ချွန်ဘူရီက မြန်မာဇနီးမောင်နှံနှစ်ဦး ထိုင်းထီ ဘတ် ၁၂ သန်း ပေါက်
Dawei Watch
December 17, 2024ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ကွန်ပြူတာပစ္စည်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆု ဘတ် ၆ သန်း နှစ်စောင်တွဲကို ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ထီပေါက်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၀၉၇၈၆၃ တွင် ခြောက်လုံးတိုက် ပထမဆုကို နှစ်စောင်တွဲကံထူးခဲ့ခြင်းဖြစ်သည်။ ဇနီးမောင်နှံသည် ချွန်ဘူရီခရိုင်ရှိ ဝပ်ဖရောင်းဘုန်းကြီးကျောင်းတွင် ရောင်းချသော ထီကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။ ဇနီးမောင်နှံနှစ်ဦးသည် ထီပေါက်သည်ကို သိရှိပြီးနောက် ဆုငွေထုတ်ယူရန် MHAC မဟာမိတ်အဖွဲ့ကို ကူညီတောင်းခံခဲ့သဖြင့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဆုငွေအပြီးထုတ်ယူပေးခဲ့ပြီး ထီပေါက်သူထံ […]