BREAKING
April 30, 2025

သတင်း

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 12, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့မှစ၍ ဘတ်အသစ် အမည်စာရင်း လျှောက်ထားနိုင်မည်ဟုဆို

Dawei Watch

December 11, 2024

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ဒီဇင်ဘာ ၁၆ ရက်နေ့မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင်မည်ဖြစ်ကြောင်း ထိုင်းလဝက၏ ထုတ်ပြန်ချက်နှင့် အကျိုးဆောင်များထံမှ သိရသည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် ဒီဇင်ဘာလ ၃၀ ရက်နေ့မတိုင်ခင် လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သော နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။ အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင် (ပန်းရောင်ဘတ်) ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော အမည်စာရင်းတင်သွင်းခြင်းကို လာမည့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ခွင့်ပြုပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်က အကြောင်းကြားထားကြောင်း မြန်မာအလုပ်သမားအကျိုးဆောင်များထံမှ သိရသည်။ “သူတို့ (ဒီဇင်ဘာ) […]

ဘုတ်ပြင်းတွင် ပျူစောထီးအဖွဲ့ကို ပိုက်ဆံပေးပြီး မူးယစ်ဆေးရောင်းချ

Dawei Watch

December 11, 2024

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုတ်ပြင်းမြို့နယ်ရှိ‌ ကျေးရွာအများစုတွင် မူးယစ်ဆေးတစ်မျိုး ဖြစ်သည့် WY ဆေးပြားများကို လူမြင်ကွင်းတွင်ပင် ပေါ်ပေါ်ပေါ်တင်တင် ရောင်းချနေကြကြောင်း ‌ဒေသခံများထံမှ သိရသည်။ မူးယစ်ဆေးရောင်းသူများက စစ်ကောင်စီ လက်ဝေခံ ပျူစောထီးများကို ငွေပေးပြီး တရားဝင် ရောင်းချနေကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ပြည်ကြီးမဏ္ဏိုင်မြို့ ၊လေညာနှင့် မနိုးရုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ နှင့် ဘန်ဂလားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မူးယစ်ဆေးရောင်းချမှုများကြောင်း ၎င်းတို့က ပြောသည်။ “ရွာတွေမှာတော့ အရင်ကတည်းက မူးယစ်ဆေးရောင်းတာတွေရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းက ပိုဆိုးလာတယ်။ ရောင်းတဲ့သူရော ဝယ်သုံးတဲ့သူရော အကြောက်အလန့်ကို မရှိဘူး”ဟု ပြည်ကြီးမဏ္ဏိုင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။ မူးယစ်ဆေးတစ်မျိုးဖြစ်သည့် ‌မြင်းဆေးဟု ဒေသခံများခေါ်ဝေါ်သော WY ဆေးပြားကို ရောင်းဝယ်သုံးစွဲသူများပြီး တစ်ပြားလျှင် ကျပ် တစ်ထောင်ဝန်းကျင်သာရှိကြောင်း ဒေသခံများထံမှ သိရသည်။ […]

စစ်ကောင်စီတပ် ရက်ရှည်စစ်ကြောင်းထိုးနေသည့် ပုလောက တပိုရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

December 11, 2024

စစ်ကောင်စီတပ်က ရက်ရှည်စစ်ကြောင်းထိုးနေသည့် ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ တပို‌ရွာတွင် ဒီဇင်ဘာလ ၉ ရက် နံနက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ တပိုကျေးရွာရှိ ရေချောင်းအထက် (ဖိုးမဒီး) ဆိပ်တွင် စစ်ကောင်စီတပ်သားများ ရေချိုးဆင်းချိန် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာက ၂ နာရီခန့်ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တပိုကျေးရွာဒေသခံ တစ်ဦးက ပြောသည်။ အဆိုပါ စစ်ကောင်စီစစ်‌တပ်သားများက တပိုကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသလို ကျေးရွာအနှံ့ တပ်ဖြန့်ထားခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “ဗုံးနှစ်ကြိမ်ချတိုက်ခိုက်ပြီးတဲ့အချိန်မှာ PDF တွေက ဇရပ်ဆိပ်အနောက်ကမ်းဘက်ကနေ ခံပစ်ပေးတယ်။ တောကြီးမြွေဟောက်အဖွဲ့နဲ့ ကရင်‌အဖွဲ့ (KNDO) က ဆယ်အိမ်စုဖက်ကနေ ညှပ်ပြီးပစ်ပေးတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ တော်လှန်ရေးတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ချိန် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 11, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

တိုက်ပွဲများကြောင့် မြိတ်တွင် အိမ်ခြံမြေအရောင်းသွက်

Dawei Watch

December 11, 2024

အာဏာသိမ်းပြီးနောက်ပိုင်း နယ်ဒေသများတွင် တိုက်ပွဲများကြောင့် မြိတ်မြို့တွင် အိမ်ခြံမြေ အရောင်းအဝယ် သိသိသာသာမြင့်တက်လာကြောင်း မြိတ်မြို့ခံများနှင့် အိမ်ခြံမြေရောင်းဝယ်နေသူအချို့က ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစတင်ကာ တစ်နှစ်ထက်တစ်နှစ် အရောင်းအဝယ်ပိုများလာကြောင်း အိမ်ခြံမြေ အရောင်းအဝယ်လုပ်နေသူအချို့က ဆိုသည်။ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည့် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်နေသူများသည် မြိတ်မြို့တွင် အိမ်ခြံမြေဝယ်ယူကာ ပြောင်းရွှေ့နေထိုင်ကြသည့်အတွက် အရောင်းအဝယ်သွက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောပြောသည်။ အဆိုပါဒေသအများစုကို တော်လှန်ရေးတပ်များက စိုးမိုးထားပြီး စစ်ကောင်စီတပ်ကလည်း ပြန်လည်ထိန်ချုပ်နိုင်ရန် တောက်လျှောက်စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ ထိုအခြေအနေများကြောင့် ၂၀၂၃ ခုနှစ်နှင့် ယနှစ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ပိုမိုမြင့်တက်ခဲ့ကြောင်း မြို့ခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်အချို့ထံမှ သိရသည်။ “အရောင်းအဝယ်က အတော်ဖြစ်နေတာ။ တချို့ဆို တစ်နှစ်ကို (အိမ်ခြံမြေ) တစ်ဆယ်ကျော်အထိ အလုပ် (အရောင်းအဝယ်) ဖြစ်နေတယ်” […]

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသကို AA အလုံးစုံထိန်းချုပ်၊ စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းဖမ်းဆီးခံရ

Dawei Watch

December 11, 2024

ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်သည့် မောင်တောဒေသတစ်ခုလုံးကို သိမ်းယူထိန်းချုပ်နိုင်ပြီဖြစ်ပြီး အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်က အရာရှိအချို့ကိုလည်း ဖမ်းမိကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်သည်။ မောင်တောဒေသတွင် နောက်ဆုံးကျန်ရှိသည့် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ၅၅ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာလ ၈ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၀ရက်ည ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါစခန်းကို တိုက်ခိုက်ရာတွင် ဘူးသီးတောင်မြို့ စကခ-၁၅ စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ တတိယတန်း ဦးစီးအရာရှိ အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နှင့် RSO၊ ARSA၊ ARA နှင့် […]

ထားဝယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ဖမ်းထားသူတစ်ဦးကိုပစ်သတ်၊ အချို့ပြန်လွတ်

Dawei Watch

December 10, 2024

ထားဝယ်မြို့နယ်တွင် ပြည်ထောင်စုကားလမ်းမ၏အရှေ့ဘက်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးထားသည့် အမျိုးသားခုနစ်ဦးအနက် တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၅ ရက်ကစ၍ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ရွာစဥ်တစ်လျှောက် ဖမ်းဆီးခေါ်ဆောင်မှု များကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းအနက် ဒီဇင်ဘာလ ၇ရက်က ပစ်သတ်ခံရသူမှာ မောင်မယ်ရှောင်အုပ်စု၊ ခေါင်တိုင်ပြင်ရွာ ဘုန်းကြီးကျောင်းက ကပ္ပိယ အသက် ၅၀ ဝန်းကျင် အမျိုးသားဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ဆိုသည်။ “အဖမ်းခံရတုန်း ဖုန်းဝင်လာတာ စစ်သားတွေက စပီကာဖွင့်ခိုင်းတယ်။ ဖုန်းထဲကနေ ေ-ွး တွေရှိနေလားလို့ မေးလို့ တစ်ခါတည်း အခြားအတူတူ အဖမ်းခံရသူတွေနဲ့ လူစုခွဲပြီး ပစ်သတ်လိုက်တယ်” ဟု ဖမ်းဆီးခံရရာမှ ပြန်လွတ်လာသူတစ်ဦး၏ ပြောဆိုချက်ကို […]