ပုလောမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
February 5, 2025ပုလောမြို့ပေါ်ရှိ စစ်ကောင်စီခန့် အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ပစ်သတ်ခံရကြောင်း မြို့ခံအချို့က ပြောသည်။ ဦးသန်းဝင်းသည် ဖေဖော်ဝါရီလ ၄ရက် ည ၈ နာရီခွဲခန့်က ၎င်း၏နေအိမ်တွင်ပင် ပစ်သတ်ခံရကြောင်း မြို့ခံအချိုက ပြောသည်။ ဦးသန်းဝင်းကို မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၏ တပ်ရင်း(၇)တို့က ပူးပေါင်း ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားသည်။ ၎င်းသည် လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းရန်ပို့ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ လုပ်ဆောင်နေရာ အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း ဆိုသည်။ ဦးသန်းဝင်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်သက် လေးနှစ်ရှိပြီဖြစ်ကာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခန့်အပ်ထားသူလည်းဖြစ်သည်။ “ပြီးခဲ့တဲ့ နိုဝင်ဘာကနေစပြီး ညဘက်လူငယ်နှစ်ဆယ်ကျော်ကို အဖမ်းခံထိပြီးနောက်ပိုင်း တောက်လျှောက် သတိပေး […]