မောရဝတီရေတပ်က ကံပေါက်တွင် ညဘက် နေအိမ်များကို စစ်ဆေး
Dawei Watch
December 5, 2024ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် မောရဝတီရေတပ်က ဒီဇင်ဘာလ ၁ ရက်မှစ၍ ညစဥ် ရပ်ကွက်တစ်ခုချင်းအလိုက် နေအိမ်များကို ဝင်ရောက်စစ်ဆေးနေသည်ဟု ဒေသခံများထံကသိရသည်။ ဒီဇင်ဘာလ ၁ ရက်တွင် မြသီတာရပ်ကွက်၊ ၂ ရက်နေ့ တွင် ခိုင်သဇင်ရပ်ကွက် ၊ ၃ ရက်နေ့တွင် မိကျောင်းအိုင် ရပ်ကွက်နှင့် ၄ ရက်နေ့တွင် လှည်းကုန်းရပ်ကွက်ရှိ နေအိမ်များကို စစ်ဆေးခဲ့ဟုဆိုသည်။ “အိမ်တိုင်းဝင်စစ်တာတော့မဟုတ်ဘူး လမ်းတစ်ခုကိုဝင်ရင် တစ်လမ်းလုံးစစ်ခံရတယ်။ အိမ်ထောင်စု(စာရင်း)တောင်းကြည့်တယ်။ အိမ်ပေါ်ကို တက်ကြည့်တယ်။ လူပိုရှိနေလားမေးတယ်” ဟု ကိုယ်တိုင်စစ်ခံခဲ့ရသည့် မြသီတာရပ်ကွက်နေသူတစ်ဦးက ပြောပြသည် ။ လှည်းကုန်းရပ်ကွက်တွင်မူ ယမန်နေ့ည ဒီဇင်ဘာလ ၄ ရက် ညဦးပိုင်းကတည်းက လမ်းပိတ်ထားပြီး နေအိမ်အချို့ကို မောရဝတီရေတပ်က ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ယင်းရပ်ကွက်နေသူများထံက သိရသည် ။ ဧည့်စာရင်းစစ်သကဲ့သို့ […]