BREAKING
January 16, 2025

သတင်း

ရေဖြူ ဇာဒီရွာက နေအိမ်ငါးလုံးကို စစ်ကောင်စီချိပ်ပိတ်

Dawei Watch

July 19, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ယခု ဇူလိုင်လအတွင်း နေအိမ်ငါးလုံးကို ချိပ်ပိတ်လိုက်ကြောင်း ရွာသားများထံမှ သိရသည်။ ဇူလိုင်လ ၁၇ ရက်တွင် ဇာဒီရွာ သစ်လှတောရပ်ကွက်နှင့် ရွာမရပ်ကွက်တို့ရှိ နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းမတိုင်မီ ဇာဒီရွာအတွင်း စစ်ကောင်စီ စစ်ကြောင်းရှိနေစဥ်ကလည်း နေအိမ်လေးလုံးကို ချိပ်ပိတ်ခဲ့ပြီး အိမ်ရှင်များ၏ တောင်းဆိုချက်အရ နေအိမ်နှစ်လုံးကို ချိပ်ပိတ်ခြင်းမှ ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။ “ကြတ်ခြေခတ်ပုံစံ အနီရောင်စာပြားကပ်ပြီး ချိတ်ပိတ်တယ်။ ပြီးတော့ ဒီအိမ်တွေမှာ ဘယ်သူမှနေလို့ မရဘူးဆိုပြီး ပြောခဲ့တယ်” ဟု ရွာသားတစ်ဦးက ပြောသည်။ PDF တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သည့်နေအိမ်များဖြစ်၍ လာရောက်ချိပ်ပိတ်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း သီးခြားအတည် မပြုနိုင်သေးပေ။ ဇူလိုင်လ ၈ရက်နှင့် […]

လောင်းလုံးမြို့နယ် အာဇာနည်နေ့ အခမ်းအနား

Dawei Watch

July 19, 2024

လောင်းလုံးမြို့နယ်အတွင်း အာဇာနည်နေ့ အခမ်းအနားကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီအပါအဝင် တော်လှန်ရေးအင်အားစုဝင်အချို့က ယနေ့ (ဇူလိုင်လ ၁၉ ရက်)တွင် ပြုလုပ်သည့် မြင်ကွင်း။

လောင်းလုံးမြို့အနီးဝန်းကျင် ရွာများကို စစ်ကြောင်းထိုးသဖြင့် ဒေသခံများ ထွက်ပြေး

Dawei Watch

July 19, 2024

လောင်းလုံးမြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့ပေါ် အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည့် ယနေ့ နံနက်ပိုင်းတွင် ညင်းမော်ရွာသို့ ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အိမ်နောက် (ရွာအနောက်ဘက် တောတန်း) ကနေ ပေါ်လာတာ ရွာတွေထဲမှာတော့ လူမရှိတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ထို့နောက် စစ်ကောင်စီ စစ်ကြောင်းသည် နံနက် ၁၁ နာရီကျော်တွင် ညင်းမော်ကျေးရွာအုပ်စုရှိ ရင်းဘုတ်ရွာသို့ ရောက်ရှိလာချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။ “အခုထိ ပစ်နေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေရောပဲ။ ကျွန်မ မြင်နေတာ အိမ်နှစ်ဆောင်လောက်ရှိတယ် မီးခိုးတက်နေတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ […]

ထိုင်းတောင်ပိုင်းက အာဇာနည်နေ့

Dawei Watch

July 19, 2024

၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီရှိ မေတ္တာရိပ် မြန်မာစာသင်ကျောင်းတွင် ယနေ့ (ဇူလိုင်လ ၁၉ ရက်နေ့)ကျင်းပ ပြုလုပ်နေစဉ်။  

စစ်ကောင်စီတပ်က ကော့သောင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ပြီး နေအိမ်မီးရှို့

Dawei Watch

July 18, 2024

စစ်ကောင်စီတပ်က ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ခမောက်ငယ်ရွာ အုပ်စုအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်က ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၆၂ တပ်ရင်းမှ အင်အား ၃၀ ခန့်ပါသည့် စစ်ကြောင်းက ခမောင်ငယ်ကျေးရွာအုပ်စုရှိ ရွာသစ်ရွာကိုရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅ ဆောင်ခန့် မီးလောင်ပျက်စီးသွားပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ “သူတို့(စကစ)က ရွာကိုဝင်လာပြီး ရွာထဲကနေအိမ်မှာရှိနေသူတွေကို နှင်လွှတ်ပြီးတော့ နေအိမ်တွေကို မီးရှို့တယ်ပေါ့နား(နော်)။ မီးရှို့ပြီးတော့ သူတို့ကပြန်ထွက်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။ ယင်းနေ့ နံနက် ၈နာရီခန့်တွင်လည်း […]

ချောင်းဆုံတွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် စစ်ကောင်စီ စတင်လုပ်ဆောင်

Dawei Watch

July 18, 2024

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရက စတင်လုပ်ဆောင်နေပြီး မြေနေရာများ အဓမ္မ လိုက်လံဝယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ ချောင်းဆုံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းအကောင်အထည်ဖော်မည့် အကြောင်းကို စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဇွန်လ ၂၄ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ စစ်ကောင်စီက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာနှင့် ဒရယ်ကျေးရွာကြားတွင် အကောင်အထည်ဖော်ရန် လျာထားသည်။ ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် လက်ရှိတွင် မွန်ပြည်နယ်အာဏာပိုင်များနှင့် နီးစပ်သူတို့က မြေများကို အတင်းအဓမ္မ လိုက်လံဝယ်ယူနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူတို့က (မြေဝယ်သူ) ဒီမြေကို ဝယ်မယ် ရောင်းမလား။ မရောင်းဘူးလား ရောင်းရင်တော့ သူတို့‌ ပေးသလောက်ကိုယူ […]

တနင်္သာရီ စစ်ဘေးရှောင်များ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောတစ်ပြိုင်တည်းဖြစ်နေ

Dawei Watch

July 18, 2024

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များသည် ယခုမိုးတွင်းရာသီတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက် ဝမ်းလျှော ရောဂါတို့ တစ်ပြိုင်နက်ဖြစ်နေကြကြောင်း နွေဦးမေတ္တာ – စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။ မြို့နယ်အတွင်းရှိ ဖျားနာသည့် စစ်ဘေးရှောင်အများစုသည် အဖျားတက်ပြီးနောက်ပိုင်း ၅ ရက်မှ ၇ ရက်ခန့်အကြာတွင် ငှက်ဖျား သို့မဟုတ် သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာဖြစ်လာကြကြောင်း အဖွဲ့ထံမှ သိရသည်။ အဖျားရှိသော စစ်ရှောင်အများစုသည် ရက်အနည်းငယ်အကြာတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်လာပြီး ငှက်ဖျားရောဂါပါ တစ်ပြိုင်တည်းသို့မဟုတ် တစ်လှည့်စီ ဖြစ်နေကြကြောင်း နွေဦးမေတ္တာအဖွဲ့ဝင် တစ်ဦးက ပြောသည်။ “သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားဆိုရင် သွေးလွန်တုပ်ကွေးလက္ခဏာအရင်ပြတယ်။ ပြပြီးမှ ငှက်ဖျားပြသမားရှိတယ်။ တချို့ လူနာကျတော့လည်း ငှက်ဖျားအရင်ပြပြီးမှ သွေးလွန်တုပ်ကွေးပြန်ပြတဲ့လူနာရှိတယ်” ဟု အဖွဲ့ဝင်အမျိုးသမီးက ဆိုသည်။ စစ်ဘေးရှောင်အချို့က ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီးနောက် ငှက်ဖျား သို့မဟုတ် သွေးလွန်တုပ်ကွေးရောဂါ […]

ထားဝယ်တွင် ကွမ်းသီးအနုဈေးရ

Dawei Watch

July 18, 2024

ပြည်ပက ဝယ်လက်များ လာရောက်ဝယ်မှုကြောင့် ယခုနှစ်တွင် ကွမ်းသီးအနုဈေးကောင်းရနေကြောင်း ဒေသခံများနှင့် ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။ သို့သော် ကွမ်းသီးအနုမှာ လိုအပ်သည့် ပမာဏအတိုင်း ဝယ်မရဖြစ်နေကြောင်း ပွဲရုံလုပ်ငန်းရှင် အချို့က ဆိုသည်။ ပြီးခဲ့သည့်နှစ် ရာသီအစပိုင်းတွင် ကွမ်းသီးအနုဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀၀ ခန့်မှ ၅၀၀၀ ခန့်အထိသာ စျေးရှိပြီး နောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေကြောင့် ဝယ်လက်များလုံးဝ မဆင်းလာတော့သဖြင့် ကွမ်းသီးနုဝယ်သူပင် မရှိဖြစ်ခဲ့ကြောင်း ၎င်းတို့ ထံမှ သိရသည်။ ဒေသခံများမှာ မိုးကာလ စားဝတ်နေရေးအတွက် ကွမ်းသီးအနုခူးရောင်းလိုသော်လည်း ဝယ်လက်မရှိသဖြင့် မရောင်းခဲ့ရပေ။ ယခုနှစ်တွင် ကွမ်းသီးနုဝယ်လက်များ ပြန်ဆင်းလာသဖြင့် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျော်အထိ စျေးရလာပြီး တစ်လုံးလျှင် ၆၅ ကျပ်မှ ၉၇ ကျပ်ခန့်အထိ […]