တနင်္သာရီ ရေဖြူရွာနှင့် ထုံခါရွာအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့်ဗုံးကြဲ
Dawei Watch
December 19, 2024တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရေဖြူရွာနှင့် ထုံခါရွာအနီးတွင် ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် KNLA၊ KTLA တပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း တနင်္သာရီတိုင်းစစ်ဌာနနှင့် ဒေသခံတို့ထံမှ သိရသည်။ အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် မြိတ်ဘက်မှ တနင်္သာရီ-ထုံခါလမ်းဆုံဘက်သို့ စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့က ပြောသည်။ ယမန်နေ့ မနက် ၁၀နာရီခန့်တွင် ရေဖြူ၊ ထုံခါရွာအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထုံခါ-မောတောင် လမ်းပိုင်းရှိ KNU စစ်ဆေးရေးဂိတ်အနီးတဝိုက်နှင့် ချောင်းနောက်ပြန်ရွာ၊ သိန်ခွန်းရွာအနီးတဝိုက်ကို K8W ဂျက်ဖိုက်တာဖြင့် ဗုံးသီး ကိုးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “အဓိကတော့ သူတို့ဒီနယ်စပ်ကုန်သွယ်ရေးလမ်းပေါ့နော်၊ ထုံခါ-မောတောင်လမ်းပိုင်းကို ပြန်ပြီးတော့ စိုးမိုးထိန်းချုပ်ချင်တဲ့ သဘောလို့ ကျွန်တော်တို့သိထားရတယ်ပေါ့နော်။ အဲ့ဒီစစ်ကြောင်းက မောတောင်အထိကို စစ်ကြောင်းထိုးမယ်လို့ […]