လောင်းလုံး အင်းဇောက်ရွာစျေးသို့ နွားနို့သွားပို့သည့် အမျိုးသမီးကို စစ်ကောင်စီတပ်ပစ်သတ်
Dawei Watch
December 13, 2024လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့်တွေ့သည့် အမျိုးသမီးတစ်ဦးကို စစ်ကြောင်းက ပစ်သတ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၅နာရီခန့်တွင် အင်းဇောက်ရွာသူ အဆိုပါအမျိုးသမီးသည် အင်းဇောက်ရွာဈေးသို့ နွားနို့ပို့ရန်အသွား ရွာထဲတွင် စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ဖြစ်ဖြစ်ချင်း ဆေးရုံသွားဖို့ ကားငှားတာ လိုက်မယ့်သူမရှိတော့ သွေးလွန်ပြီးဆုံးသွားတာ။ အလောင်းကတော့ သူ့အိမ် ပြန်သယ်သွားလိုက်ကြပြီ” ဟု ပစ်သတ်ခံရသည့်အမျိုးသမီးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ အင်အားတစ်ရာကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ရက်ကစပြီး လောင်းလုံးမြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ ယင်းနေ့တွင်ပင် မင်းရပ်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်က လမ်းတွင်တွေ့သည့် အရပ်သားများကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ […]