BREAKING
January 18, 2025

သတင်း

CI စခန်းများကို ပိတ်မည်ဟု ထိုင်းဘက်ကထုတ်ပြန်၊ မြန်မာဘက်က မညွှန်ကြားသေးဟုဆို

Dawei Watch

July 1, 2024

ထိုင်းနိုင်ငံရောက် မြန်မာများကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးသည့် စခန်းများကို ဇူလိုင်လ ၇ ရက်တွင် အပြီးပိတ်သိမ်းပြီး ရပ်နားသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက စာထုတ်ညွှန်ကြားထားသည်။ မြန်မာစစ်ကောင်စီဘက်က စခန်းအားလုံးကို ပိတ်သိမ်းရန် တောင်းဆိုလာသဖြင့် CI စခန်းများကို အပြီးပိတ်သိမ်းတော့မည် ဖြစ်ကြောင်း ထိုင်းအစိုးရဘက်က ဇွန်လ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ စာအရဆိုလျှင် လက်ရှိ CI စာအုပ် ထုတ်ပေးလျက်ရှိသော မဟာချိုင်၊ စမွတ်ပရကန်၊ ပထုံဌာနီ၊ ချွန်ဘူရီ၊ စူရတ်ဌာနီနှင့် ချင်းမိုင်ခရိုင်များရှိ CI စခန်း ၆ ခုစလုံးကို ပိတ်သိမ်းသွားမည်ဖြစ်သည်။ မြန်မာဘက်က လာမည့် ဇူလိုင်လ ၆ ရက်အထိ တစ်ပတ်ဖွင့်လှစ်သွားရန် CI စခန်းများကို ညွှန်ကြားထားပြီး ဇူလိုင်လ ၇ […]

ကျိုက်ထိုတွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့်အမှုဖွင့်

Dawei Watch

July 1, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက သေဒဏ်အထိပြစ်ဒဏ်ချမှတ် နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်လိုက်ကြောင်း အဆိုပါအဖွဲ့ဝင်တို့နှင့် နီးစပ်သူတို့က ပြောသည်။ ကျိုက်ထိုမြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့က အဖွဲ့ဝင်လေးဦးနှင့် ၎င်းတို့၏ မိတ်ဆွေ လေးဦးတို့ကိုဇွန်လ ၁၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အင်အားအလုံးအရင်းဖြင့် နေအိမ်တို့တွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ခြင်း၊ စစ်ကောင်စီသတင်းများကို PDF ထံ ပေးပို့နေသည်ဆိုသည့် စွပ်စွဲချက်တို့ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတို့က ဆိုသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် လေးဦးတွင် ဦးမြအောင်နှင့် ၎င်း၏ သမီးဖြစ်သူ မချောစုရတနာ၊ ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ ပါဝင်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဖမ်းဆီးခံရကတည်းက ၎င်းတို့နှင့် အဆက်အသွယ်မရဘဲ ဇွန်လနောက်ဆုံးအပတ်တွင်မူ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ […]

မြစ်ကြီးနားတွင် စိုးရိမ်ရေအမှတ်ထက် ငါးပေကျော်ပြီး ရေကြီး၊ မြို့နယ်ခြောက်ခုကို ရေဘေးသတိပေးချက်ထုတ်

Dawei Watch

July 1, 2024

မိုးသည်းထန်စွာရွာသွန်းသဖြင့် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ငါးပေကျော်လွန်ရောက်ရှိနေပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရေကြီးနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနမှထံမှ သိရသည်။ ယနေ့ ဇူလိုင် ၁ ရက် မွန်းလွဲ ၁နာရီခွဲတွင် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်ထက် ငါးပေကျော်နေပြီး နောက်နှစ်ရက်အတွင်း နှစ်ပေခန့် ဆက်လက်မြင့်တက်နိုင်ကြောင်းလည်း ဖော်ပြသည်။ မြစ်ရေတက်နှုန်းမှာ တစ်နာရီလျှင် သုံးလက်မရှိနေကြောင်းလည်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းထွေး၏ လူမှုကွန်ရက်အကောင့်တွင် ယနေ့ နံနက်ပိုင်းက ရေးသားထားသည်။ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် မြို့နယ်များရှိ မြစ်ကမ်းအနီးနှင့် မြေအနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးဇလက တိုက်တွန်းထားသည်။ မိုးသန်းထန်စွာရွာသွန်းခြင်းကြောင့် ဇွန်လ ၃၀ရက်ကတည်းက မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်များကို […]

ထားဝယ်တွင် သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ခြင်းစတင်

Dawei Watch

July 1, 2024

ထားဝယ်ခရိုင်တွင် သံဃာတော်များ စစ်ကောင်စီအား ဇွန်လ ၃ဝ ရက် မွန်းလွဲပိုင်းက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်သည့် လှုပ်ရှားမှုပြုလုပ်သည်။ အဆိုပါလှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများတွင် သံဃာတော်များက ဘုရားသိမ်တစ်ခု၌ ကံပြုနေသည့်ပုံနှင့် ပြည်ထောင်စုလမ်းမကြီးတစ်နေရာတွင် စီတန်းလှည့်လည်ချီတက်နေသည့် ပုံများပါဝင်နေသည်ကို တွေ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မှုသည့် ဖြစ်ရပ်ဖြစ်ပြီးနောက် ဇွန်လနောက်ဆုံးပတ်တွင် စစ်ကိုင်းနှင့် မကွေးတိုင်းတို့၌ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်သည့် လှုပ်ရှားမှုစတင်ခဲ့သည်။ ယခု ထားဝယ်ခရိုင်တွင်ပါ စတင်လှုပ်ရှားလာခြင်း ဖြစ်သည်။ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်သည့် လှုပ်ရှားသည့် သံဃာတော်များကို ချိတ်ဆက်ရန် လုပ်ဆောင်နေကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး သပိတ်လှုပ်ရှားမှု ကော်မတီ DDMSC စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။ “ဆရာ၊ တကာ ညီညီညွတ်ညွတ် […]

ကျောက်လုံးကြီးစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လာပြီးတပ်စွဲ

Dawei Watch

June 30, 2024

စွန့်ခွာသွားသည့် ကျောက်လုံးကြီးစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲနေကြောင်း KNU တပ်မဟာ (၄) နှင့် PDF ပူးပေါင်းတပ်တွေက ပြောသည်။ ဇွန်လ ၁၄ရက်က တနင်္သာရီမြစ်ဘေးရှိ အောင်သာဝရစခန်း သိမ်းယူခံရပြီးနောက် ဇွန် ၁၅ ရက်တွင် ကျောက်လုံးကြီးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ခွာသွားခဲ့သည်။ ယင်းနောက် ဇွန်လ ၁၉ ရက်တွင် ဘုတ်ခြံရွာအခြေစိုက် ခလရ (၁၇) က အင်အား နှစ်ရာခန့်သည် ကား၊ ခြေလျင် စစ်ကြောင်း တို့ဖြင့် ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးလာပြီး လမ်းတစ်လျှောက်လုံးတွင် တိုက်ခိုက်ခံခဲ့ရသည်။ ယင်းသို့ တိုက်ခိုက်ခံရသဖြင့် ဇွန် ၂၂ ရက်တွင် အလယ်ချောင်းရွာအခြေစိုက် အမြောက်တပ်ရင်း (၄၀၁) တွင် ခေတ္တဝင်နေပြီး အင်အားထပ်မံပူးပေါင်းကာ ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးလာကြောင်း […]

မတူပီမြို့ကို ချင်းညီနောင်အဖွဲ့သိမ်းယူ

Dawei Watch

June 30, 2024

ချင်းပြည်နယ် မတူပီမြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၂၉ ရက်တွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်သည် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အာရက္ခတပ်တော် (AA) ၊ Yaw Army (YA) နှင့် Yaw Defense Force (YDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ၂၀၂၃ နှစ်ကုန်တွင် ဖွဲ့စည်းခဲ့သည့် ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) စသည့် အဖွဲ့ ခြောက် ဖွဲ့ ပါဝင်သည်။ ယင်းသို့ တိုက်ခိုက်ပြီးနောက် အမှတ် (၃၀၄) ခြေမြန်တပ်ရင်းကို ဇွန်လ […]

မြိတ်တွင် သစ်သီးဈေးနှုန်း အဆမတန်မြင့်နေသဖြင့် ရောင်းအားကျ

Dawei Watch

June 30, 2024

မြိတ်မြို့တွင် သစ်သီးဈေးနှုန်း အဆမတန်မြင့်တက်နေသည့်အတွက် ဝယ်လိုအားကျဆင်းနေပြီး သစ်သီးဆိုင်များ အခက်အခဲကြုံနေရကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်လာသည့် ယခုနှစ်ဆန်းပိုင်းမှစကာ လက်ရှိအချိန်အထိ သိသိသာသာ ဈေးတက်လာခြင်းဖြစ်ကြောင်း သစ်သီးအရောင်းဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ မြိတ်မြို့တွင်ရောင်းချနေသည့် သစ်သီးအများစုမှာ ထိုင်းနိုင်ငံက တင်သွင်းလာခြင်းဖြစ်သည်။ ၃၂ လုံးပါ နဂါးမောက်သီးတစ်ဖာလျှင် ယခင်ကျပ်ကိုးသောင်းခန့်သာရှိရာမှ လက်ရှိအချိန်တွင် ကျပ်တစ်သိန်းခုနစ်သောင်းဝန်းကျင်အထိ ပေးရကြောင်း မြိတ်မြို့ ဆိပ်ငယ်ဈေးအတွင်း သစ်သီးရောင်းသူတစ်ဦးက ဆိုသည်။ “ထိုင်းဘက်က ဝယ်ရောင်းတဲ့သစ်သီးဈေးတွေကလည်း အကုန်လုံးနှစ်ဆနဲ့ အထက်တက်တယ်” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် သစ်သီးဈေးတက်သည့်အပြင် အထွေထွေကုန်ဈေးနှုန်းလည်း အဆမတန်တက်နေသည့်အတွက် ရောင်းရသည့် ပမာဏမှာ သိသိသာသာကျဆင်းသွားကြောင်း မြိတ်မြို့တွင် သစ်သီးရောင်းနေသူ အခြားစျေးသည်တစ်ဦးက ဆိုသည်။ ယခင်က တစ်ရက်လျှင် စပျစ်သီးပိဿာတစ်ရာကို လွယ်လွယ်ကူကူရောင်းချရလေ့ရှိသော်လည်း လက်ရှိတွင် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 29, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ ရှမ်းမြောက်မှာ ၁၀၂၇စစ်ဆင်ရေး တစ်ကျော့ပြန်စတင် တရုတ်ကြားဝင်စေ့စပ်ညှိနှိုင်းလို့ အပစ်ရပ်ထားတဲ့ ရှမ်းမြောက်မှာ ဇွန်လ ၂၅ ရက်နေ့က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန် ဖြစ်ပွားပါတယ်။ တိုက်ပွဲတွေ ရပ်ဆိုင်းထားချိန် ရှမ်းမြောက်မှာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် တအာင်းတပ် TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာ၊ အရပ်သားပြည်သူတွေ သေဆုံံးဒဏ်ရာရတာတွေကြောင့် အခုလို တစ်ကျော့ပြန်တိုက်ပွဲဖြစ်ရတာလို့ TNLA ဘက်က ပြောဆိုထားပါတယ်။ တအာင်းတပ် တပ်မဟာ (၂) စစ်ဒေသဖြစ်ပြီး လားရှိုးနဲ့ မန္တလေးကြားက မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ […]