BREAKING
January 17, 2025

သတင်း

ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသော မြန်မာ ၁၆ ဦး ဖမ်းဆီးခံရ

Dawei Watch

July 10, 2024

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ရန် အလုံပိတ် ကုန်တင်ကားအတွင်း တရားမဝင်လိုက်ပါလာသော မြန်မာနိုင်ငံသား ၁၆ ဦးကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ နခွန်စဝမ်ခရိုင်တွင် ဖမ်းဆီးရမိခဲ့သည်။ တာခ့်ခရိုင် မဲဆောက်မြို့က လာသော မသင်္ကာစရာ ကားနှစ်စီးကို ဖယူဟခီရီဒေသ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်ရှိ အာဏာပိုင်များက နံနက် ၁ နာရီအချိန်ခန့်တွင် တားဆီးစစ်ဆေးခဲ့ရာမှ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ကုန်တင်ကားပေါ်တွင် သီးသန့်ပြုလုပ်ထားသော အလုံပိတ်အခန်းအတွင်း လိုက်ပါလာကြသော မြန်မာအမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၆ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ကားသမားအပါအဝင် ထိုင်းနိုင်ငံသား ၄ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံသားများကို မဲဆောက်မှ အယုဒ္ဓယသို့ ဘတ် ၁၀၀၀၀ ဖြင့် ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ကားသမားကလည်း […]

မဟာချိုင်တွင် CI စခန်း ဆက်ဖွင့်ထား

Dawei Watch

July 10, 2024

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများကို ထုတ်ပေးနေသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးရေးစခန်းများအနက် မဟာချိုင်မြို့ရှိ CI စခန်းကို ဆက်လက်ဖွင့်ထားကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်နှင့် CI စခန်းထံမှ သိရသည်။ မြန်မာစစ်ကောင်စီ၏ တောင်းဆိုချက်ကြောင့် ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသော CI စခန်းများကို ဇူလိုင်လ ၇ ရက်နေ့မှစ၍ လုံးဝပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာခဲ့သဖြင့် CI စခန်းများ အပြီးပိတ်သိမ်းရန် ဖြစ်လာခဲ့သည်။ သို့သော်လည်း CI စာအုပ် မပြုလုပ်ရသေးသူများအတွက် မဟာချိုင်မြို့ရှိ CI စခန်းတစ်ခုကို ဆက်ဖွင့်ပေးရန် ထိုင်းအစိုးရဘက်က ပြီးခဲ့သော ရက်ပိုင်းအတွင်း ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်အတိုင်း စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ CI စာအုပ် ထုတ်ပေးရေးစခန်းကို ဆက်ဖွင့်ထားကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။ “စခန်းကို […]

ကလိန်အောင် စစ်ကောင်စီတံတားဂိတ်တွင် အမျိုးသားခရီးသွားများ ရိုက်နှက်စစ်မေးခံရ

Dawei Watch

July 10, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ တံတားကြီးစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည် ဇွန်လနှောင်းပိုင်းကစ၍ အမျိုးသားခရီးသွားတို့ ရိုက်နှက်စစ်ဆေးခံရမှုများ ခပ်စိပ်စိပ်ဖြစ်လာကြောင်း မြို့ခံများနှင့် ခရီးသွားများထံမှ သိရသည်။ ယခင်က စစ်ဆေးတင်းကျပ်လေ့ရှိသော်လည်း ကိုယ်ထိလက်ရောက် ရိုက်နှက်စစ်ဆေးမေးမြန်းသည်ကို ကြားရလေ့မရှိကြောင်း မြို့ခံအချို့က ပြောသည်။ ယင်းစစ်ဆေးရေးဂိတ်တွင် ယခင်က ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းများနှင့် နယ်မြေရဲစခန်းမှ ရဲများက မှတ်ပုံတင် စစ်ဆေးမှုသာ ရှိသော်လည်း ဇွန်လဆန်းမှစ၍ မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ နေရာယူလာပြီး နောက် လက်ကိုင်ဖုန်း၊ ခရီးဆောင်အိတ်စသည့် တို့ကိုပါစစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် ရိုက်နှက်စစ်ဆေးမှုများပါ လုပ်ဆောင်လာကြောင်း မြို့ခံတို့နှင့် ခရီးသွားတို့၏ ပြောဆိုချက်အရ သိရသည်။ “မြို့ခံတွေနဲ့ အမျိုးသမီးတွေဆို သိပ်မစစ်ဘူး။ နယ်ခံမဟုတ်တဲ့ အမျိုးသားတွေဆို ဖုန်းတွေ၊ အိတ်တွေယူစစ်ပြီး မသင်္ကာရင် ကင်းတဲထဲမှာခေါ်ပြီးရိုက်စစ်တာရှိတယ်။ အခုကုန်လာတဲ့ […]

ပုလောရှိ စစ်ကောင်စီတပ်ရင်းနှင့် ရဲစခန်းတို့ကို တစ်ပတ်တွင်းလေးရက်တိုင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

Dawei Watch

July 10, 2024

ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းနှင့် ပုလော၊ ပလ ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တစ်ပတ်အတွင်း လေးရက်တိုင်တိုင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ဇူလိုင်လ ၁ရက် ညနေက ပလမြို့ရဲစခန်းကို ဒရုန်းဖြင့်နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပုလော ပကဖ က ထုတ်ပြန်သည်။ ဇူလိုင်လ ၂ရက် နေ့လယ်ကလည်း ပလမြို့ရဲစခန်းနှင့် ရဲစခန်းအရှေ့ရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ရှစ်ကြိမ်တိတိ ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ “တိုတောင်ပေါ်မှာရှိတဲ့ စကစ စခန်းကနေ ကျွန်တော်တို့ဒရုန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်” ဟု ပုလောမြို့နယ် ကပဖ တာဝန်ခံက ပြောသည်။ သို့သော် ဒရုန်းကို ထိခိုက်ခြင်းမရှိကြောင်း ဆိုသည်။ ယင်းသို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ပလမြို့ရဲစခန်းရှိ ရဲများက စခန်းအနီးဝန်းကျင်က […]

ချင်းမိုင်တွင် မြန်မာစစ်ဘေးရှောင်ရန်ပုံငွေအတွက် ‘အိမ်’ အနုပညာပြပွဲကျင်းပ

Dawei Watch

July 9, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာစစ်ဘေးရှောင်ရန်ပုံငွေပွဲအနေဖြင့် ‘အိမ် (HOME)’ ဟုအမည်ပေးထားသည့် အနုပညာပြပွဲကို ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်တို့တွင် နှစ်ရက်တာကျင်းပပြသနေကြောင်း Federal Art Space ထံမှ သိရသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နွေးထွေးမှုရှိသောနေအိမ်များကို စွန့်ခွာခဲ့ရသော စစ်ဘေးရှောင်များ၏ နေထိုင်မှုပုံစံများကို ရိုက်ကူးထားသော ဓါတ်ပုံများနှင့်အတူ တက်ကြွလှုပ်ရှားသူများ၏ ပန်းချီကားများ၊ ပြည်တွင်းမလုံခြုံမှုကို ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်များကို ချင်းမိုင်မြို့ရှိ Green House တွင် နှစ်ရက်တာ ပြသနေခြင်းဖြစ်သည်။ ပြပွဲတွင် ပြသထားသော ပန်းချီများကို ဝယ်ယူသူများရှိပါက ရောင်းချပေးမည်ဖြစ်ပြီး ရရှိလာသော ရန်ပုံငွေများကိုလည်း ရာခိုင်နှုန်းအလိုက် စစ်ရှောင်စခန်းများ (IDPs) များကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ရတဲ့ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို […]

လောင်းလုံး သဲပုံတောင်က လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် ရွာသားများထွက်ပြေး

Dawei Watch

July 9, 2024

လောင်းလုံးမြို့နယ်ရှိ သဲပုံတောင်ရှိ စစ်ကောင်စီတပ်က သဲပုံရွာအနီးတစ်ဝိုက်ကို ဇူလိုင်လ ၈ ရက် မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရွာသားများထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ သဲပုံရွာ၏အနောက်ဘက်ရှိ တောစပ်တစ်နေရာက သေနတ်ပစ်ခတ်သံထွက်ပေါ်လာပြီးနောက် တောင်ပေါ်တွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်က ရွာအနီးဝန်းကျင်ကိုလက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံကြားပြီးတာနဲ့ပစ်တာ” ဟု ၎င်းက ဆိုသည်။ သေနတ်သံမှာ မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ သေသေချာချာ မသိကြောင်း ဒေသခံတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် သဲပုံရွာက ဒေသခံအချို့နှင့် သာယာကုန်းရွာက ဒေသခံအချို့သည် နေအိမ်တွင် ညမအိပ်ရဲကြတော့သည့်အတွက် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အခု (ဇူလိုင်၉ရက်) မနက်ကတော့ ပြန်လာတဲ့သူလည်း ပြန်လာကြပါပြီ” ဟု […]

ထားဝယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောအဖြစ်များနေ

Dawei Watch

July 9, 2024

ထားဝယ်မြို့တွင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်သူများပြားနေပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီး အပါအဝင် ပုဂ္ဂလိကဆေးရုံများတွင်ပါ တက်ရောက်ကုသသူများပြားနေကြောင်း စုံစမ်းသိရှိရသည်။ ယခုဖြစ်နေသည့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါမှာ တစ်ဦးဖြစ်လျှင်တစ်အိမ်လုံးသို့ ကူးစက်သွားလေ့ရှိကြောင်း ကိုယ်တိုင်ဖြစ်ဖူးသူတို့က Dawei Watch ကို ပြောဆိုသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်တူ အဖျားရောဂါပါ ပူးတွဲပြီးဖြစ်ပွားလေ့ရှိကြောင်း ၎င်းတို့ကဆိုသည်။ “ဝမ်းလျှောတယ်။ဖျားတယ်။ အဲနှစ်ခုဖြစ်တာ။ တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံး၊ တစ်အိမ်လုံးဖြစ်ကုန်ကြတာ။ အဖျားကလည်း အကျမရှိဘူး” ဟု ထားဝယ်မြို့ မြို့သစ်တိုးချဲ့ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံတိုင်းတွင်လည်း ဝမ်းပျက်၊ ဝမ်းလျှောလူနာ အများအပြားရောက်ရှိနေကြောင်း ဆေးရုံသို့ ကိုယ်တိုင်ရောက်ရှိနေသူတို့က ပြောဆိုသည်။ “မယ်ဒီလန်းက ဆရာမကိုမေးကြည့်တော့ ဝမ်းပျက်၊ဝမ်းလျှောဖြစ်နေတဲ့သူ တော်တော်များတယ်တဲ့။ ထားဝယ်ဆေးရုံမှာလည်း အများကြီးရောက်နေကြတယ်ပြောတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ယနေ့ပြောဆိုသည်။ အခြေအနေ အသေးစိတ်သိရှိရန် ထားဝယ်ဆေးရုံအုပ်ကြီး ဒေါက်တာဆွေဆွေအောင်ထံ […]

တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်

Dawei Watch

July 9, 2024

တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာအများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် ထည့်သွင်း သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၈ရက်နေ့တွင် ထုတ်ပြန်သည်။ တရုတ်နှစ်သစ်ကူးနေ့ကို ဒေသတွင်း အာဆီယံနိုင်ငံများနည်းတူ၊ အချို့သော ကမ္ဘာ့နိုင်ငံများနည်းတူ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း ဆိုသည်။ အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေသည့်အနေဖြင့် ယင်းသို့သတ်မှတ်ထားခြင်းဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။ နိုင်ငံတကာ နှစ်သစ်ကူးနေ့ဖြစ်သည့် ဇန်နဝါရီ ၁ ရက်ကိုလည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် စစ်ကောင်စီက ထည့်သွင်းသတ်မှတ်ထားသည်။ ၂၀၂၃နှင့် ၂၀၂၄ ခုနှစ်တို့တွင် ရန်ကုန်၌ ကျင်းပသည့် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်အခမ်းအနားများသို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လာစဉ် တရုတ်သံအမတ်ကြီးက တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက […]