BREAKING
April 30, 2025

သတင်း

လောင်းလုံးတွင် လူ့အခွင့်အရေးလှုပ်ရှားမှုပြုလုပ်

Dawei Watch

December 10, 2024

၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို လောင်းလုံးမြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ ၁၀ရက်တွင် ပြုလုပ်သည်။ “မည်သည့်လက်နက်မျှ လူ့အခွင့်ရေးအထက်တွင် မရှိစေရ” ဘန်နာကိုင်ဆောင်ပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပြီး နိုင်ငံတဝန်း အထိမ်းအမှတ်ပွဲများလည်း ကျင်းပနေကြသည်။ Facebook လူမှုကွန်ရက်ပေါ်တွင်လည်း လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ စာသားပါ profile Campaign ကို ပြုလုပ်နေကြသည်။

ရန်ကုန်တွင် ပျောက်သွားသည့် တနင်္သာရီတိုင်းက အမျိုးသားနှစ်ဦး လအတန်ကြာအထိ ရှာမတွေ့

Dawei Watch

December 10, 2024

ရန်ကုန်တိုင်း၊ လမ်းမတော်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ယခုနှစ်အတွင်း ပျောက်ဆုံးသွားသည့် တနင်္သာရီတိုင်းက အမျိုးသားနှစ်ဦးသည် ပျောက်ဆုံးပြီး လအတန်ကြာသည်အထိပြန်ရှာမတွေ့သေးကြောင်း မိသားစုများနှင့်နီးစပ်သူများထံမှ သိရသည်။ ပုလောမြို့နယ်၊ ရှပ်ပုံရွာဇာတိဖြစ်သည့် အသက် ၃၂နှစ်အရွယ် ကိုအောင်သူထွေးသည် ရန်ကုန်တွင် ဆေးလာကုသည့် သူငယ်ချင်းဖြစ်သူအား ကူညီပေးရန် လမ်းမတော်မြို့နယ်၊ သရက်တောကျောင်းတိုက်၊ နိမ္မိတာရုံဘုန်းကြီးကျောင်းတွင် တစ်ညသွားအိပ်ပြီးနောက် ဇူလိုင်လ ၆ရက် နံနက်တွင် ပျောက်ဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “ဘုန်းကြီးကျောင်းကနေ ထွက်လာတာကို မြင်လိုက်တဲ့သူတွေ ရှိတယ်။ မနက် ၆ နာရီလောက် ပြန်ထွက်သွားတယ်။ အဲဒီနောက်ပိုင်း အိမ်ကိုလည်း ပြန်မလာဘူး။ ဘုန်းကြီးကျောင်းကိုလည်း ပြန်မရောက်ဘဲ ကြားမှာ အဆက်အသွယ် ပြတ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုအောင်သူထွေးသည် မွေးရာပါ ညာခြေထောက်တစ်ဖက် မသန်သူဖြစ်ပြီး ၂၀၂၀ […]

မဲဆောက်ဆေးရုံကြီးတွင် မြန်မာတစ်ဦး၏ ကျောက်ကပ်တစ်စုံကို ပေးလှူ

Dawei Watch

December 10, 2024

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယာဉ်တိုက်မှုကြောင့် ဦးနှောက်သေဆုံးခဲ့သော မြန်မာနိုင်ငံသားတစ်ဦး၏ ကျောက်ကပ်တစ်စုံကို မိသားစုဝင်များက ဆေးရုံကြီး၏ ကိုယ်ခန္ဓာလှူဒါန်းရေးဌာနသို့ ပေးလှူခဲ့ကြောင်း မဲဆောက်ဆေးရုံကြီးက ထုတ်ပြန်သည်။ ဦးနှောက်သေဆုံးသူသည် အသက် ၄၁နှစ်အရွယ် ကိုနေဝင်းမောင်ဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်များက ဆေးရုံကြီးထံ ဒီဇင်ဘာလ ၆ ရက်က ပေးလှူခဲ့ခြင်းဖြစ်သည်။ ကိုနေဝင်းမောင်သည် ဆိုင်ကယ်မတော်တဆမှုကြောင့် အရေးပေါ်အခန်းသို့ ရောက်ရှိလာသူဖြစ်ပြီး ဆရာဝန်များက ကြိုးစားကုသပေးခဲ့သော်လည်း ဦးနှောက်သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ခန္ဓာကိုယ်လှူဒါန်းနိုင်ကြောင်း ဆေးရုံကြီးက မိသားစုဝင်များကို ဆွေးနွေးခဲ့စဉ် ကျန်ရစ်သူများက ကိုနေဝင်းမောင်၏ နောက်ဆုံးခရီးအတွက် ကျောက်ကပ်တစ်စုံကို ဆေးရုံ၏ ကိုယ်ခန္ဓာလှူဒါန်းရေးဌာနသို့ ပေးလှူရန် ဆုံးဖြတ်ခဲ့ကြောင်း ဆိုသည်။ ကျောက်ကပ်ပေးလှူခဲ့သော ကျန်ရစ်သူ မိသားစုဝင်များကို မဲဆောက်ဆေးရုံကြီး၏ ဒါရိုက်တာက ကျေးဇူးတင်စကား ဆိုထားပြီး လှူဒါန်းခဲ့သော ကိုနေဝင်းမောင်ကိုလည်း ကောင်းရာမွန်ရာ ရောက်စေရန် […]

တနင်္သာရီတွင် စစ်ကောင်စီတပ် လမ်းအသုံးပြုခွင့်ပိတ်ပြီး မိုင်းထောင်သဖြင့် စားသောက်ကုန်များပြတ်

Dawei Watch

December 10, 2024

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်ရှိ ကားလမ်းအသုံးပြုခွင့်ကန့်သတ်ထားသလို မိုင်းများထောင်ထားသည့်အတွက် ကျေးလက်နေပြည်သူများ အခက်တွေ့နေကြကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၄ရက်နှင့် ၅ရက်တွင် စစ်ကောင်စီတပ်က ဇဝဲလမ်းဆုံမှ တကူကျေးရွာအုပ်စုဘက်သို့သွားသည့် ဇဝဲ-ဖာနီလမ်း တွင် မိုင်းများထောင်ထားသလို ဇဝဲ-ဘန်းလမွတ်ကားလမ်းပေါ်တွင်လည်း မိုင်းထောင်ထားကြောင်း ဒေသခံအချို့ကဆိုသည်။ ထို့အပြင် တနင်္သာရီမြို့မှ တကူ၊ သာရဘွင်နှင့် ဘန်လောကျေးရွာဘက်သို့သွားသည့် မရင်းကြီးရွာလမ်းကိုလည်း ဒီဇင်ဘာ ၉ရက်တွင် စစ်ကောင်စီဘက်က လုံးဝပိတ်ချထားခဲ့ပြီး ဗောဓိကမ်းတံတားမှ ဘန်လော-၆မိုင်ဘက်သွားသည့် လမ်းကိုလည်း ပိတ်ဆို့ထားကြောင်း ၎င်းတို့က ပြောဆိုသည်။ ယင်းသို့ စစ်ကောင်စီတပ်က လမ်းအသုံးပြုခွင့်ကန့်သတ်ထားပြီး မိုင်းထောင်ထားသဖြင့် တကူ၊ သာရဘွင်နှင့် ဘန်လော ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းတင်သွင်းမှု အခက်အခဲကြုံနေရကြောင်း တကူကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “ဆန်၊ ဆီတွေကို ဘာမှတင်မရတော့ အစစအရာရာ […]

KNLA တပ်ရင်း ၁၂ က ဒုခွဲမှူးကို ကော်သူးလေတပ်က ပစ်သတ်

Dawei Watch

December 10, 2024

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ တပ်ခွဲ ၄ က ဒုတပ်ခွဲမှုးတစ်ဦးကို ကော်သူးလေတပ်မတော်-KTLA တပ်ရင်း ၃ က ဒုတပ်ရင်းမှူးနှင့်အဖွဲ့က ပစ်သတ်လိုက်ဟုဆိုသည်။ ဒီဇင်ဘာ ၈ ရက်တွင် KNLA တပ်ရင်း (၁၂) တပ်ခွဲ ၄ က ဒုတပ်ခွဲမှူး စောဂျိုးသည် ကစယ်ဒိုမြို့နယ်မှ KNU အုပ်ချုပ်ရေးအရာရှိတစ်ဦးကို လယ်ဒိုစိုးမြို့နယ်ကို ဆိုင်ကယ်ဖြင့် သွားပို့ပြီး အပြန် ညနေ ၅ နာရီခန့်တွင် အသတ်ခံရခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “သူက ဆာကဆော တပ်မဟာကလားမသိဘူး၊ ဗိုလ်အယ်ခွီးလက်အောက်ခံ ဒါးကေအဖွဲ့က စောင့်ပစ်လို့ဆုံးသွားတယ်။ သူပြန်တဲ့အချိန်မှာ တစ်ယောက်တည်းပဲဆိုင်ကယ်နဲ့။ အညာဖျားရွာလမ်းထိပ်မှာပဲ စောင့်ပစ်သတ်လိုက်တာ။ ပစ်သတ်ပြီးတော့ သူတို့က အလောင်းကိုသွားမြုပ်ထားတယ်။ ကျွန်တော်တို့လူကသွားပြန်ယူလာတာ” […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 10, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

KNDO တပ်ဖွဲ့ဝင် အသတ်ခံရမှု PDF ရဲဘော်နှစ်ဦးကို စစ်ခုံရုံးဖွဲ့စစ်ဆေး

Dawei Watch

December 9, 2024

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ဖွဲ့ဝင် ရဲဘော်မောင်နိုင် အသတ်ခံရမှုနှင့်ပတ်သက်၍ မြိတ်ခရိုင် တပ်ရင်း (၁) က PDF ရဲဘော်နှစ်ဦးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star က ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် KNDO တပ်ရင်း (၇) က ရဲဘော်မောင်နိုင်ကို မြိတ်ခရိုင်တပ်ရင်း (၁) ၊ တပ်ခွဲ (၁) မှ ရဲဘော်များက ကိစ္စရှိသည်ဟုဆိုကာ ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့သဖြင့် ဖြေရှင်းချက်ပေးရန် KNDO က နိုဝင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ ယခုဖြစ်စဉ်ကို သိရှိသည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးကမူ ရဲဘော်မောင်နိုင်အပါအဝင် KNDO တပ်ဖွဲ့ဝင် သုံးဦးသည် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်နှင့်ဆက်သွယ်သည်ဟုဆိုကာ နိုဝင်ဘာလ ၂၄ရက်တွင် […]

လုပ်သားရှားပါးမှုကြောင့် မြိတ်တွင် အနည်းဆုံးတစ်နှစ်စာချုပ်ဖြင့် အလုပ်ခေါ်မှုများလာ

Dawei Watch

December 9, 2024

အလုပ်သမားရှားပါးနေသဖြင့် မြိတ်မြို့ရှိ လုပ်ငန်းရှင်များ အလုပ်ခေါ်ရာတွင် အနည်းဆုံး တစ်နှစ်ကြာ အလုပ်လုပ်ရမည် ဆိုသည့် စာချုပ်ဖြင့် အလုပ်ခေါ်ကြကြောင်း ဒေသခံများနှင့် အလုပ်ရှင်အချို့က ပြောသည်။ စစ်ကောင်စီက စစ်မူထမ်းစနစ်ကို အတင်းအဓမ္မအကောင်အထည်ဖော်နေသည့်အတွက် လူငယ်လူရွယ်များက အိမ်နီးချင်း ထိုင်းနှင့် ပြည်ပနိုင်ငံများအပါအဝင် စစ်မှုထမ်းကင်းလွတ်ရာနေရာသို့ အစုလိုက်အပြုံလိုက် တိမ်းရှောင်သွားကြသည်။ ထိုကြောင့် အလုပ်လုပ်နိုင်သည့် လူငယ်ရှားပါးလာပြီး မြိတ်မြို့ရှိ လုပ်ငန်းအများစုတွင် အနည်းဆုံးတစ်နှစ် အလုပ်လုပ်ရမည် ဆိုသည့်စည်းကမ်းချက်ကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုလာကြကြောင်း မြို့ခံများနှင့် လုပ်ငန်းရှင်အချို့က ဆိုသည်။ “အလုပ်သမားတွေက တစ်လ နှစ်လလောက်လုပ်ပြီး ထွက်သွားကြတာများတော့ တစ်နှစ် စာချုပ်ချုပ်တဲ့ စနစ်ကို သုံးလိုက်တာ” ဟု မြိတ်မြို့ရှိ အထည်ချုပ်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ယခင်ကလည်း စည်းမျဉ်းသတ်မှတ်ချက်ဖြင့် စာချုပ်ချုပ်ဆိုပြီးမှ အလုပ်ခန့်သည့် လုပ်ငန်းအချို့ရှိခဲ့သော်လည်း စစ်မှုထမ်းစနစ် […]