BREAKING
January 18, 2025

သတင်း

DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းတို့ကို စစ်ကောင်စီက ထောင်ငါးနှစ်စီချ

Dawei Watch

June 29, 2024

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက်ကိုထက်အောင်နှင့် ညစောင့် ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်စီချမှတ်လိုက်ကြောင်း DMG ထံမှ သိရသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒပုဒ်မ ၅၂ (က) ဖြင့် ဇွန်လ ၂၈ ရက်တွင် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်။ ယင်းသို့ ပြစ်ဒဏ်ချခြင်းသည် သတင်းမီဒီယာများကို ဖိနှိပ်ရုံသာမက သတင်းလွတ်လပ်ခွင့်၊ သတင်းသမား ဘေးကင်းလုံခြုံခွင့်၊ ပြည်သူများ သတင်းမှန်သိပိုင်ခွင့်တို့အား ရိုက်ချိုးရာရောက်ကြောင်း DMG က ထုတ်ပြန်သည်။ ၎င်းတို့နှစ်ဦးအား ထောင်ဒဏ် မတရားချမှတ်လိုက်ခြင်းအပေါ် ပြင်းထန်စွာကန့်ကတ်ရှုတ်ချကြောင်း ဖော်ပြသည်။ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည့် သတင်းသမားအားလုံးကို လွှတ်ပေးရန် အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများက စစ်ကောင်စီကို ဖိအားပေးရန်လည်း DMG က တိုက်တွန်း […]

ပလမြို့ရဲစခန်းက လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

Dawei Watch

June 28, 2024

ပုလောမြို့နယ် ပလမြို့ စစ်ကောင်စီရဲစခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပလမြို့ခံ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ (ဇွန် ၂၈)​ နံနက် ၉ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပလမြို့စစ်ကောင်စီရဲစခန်းက လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။ ထိုသို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးက ပလမြို့ လမ်းသုံးဆုံအနီးရှိ ဈေးဆိုင်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ပြောသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဈေးဆိုင်ထဲတွင် ထိုင်နေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်စန်းယု သေဆုံးသွားကြောင်း ပလမြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။ ထို့အပြင် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ဦး ဒဏ်ရာရသွားကြောင်း ၎င်းက […]

မဟာချိုင်တွင် ဘိန်းစာရွက်ပြုတ်ရည်ရောင်းနေသော မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

June 28, 2024

ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင် မဟာချိုင်ဒေသတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချနေသော မြန်မာနိုင်ငံသားတစ်ဦးကို ဇွန်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမွတ်စခွန်မြို့အတွင်းရှိ စက်ရုံအဟောင်းထဲတွင် မြန်မာနိုင်ငံသားများ ဘိန်းစာရွက်ပြုတ်ရည် ထိုင်သောက်နေကြကြောင်း လာရောက်တိုင်ကြားထားသဖြင့် စမွတ်စာခွန်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးစဉ် ဆိုင်ရှေ့တွင် ဘိန်းစာရွက်ပြုတ်ရည် သောက်သုံးနိုင်သည်ဟု ကြော်ငြာထားပြီး ဆိုင်ထဲတွင်လည်း မြန်မာအလုပ်သမားများစွာ ထိုင်သောက်နေကြသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဆိုင်ထဲတွင် ဘိန်းစာရွက်ပြုတ်ရည်များနှင့် အခြားချောင်းဆိုးပျောက်ဆေးရည်များကဲ့သို့ ပါဝင်ပစ္စည်းများကိုလည်း မီးဖိုချောင်ထဲတွင် တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ဆိုင်ပိုင်ရှင်သည် အသက် ၃၈ နှစ်အရွယ် ခင်မောင်စိုးအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဘိန်းစာရွက်ပြုတ်ရည်ရောင်းချနေသည်မှာ အချိန်တစ်ခုအထိ ကြာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ဝန်ခံထားသည်။ သူ့ဆိုင်သည် လူအမြဲစည်ကားနေပြီး စီးပွားရေးအဆင်ပြေကြောင်း ထွက်ဆိုထားသည်။ ပိုင်ရှင်ဖြစ်သော ကိုခင်မောင်စိုးကို ဥပဒေအရ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

June 28, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရုရှားနဲ့ မြောက်ကိုရီးယား စစ်ရေးပူးပေါင်းမှု တောင်ကိုရီးယားကန့်ကွက် ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ကူညီဖို့ ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား သဘောတူစာချုပ်ခဲ့တာကို တောင်ကိုရီးယားက ကန့်ကွက်တဲ့အနေနဲ့ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့တာပါ။ ရုရှားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပံ့ပိုးကူညီမယ့် သဘောတူစာချုပ်ကို ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျိုအန်းတို့က ပြီးခဲ့တဲ့အပတ်က လက်မှတ်ထိုးစာချုပ်ချုပ်ခဲ့ကြပါတယ်။ စာချုပ်အရ နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအပါအဝင် နယ်ပယ်စုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါက၂၄ နှစ်အတွင်း ပြုံယမ်းမြို့တော်ကို […]

ရေးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

Dawei Watch

June 28, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာ၌ စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၁၀ နှစ်အောက်ကလေး နှစ်ဦးအပါအဝင် မိသားစုဝင် လေးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇွန်လ ၂၇ ရက် ညနေ ၆ နာရီဝန်းကျင်က ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၇ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ လက်နက်ကြီးကျည်သည် နှစ်ကရင်ကျေးရွာ၊ ဘူတာရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ပေါ်ရှိ မိသားစု လေးဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ သူတို့ (စစ်ကောင်စီတပ်) က ရမ်းပစ်တာလေ။ ရမ်းပစ်တော့ ကျချင်တဲ့နေရာမှာကျ။ အိမ်ပေါ်ကျရင်တော့ လူထိ […]

ရေဖြူ ဇာဒီကျေးရွာအုပ်စုတွင် ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

June 28, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခွေးမဖောရွာအဝင်လမ်းအနီးတွင် ဇွန်လ ၂၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ရွာသားများထံမှ သိရသည်။ “မနက်ပိုင်းက ငြိမ်နေတယ်။ ညနေပိုင်းမှ တိုက်ပွဲကျနေတယ်ဆိုပြီး ရွာထဲခဏဝင်နေတဲ့သူတွေ ပြန်ထွက်ပြေးကြရတယ်” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေ ၄ နာရီဝန်းကျင်ကစ၍ ည ၁၁ နာရီအထိ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်များသည် ရပ်ရွာအတွင်း ရောက်‌ပေါက်ကွဲ၍ နေအိမ်အချို့ ထိခိုက်ခဲ့ပြီး နွားတစ်ကောင် လက်နက်ကြီး ကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အခုက ထွက်ပြေးကုန်ပြီ။ (ဇာဒီကျေးရွာအုပ်စုထဲက) ကျောက်ထရံရွာဘက်က သူတွေပါ ထွက်ပြေးနေကြပြီ။ ရွာထဲမှာ ဘာဆက်ဖြစ်နေမှန်းတော့ မသိသေးဘူး။ ဒီမနက်တော့ မပစ်သေးဘူး” ဟု […]

ကော့သောင်းမြို့နယ်တွင် MPT ဖုန်းလိုင်းပြတ်တောက်မှု တစ်ပတ်ကျော်ကြာပြီ

Dawei Watch

June 28, 2024

ကော့သောင်းမြို့နယ်တွင် MPT ဖုန်းလိုင်းများ ပြတ်တောက်နေသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၀ရက်တွင် စတင်ပြတ်တောက်ခဲ့ပြီး ဇွန်လ ၂၇ရက်နေ့အထိ ပြန်မရသေးကြောင်း ၎င်းတို့က ပြောသည်။ ထို့ကြောင့် အခြားအော်ပရေတာများ၏ ဆင်းကတ်ကို ပြောင်းလဲအသုံးပြုနေရကြောင်း ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။ “MPT ကတ်ရော၊ Wi-Fi ပါ အင်တာနက်လိုင်းရော ဖုန်းဆက်ဖို့ပါ လိုင်းမရှိဘူး။ ပြီးတော့ K- pay လို ငွေသွင်းငွေလွှဲ အကောင့်တွေ Log Out (ထွက်သွား) ဖြစ်ပြီး ပြန်ဝင်မရတာမျိုးလည်းရှိတော့ ခက်ခဲရတယ်” ဟု အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောဆိုသည်။ ထိုသို့ဖုန်း ပြတ်တောက်နေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအပြင် လူမှုကူညီရေးအသင်းများလည်း အခက်ကြုံနေရပြီး အခြားအော်ပရေတာ၏ ဖုန်းဆင်းကတ်များ ပြောင်းလဲအသုံးပြုနေရကြောင်း ၎င်းတို့က ဆိုသည်။ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၂၅ ဦး ဖမ်းဆီးခံရ

Dawei Watch

June 27, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၅ ဦး ယနေ့ ဇွန်လ ၂၇ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် ပုန်းနေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်စစ်ဆေးစဉ် ဖမ်းမိခြင်းဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၅ ဦးပါဝင်ပြီး ၎င်းတို့ကို စန်ခရာဘူရီရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အားလုံးသည် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး နေထိုင်ခွင့်စာရွက်စာတမ်းများ မရှိကြောင်း ဘာသာပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့သို့ ဖြေကြားကြောင်း သတင်းတွင် ရေးသားထားသည်။ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းရှိ စမွတ်စွန်ခရန်၊ စမွတ်စခွန်၊ ပထုံဌာနီနှင့် […]