BREAKING
January 18, 2025

သတင်း

ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပ ယနေ့ကျင်းပ

Dawei Watch

June 27, 2024

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသည့် ပဲခူးမြို့ ၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနကို ယနေ့ ဇွန်လ ၂၇ ရက် နေ့လယ်ပိုင်းမှစတင်၍ အခမ်းအနားသုံးရပ်ဖြင့် ကျင်းပခဲ့သည် ။ ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ တက်ရောက်၍ သံဝေဂကထာ ရေစက်ချတရားဟောခဲ့သည်။ တပည့်သံဃာတော်များနှင့် တကာ၊ တကာမများက အပြစ်ကြီးငယ်တို့ကို နောက်ဆုံးအနေဖြင့် ဝန်ချတောင်းပန်ပြီးနောက် ရုပ်ကလာပ်ကို သဒ္ဓမ္မဒီပကသိမ်ဓမ္မာရုံမှ ကျောင်းအရှေ့မုခ်ဦး ကရဝိက်ဖောင်တော်အထိ တပည့်သံဃာတော်များက ပခုံးထမ်း၍ ပင့်ဆောင်ကြသည်။ ယင်းနောက် ဆင်ဖြူကွင်းသုသာန်ရှိ လောင်တိုက်သို့ ရုပ်ကလာပ်အား ကရိဝက်ဖောင်တော်ဖြင့် ပဲခူးမြို့တွင်းလှည့်လည်ကာ ပင့်ဆောင်ခဲ့သည်။ ရုပ်ကလာပ်တော်ပင့်ဆောင်ရာ လမ်းတစ်လျှောက်တွင် မိုးရွာသွန်းနေသော်လည်း ပဲခူးမြို့သူ၊ မြို့သားများက လမ်းဘေးဝဲယာတွင် ထွက်၍ နောက်ဆုံးဂါရဝပြု ပူဇော်ကန်တော့ကြသည်ကို တွေ့ရသည်။ ညနေပိုင်းတွင် […]

တနင်္သာရီနှင့် မြိတ်မြို့နယ် လေကြောင်းတိုက်ခိုက်မှုတို့တွင် အရပ်သားတစ်ဦးသေဆုံးပြီး ၁၀ကျော်ဒဏ်ရာရ

Dawei Watch

June 27, 2024

တနင်္သာရီနှင့် မြိတ်မြို့နယ်တို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၂၇ရက်တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည်။ တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာနှင့် အနီးတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်သဖြင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့ထိခိုက်ပျက်စီးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဇွန်လ ၂၈ရက်တွင် ထုတ်ပြန်သည်။ ကျွဲထိန်းကုန်းရွာအပြင် ဘန်လင်ရွာ၊ သမီးလှရွာထဲကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၂) တပ်ရင်းမှ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ အဆိုပါနေ့ မွန်းလွဲပိုင်းတွင်ပင် မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ်စု ဘဲမဒီကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကြောင်း အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က […]

စစ်ကောင်စီက ဇာဒီရွာကို လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်နေပြီး အင်တာနက်လည်းဖြတ်ထား

Dawei Watch

June 27, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက် ညကစ၍ ၂၆ ရက်အထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ကြောင်း ရွာသားများကပြောသည်။ လက်နက်ကြီးကျည်များသည် ဇာဒီ ရွာမနှင့် အနောက်ကုန်းရပ်ကွက်များတွင် ကျရောက်ပေါက်ကွဲပြီး ကျည်ဆန်အစများ နေအိမ်တွင်ထိမှန်ကာ ထိခိုက်ပျက်စီးမှုရှိကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့က (ဇွန် ၂၆) နေ့လယ် ၂ နာရီလောက်ပစ်တာ ဆယ်ချက်ကျော်တယ်။ ရွာအထဲတွေပဲ ကျလာတယ် ။ လူတွေ မထိလို့ တော်သေးတယ်။ အရင်ကတစ်ခါမှ မပြေးတဲ့လူတွေတောင် အခုရှောင်နေကြတယ်။ ဘုန်းကြီးတွေပါ မြို့ပေါ် တက်နေနေရတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ဇွန်လ ၂၃ ရက်ကစ၍ မောရဝတီရေတပ်စခန်းဌာနချုပ်၊ စစ်သင်္ဘော အပြင် မော်ကြီးနှင့် ပယရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကမည်သည့်ထိတွေ့တိုက်ပွဲမျှမရှိဘဲ နေ့စဉ်ရက်ဆက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း […]

ရာဖူးကျေးရွာအုပ်စုက စစ်ဘေးရှောင် သုံးထောင်ကျော် စားနပ်ရိက္ခာလိုအပ်

Dawei Watch

June 27, 2024

ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စုရှိ ကျေးရွာ ကိုးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ၃၆၀ဝ ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။ ရေး – ထားဝယ်လမ်းပိုင်းတွင် ဇွန်လဆန်းကစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး မဟာမိတ်တော်လှန်ရေး အင်အားစုများနှင့် ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။ ဇွန်လ ၁၉ ရက် ရက်က တိုက်ပွဲဖြစ်ခဲ့သည် နေရာအနီးရှိ မျောက်ချောရွာနှင့် နဂါးအိုင်ရွာတို့သည် ရွာလုံးကျွတ်ထွက်ပြေး နေရပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ “မျောက်ချောရွာနဲ့ နဂါးအိုင်မှာက စစ်တပ်က ဝင်တပ်စွဲထားတယ်။ ရွာလုံးကျွတ်ပြေးနေရတယ်။ အိမ်လည်း ၃ဝ နီးပါး မီးလောင်ထားတယ်။ ဆိုင်ကယ်၊ ကား အကုန်မီးရှို့ခဲ့တယ်။ ဆိုင်တွေ၊ […]

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျိုက်ထိုဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

Dawei Watch

June 27, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ် နေမှုကြောင့် ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံနှင့် အကူအညီပေး နေသူ တို့ထံမှ သိရသည်။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၀ က လူနေကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံတို့က ဆိုသည်။ “ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာက နေ့တိုင်းလိုလိုပါပဲ။ အခုဆို ရွာမှာ ဘယ်သူမှလည်း မနေရဲကြတော့ဘူး။ အကုန်ထွက်ပြေးနေရတယ်။ ဘာတိုက်ပွဲ ဘာမှမရှိဘဲနဲ့ကို ရွာထဲကို တမင်သက်သက် ပစ်နေတာ” ဟု ကျိုက်ထို ဒေသခံတစ်ဦးက ပြောသည်။ ဇွန်လ ၁၄ ရက်တွင် အမြောက်တပ်ရင်း ၃၁၀ က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် […]

ရှမ်းမြောက်တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာချိန် သမ္မတဟောင်းဦးသိန်းစိန် တရုတ်သို့သွား

Dawei Watch

June 27, 2024

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ရန် သမ္မတဟောင်း ဦးသိန်းစိန် ယနေ့ ဇွန်လ ၂၇ရက်တွင် တရုတ်သို့ သွားရောက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သို့ သွားရောက်ချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာချိန်နှင့် တိုက်ဆိုင်နေသည်။ သမ္မတရာထူးမှ အနားယူပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ကြောင်း ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်တွင် ရေးသားသည်။ သမ္မတဟောင်း ဦးသိန်းစိန်နှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦး၊ ဝန်ကြီးချုပ် ဦးနု၏သမီး ဒေါ်သန်းသန်းနုတို့လည်း လိုက်ပါသွား ကြောင်း တရုတ်သံရုံး၏ […]

နောင်ချိုမြို့ကို အပြည့်အဝထိန်းချုပ်ထားကြောင်း မန္တလေး PDF ထုတ်ပြန်

Dawei Watch

June 27, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် ယင်းမြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၁၅ တို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇွန်လ ၂၆ ရက် ညတွင်ထုတ်ပြန်ထားသည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်ကာ ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) လည်း ပါဝင်နေပြီး ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုနှင့် မတ္တရာတို့တွင် မဟာမိတ်များနှင့် လက်တွဲကာ စစ်ရေးဖော်ဆောင် နေကြောင်း MDY-PDF က ဆိုသည်။ နောင်ချိုတွင် လက်ကျန်စခန်းများဖြစ်သည့် ခမရ ၁၁၄နှင့် အမြောက်တပ်ရင်း ၆၀၆ တို့ကို ဆက်လက် ထိုးစစ်ဆင်လျက် ရှိကြောင်းလည်း […]

ကော့စမွေကျွန်းတွင် စစ်ဘေးရှောင်ရန်ပုံငွေပွဲအဖြစ် ဟားငါးကောင်အငြိမ့် ဖျော်ဖြေမည်

Dawei Watch

June 27, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းတွင် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေပွဲအဖြစ် ဟားငါးကောင်အငြိမ့်သဘင်ကို ကျင်းပဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ ဟားငါးကောင်အငြိမ့်ကို လာမည့် ဇူလိုင်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ည ၇ နာရီမှ ၁၂ နာရီအထိ ကော့စမွေကျွန်းရှိ ဘန်ရတ်ဒေသထဲ၌ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတို့က ပြောသည်။ စစ်ဘေးရှောင်များနှင့် လိုအပ်သော နေရာများတွင် လှူဒါန်းနိုင်ရန် လက်မှတ်တစ်စောင်ကို ဘတ် ၃၀၀ နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ ပွဲမှရရှိသော ရန်ပုံငွေအပေါ်မူတည်၍ တနင်္သာရီတိုင်း အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေး‌ရှောင်များအတွက် အဓိက ဦးတည်ပြီး လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကိုအောင်မျိုးက ဆိုသည်။ “ရန်ပုံငွေတွေကို ဘယ်နေရာတွေ ခွဲဝေလှူဒါန်းမယ်ဆိုတာ သတ်မှတ်ထားပါတယ်။ ရလာမယ့်ငွေပမာဏအပေါ် […]