခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းအရ သိရသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အသက် ၅၀ နှစ်အရွယ် ထိုင်းနိုင်ငံသူတစ်ဦးနေရာတွင်ပင် သေဆုံးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။ ပစ်ကပ်ကားကို ထိုင်းနိုင်ငံသားတစ်ဦးက မောင်းနှင်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများကို ရတ်ချ်ဘူရီခရိုင်မှတစ်ဆင့် မဟာချိုင်သို့ ပို့ဆောင်းပေးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံသို့ ထွက်ဆိုထားသည်။ […]

မြန်မာလုပ်သားများ၏ ထိုင်းဘဏ်အကောင့်များ အလွဲသုံးစားလုပ်ခံရမှုများလာ၊ ဘဏ်အကောင့်ဖွင့်လျှင် သတိထားရန်ပြော

Dawei Watch

June 24, 2024

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ထိုင်းဘဏ်အကောင့်များကို အလုပ်ရှင်နှင့်ကြားခံပွဲစားတို့က အလွဲသုံးစားလုပ်မှု များလာသဖြင့် မြန်မာအလုပ်သမားများက ၎င်းတို့၏ အချက်အလက်များပေး၍ ဘဏ်အကောင့်များ အလွယ်တကူ ဖွင့်ခွင့် မပြုကြရန် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတို့က ပြောသည်။ မြန်မာအလုပ်သမားများ၏ ဘဏ်အကောင့်များဖြင့် ငွေကြေးခဝါချမှုများ၊ အွန်လိုင်းလောင်းကစားပြုလုပ်မှုများ ပြုလုပ်ထား သည်ဟုဆိုကာ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုများ ရှိနေကြောင်း ၎င်းတို့က ဆိုသည်။ ငွေကြေးခဝါချထားသည်ဟု သံသယရှိသော ဘဏ်အကောင့်များကို စစ်ဆေးလိုက်ရာ မြန်မာအလုပ်သမားများ၏ အချက် အလက်များ တွေ့ရသဖြင့် ဖမ်းဆီးခံရမှုများ ဆက်တိုက်ကြုံတွေ့လာရကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် မြန်မာအလုပ်သမားများ၏ ဘဏ်အကောင့်များကို အလုပ်ရှင်နှင့် အခြားသော ပွဲစားများက သိမ်းဆည်းထားမည် ဆိုပါက ဘဏ်အကောင့် ဖွင့်ခွင့်မပြုကြရန် AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ပြောဆိုသည်။ “ကို့ယ်ဘဏ်(အကောင့်) […]

ရေဖြူ ဇာဒီရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်နေသဖြင့် ရွာသားများတိမ်းရှောင်

Dawei Watch

June 24, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုဘက်ခြမ်းသို့ ဇွန်လ ၂၃ရက် ည ၁ဝနာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် ဇာဒီချောင်းဝအနီးရှိ စစ်သင်္ဘောတို့က လက်နက်ကြီးများပစ်ခတ်ကြောင်း ရွာသားများက ပြောသည်။ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ဇွန် ၂၄ ရက်တွင် ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ၎င်းတို့က ဆိုသည်။ “အုန်းပင်ကွင်း မောရဝတီဘက်က ၁၁ ချက် ပစ်တယ်။ ပင်လယ်ထဲက သင်္ဘောက ၆ ချက်ပစ်တယ်။ ညက လက်နက်ကြီးမီးရောင်တွေ မြင်ရတယ်။ ဒါပေမဲ့ ဘယ်မှာကျတယ်ကတော့ အတိကျမပြောနိုင်ဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှု ရှိ မရှိ မကြားရသေးကြောင်း ၎င်းက ပြောဆိုသည်။ ယင်းအပြင် ဇာဒီကျေးရွာအုပ်စုမှ ကံပေါက်ရွာသို့ သွားသည့် လမ်းကြောင်းနှစ်ခုရှိ ပယရွာနှင့် […]

ထားဝယ်တွင် ရော်ဘာသယ်ခွင့် အထောက်အထား ၁၀ကျော်တောင်းပြီး စစ်ကောင်စီတင်းကျပ်

Dawei Watch

June 24, 2024

ထားဝယ်ဒေသမှ အခြားဒေသသို့ ရော်ဘာပြားများသယ်ဆောင်ချိန်တွင် အထောက်အထား ၁၁ ချက် ပြည့်စုံရမည်ဟု စစ်ကောင်စီက တင်းကျပ်လိုက်ကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။ ယခင်က တိုင်းပြင်ပသို့ ရော်ဘာပြားတင်ပို့ရာတွင် သက်ဆိုင်ရာဌာန၏ မျှောစာတစ်စောင်သာ လိုအပ်သော်လည်း လက်ရှိအချိန်တွင်မူ စစ်ကောင်စီက သတ်မှတ်လိုက်သည့် အထောက်အထား ၁၁ ခုအထိရှိလာကြောင်း ၎င်းတို့က ဆိုသည်။ ရော်ဘာဒိုင်၏ လိပ်စာ၊ သယ်ယူမည့်နေရာ၊ ရောက်မည့်ရက်စွဲ၊ ပို့ဆောင်မည့်နေရာ၊ ရော်ဘာအမျိုးအစားနှင့် အလေးချိန်၊ သယ်ယူမည့် ယာဉ်အမျိုးအစားနှင့် ယာဉ်နံပါတ်၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ထောက်ခံချက်၊ အဝယ်ဒိုင် အတွက် စည်ပင်က ထုတ်ပေးသည့် လိုင်စင်လိုအပ်ကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။ ထို့အပြင် ပြည်တွင်းအခွန်များဦးစီးဌာနကို အခွန်ပေးသွင်းထားသည့် အထောက်အထား၊ မြို့နယ်/ခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်၊ တနင်္သာရီတိုင်း (စကစ) အစိုးရအဖွဲ့၏ သယ်ယူခွင့်အမိန့်၊ ရော်ဘာပြားပို့သည့်နေရာက […]

မြိတ်တွင် ဒိုင်နမိုပြင်ဆိုင်မီးလောင်

Dawei Watch

June 24, 2024

မြိတ်မြို့တွင် ဒိုင်နမိုပြုပြင်ရေးဆိုင်ဖွင့်ထားသည့် နေအိမ်တစ်လုံး ယနေ့ ဇွန်လ ၂၄ ရက် နံနက်တွင် မီးလောင်ကြောင်း မြိတ်ခရိုင်၊ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ မြိတ်တောင်နယ်မြေ၊ မြို့သစ် ၇ ရပ်ကွက်၊ ဦးမြတ်လေးလမ်းရှိ အဆိုပါနေအိမ်သည် ယနေ့ နံနက် ၆ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းကြောင်း ဆိုသည်။ လျှပ်စစ် ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးမှူးက ပြောသည်။ မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိ‌သော်လည်း နှစ်ထပ်လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။ ဇွန်လ ၄ ရက်ကလည်း မြိတ်မြို့၊ အင်းလေမြိုင်ရပ်ကွက်ရှိ ရေစကြိုစားသောက်ဆိုင်တွင် ဂတ်စ်အိုးယိုစိမ့်ရာက မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။