BREAKING
January 17, 2025

သတင်း

ပုလော၊မီးလောင်ချောင်းရွာ စစ်ကောင်စီဂိတ်ကို ဒရုန်းဖြင့်ဗုံးချ

Dawei Watch

July 11, 2024

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်များထံမှ သိရသည်။ ဇူလိုင် ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဒေသတော်လှန်ရေး ပူးပေါင်းတပ်များက လက်လုပ်မိုင်းအမျိုးအစား ဒရုန်းဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကဆိုသည်။ ယင်းကြောင့် စစ်ကောင်စီ၏ ခလရ ၁၇ တပ်ရင်းက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း ၎င်းက ပြောသည်။ “ဥယျာဉ်ခြံဘက်တွေကိုကျတော့ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူး” ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုသည်။ ယင်းတိုက်ခိုက်မှုကို ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒရုန်းတပ်စိတ်(Shadow Squad) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ […]

ထားဝယ်တက္ကသိုလ်ဓမ္မာရုံအတွက် စီးပွားရေးလုပ်ငန်းရှင်များက စစ်ကောင်စီကို ကျပ်သိန်းပေါင်းနှစ်ထောင်နီးပါးထည့်ဝင်

Dawei Watch

July 11, 2024

ထားဝယ်တက္ကသိုလ်တွင် ဆောက်လုပ်ထားသည့် တက္ကသိုလ်ဓမ္မာရုံအတွက် ကုန်ကျငွေအများစုကို စီးပွားရေးလုပ်ငန်းရှင် များက ထည့်ဝင်ထားရကြောင်း မြို့ခံစီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ပေ ၄၀၊ ပေ ၁၀၀ အရွယ် အာစီတစ်ထပ်တိုက်အမျိုးအစား ဓမ္မရုံအတွက် စုစုပေါင်းကုန်ကျငွေမှာ ကျပ်သိန်း ၂၀၀၀ ကျော်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တို့က ပြောသည်။ ထိုကျပ်သိန်း ၂၀၀၀ ကျော်ထဲတွင် စီးပွားရေးလုပ်ငန်းရှင်တို့ ထည့်ဝင်ငွေမှာ ကျပ်သိန်း ၁၈၀၀ ကျော်ရှိကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါကုန်ကျငွေအတွက် စစ်ကောင်စီ‌က တင်ဒါဝင်ပြိုင်သော ဆောက်လုပ်ရေးကုမ္ပဏီများကို ဌာနဆိုင်ရာတို့က အလှူ‌ငွေခေါင်းစဉ်ဖြင့် ထည့်ဝင်ခိုင်းခဲ့ကြောင်း ဆိုသည်။ “တင်ဒါခေါ်တဲ့ အချိန်ဆိုရင် အလှူငွေတွေ စိတ်ကြိုက်ထည့်ခိုင်းလို့ရတယ်လေ။ တင်ဒါမရှိရင်တော့ အလှူငွေကောက်လည်း သိပ်မရဘူး” ဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစု ထည့်ဝင်ထားသည့် ကျပ်သိန်းပေါင်း ၁၈၀၀ ကျော်နှင့် […]

နောင်ချိုမြို့ကို တအာင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းယူ

Dawei Watch

July 11, 2024

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီးနောက် ပထမဆုံးမြို့အဖြစ် နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA) နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF ပူးပေါင်းတပ်ဖွဲတို့က သိမ်းယူနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီး ၁၆ ရက်မြောက်တွင် နောင်ချိုမြို့၌ နောက်ဆုံးကျန်ရှိသည့် ဒုံးတပ်ရင်း ၆၀၆ ကို ဇူလိုင်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် သိမ်းယူပြီး မြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နောင်ချိုမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီလုံးဝ ကင်းစင်သော မြို့နယ်တစ်ခု ဖြစ်လာပြီဖြစ်ကြောင်းလည်း MDY-PDF က ယနေ့ ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်သည်။ နောင်ချိုမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ (၁၁၄) ၊ ခမရ (၁၁၅) […]

ပုလောတိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် ၅ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Dawei Watch

July 11, 2024

မြိတ်ခရိုင်၊ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု ၅ မိုင်ရွာအနီးဖြစ်ပွားသည့် တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများစွာကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ထုတ်ပြန်သည်။ ဇူလိုင်လ ၁၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် အင်အား ၅၀ ခန့်ပါသည့် ခလရ ၂၈၅ စစ်ကောင်စီတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်တို့ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု ၅ မိုင်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “တိုက်ပွဲက နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိဖြစ်ခဲ့တယ်” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။ အဆိုပါတိုက်ပွဲတွင် ခလရ ၂၈၅ တပ်ရင်းမှ ဗိုလ်မှူးသက်ထွန်းအောင်၊ တပ်ကြပ်ကြီးခင်မောင်သိန်း၊ […]

စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် သဗျာရွာက ဆယ်ကျော်သက် မိန်းကလေးတစ်ဦးသေဆုံး

Dawei Watch

July 11, 2024

လောင်းလုံးမြို့နယ် သ‌ဗျာကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အသက် ၁၄ နှစ်အရွယ် မသက်ထားစံ (ခေါ်) ဝိုင်းဝိုင်းလေးဆိုသူ သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့ထဲရှိ စစ်ကောင်စီတပ်သည် ကပ်လျက်ရှိသည့် သဗျာကျေးရွာအတွင်းသို့ ဇူလိုင်လ ၁၁ရက် နံနက်ပိုင်းတွင် ဝင်ရောက်လာပြီး နတ်ရေရတနာဘုန်းကြီးကျောင်းတွင် တပ်စွဲလိုက်ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက် အဆိုပါဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များကို ရိုက်ဖျက်မွှေနှောက်ရှာဖွေကြောင်း ၎င်းတို့က ဆိုသည်။ ဒေသခံများကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များအကြောင်း မေးမြန်းခဲ့ပြီး မသိဘူးဟု ဖြေသူများကို ရိုက်နှက်ခဲ့သဖြင့် ဒေသခံအချို့ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတင်လိုက်ရသူများလည်းရှိကြောင်း ဆိုသည်။ “PDF တွေ ဘယ်မှာရှိလဲမေးလို့ မသိဘူးလို့ပြောရင် အကုန်ရိုက်ပစ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်သားများ ထွက်သွားပြီအထင်ဖြင့် မသက်ထားစံတို့ […]

ဘန်ကောက်တွင် ကိုယ်ဝန်ဖျက်ချပြီး စွန့်ပစ်သဖြင့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

July 10, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကိုယ်ဝန်ဖျက်ချပြီးနောက် အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့သော အသက် ၁၈ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ဇူလိုင်လ ၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကိုယ်ဝန်မှာ ၄ လ၊ ၅ လအရွယ်သာ ရှိနေသေးပြီး အမွှာကလေးငယ်နှစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။ စွန့်ပစ်ထားသော အမွှာကလေးငယ်နှစ်ဦး၏ အလောင်းကို ဇူလိုင်လ ၃ ရက်နေ့တွင် ဘန်ကောက်မြို့ ဖရာထိုင်းနယ်မြေရှိ ဖဟိုရိုထင်လမ်းမပေါ်ရှိ အမှိုက်ကားပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များက အနီးအနားကို စစ်ဆေးသောအခါ မြန်မာအမျိုးသမီး ကိုယ်ဝန်သည်တစ်ဦးရှိနေသည်ကို သိရှိရသဖြင့် အခန်းသို့ သွားရောက်စစ်ဆေးရာ အခန်းထဲတွင် သွေးများသာ တွေ့ရပြီး အမျိုးသမီးကို မတွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။ အမျိုးသမီးသည် ဇူလိုင်လ ၄ ရက်နေ့မှစ၍ ပျောက်ဆုံးနေပြီးနောက် ဇူလိုင်လ […]

ရေးတွင် စစ်ကောင်စီတပ်နှင့် NMSP-AD ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

Dawei Watch

July 10, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွမ်ကျိုက်ကျေးရွာအနီးတွင် ဇူလိုင်လ ၉ရက် ညနေက စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ NMSP-AD ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၁၀၆ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် ယမန်‌နေ့ ညနေ ၅ နာရီခွဲခန့်က နယ်မြေရှင်းလင်းရန်ထွက်လာချိန် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီ NMSP-AD နှင့် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NMSP-AD ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။ နှစ်ဖက်ပစ်ခတ်မှု ၂ နာရီခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲက ၂ နာရီလောက်ကြာတယ်။ ရန်သူဘက်က […]

ရေဖြူ ဇာဒီရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က ဘတ်ဟိုးဖြင့်ဖြိုချ

Dawei Watch

July 10, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးကြောင်း ရွာသားများထံမှ သိရသည်။ သစ်လှတောရပ်ကွက်နှင့် အနောက်ကုန်းရပ်ကွက်ရှိ နေအိမ်နှစ်လုံးကို ဇူလိုင်လ ၈ ရက်နှင့် ၉ရက်တို့တွင် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ဆိုသည်။ “ညဘက်က တစ်အိမ်၊ မနက်ပိုင်းက တစ်အိမ် ဘတ်ဟိုးနဲ့ လာဖြိုသွားတယ်။ အုတ်ခံပျဥ်ထောင် နှစ်ထပ်အိမ်တွေပဲ ဖြိုခံရတယ်။ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး လာဖြိုတယ်” ဟု ဇာဒီရွာသားတစ်ဦး က ပြောသည်။ ယင်းအိမ်နှစ်လုံးအနက် စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်တွင် လာရောက်ချိပ်ပိတ်ထားသည့် နေအိမ်တစ်လုံးပါဝင်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဇာဒီရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထက်ဝက်ခန့် ရွာမှ ပြန်ထွက်ခွာသွားပြီဖြစ်၍ ရွာသားအချို့ ကျေးရွာ အတွင်း ပြန်လည်ဝင်ရောက်နေပြီဖြစ်သော်လည်း အများစုကမူ […]