BREAKING
April 29, 2025

သတင်း

ထိုင်းတောင်ပိုင်း လိပ်ကျွန်းတွင် မြန်မာတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

December 22, 2024

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (Koh Tao) တွင် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်က ကြိုးဆွဲချသေဆုံးကြောင်း ကော့တောင်ကျွန်းပေါ်ရှိ မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။ သေဆုံးသူသည် မကွေးတိုင်း၊ အောင်လံမြို့ဇာတိဖြစ်သည့် အသက် ၂၆နှစ်အရွယ် ကိုဘိုနိုင် ခေါ် ကိုနိုင်နိုင်ထွေးဖြစ်ပြီး ကျွန်းပေါ်၌ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း ကော့တောင်ကျွန်းတွင် နေထိုင်သည့် မြန်မာတစ်ဦးက ပြောသည်။ ကိုဘိုနိုင်သည် နေထိုင်ရာအိမ်နှင့် မနီးမဝေးရှိ သစ်ပင်တစ်ပင်ပေါ်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါမြန်မာနိုင်ငံသားက ဆိုသည်။ “သေဆုံးသူ (ရဲ့) အစ်ကိုပြောတာက မနက် ၄နာရီလောက်က သူ့ညီကို မတွေ့လို့ လိုက်ရှာသေးတာ ရှာမတွေ့ဘူးတဲ့။ မနက် ၆နာရီလောက်မှ ကြိုးဆွဲချထားတာ (ကို) လမ်းသွားလမ်းလာ ထိုင်းလူမျိုးတစ်ဦးက တွေ့သွားလို့ သူ့အစ်ကိုဆီ လာပြောတာ” […]

စစ်ကြောင်းတပ်စွဲထားသည့် ဇာဒီရွာတွင် အိမ်အချို့မီးရှို့ခံရ၊ ရွာသားများလည်း အဖမ်းခံထားရ

Dawei Watch

December 22, 2024

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ် ဇာဒီကျေးရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်တပ်စွဲထားချိန် ဒီဇင်ဘာလ ၂၁ရက်က နေအိမ်အချို့ မီးရှို့ခံရကြောင်း ရွာသားများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၇ရက်တွင် ကံပေါက်ရေကန်တောင်ရှိ မိုက်ခရိုဝေ့ဖ်တာဝါတိုင်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများ စစ်ကားရှစ်စီးဖြင့် လာရောက်ကာ ဇာဒီရွာဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ “မနေ့က လက်နက်ကြီးလည်း တစ်နေ့လုံးဆက်တိုက်ပစ်တယ်။ အိမ်တွေလည်း မီးတိုက် (ရှို့) ခံရတယ်။ အဝေးကပဲ လှမ်းမြင် ရတယ်။ ဇာဒီရွာထဲမှာ (ဒေသခံတွေ) တစ်ယောက်မှ မရှိတော့ဘူး။ ပိတ်မိနေတဲ့ (ဒေသခံ) လူတွေလည်း အကုန်ဖမ်းထား တယ်” ဟု စစ်ရှောင်နေရသည့် ဇာဒီရွာသားတစ်ဦးက ပြောသည်။ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် မီးရှို့ခံရသည့် အိမ်အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ Dawei Watch က ရရှိထားသည့် […]

မြိတ်၊ ရွှေပေးကျေးရွာတွင် နေအိမ်နှစ်ဆောင်မီးလောင်

Dawei Watch

December 22, 2024

မြိတ်မြို့နယ်၊ ရွှေပေးကျေးရွာ ဝါဆိုဦးဘုန်းကြီးကျောင်းလမ်းအနီးတွင် ယနေ့နေ့လယ် ၁ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်ဆောင်မီးလောင်ပျက်စီးသွားသည်။ “ရှေ့လေကလည်းတိုက်နေတယ်။ အနီးအနားကလူတွေကလည်း အိမ်မှာရှိတဲ့ရေပုံးတွေနဲ့ လက်လှမ်းမီသလောက် ရေခပ်လောင်းကြတယ်။ တခြားအိမ်တွေကူးမှာစိုးလို့ ‌မီးလမ်းတွေဖြတ်ထားရတယ်” ဟု ရွေပေးကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ မီးသတ်ကားမရောက်မီတွင် ဒေသခံများက နေအိမ်ရှိ သောက်သုံးရေဗူးများဖြင့် ရေသယ်ဆောင်ပြီး မီးငြှိမ်းသတ်ခဲ့ကြသည်။ မီးသတ်ကားရောက်လာပြီးနောက် နေ့လယ် ၁ နာရီခွဲဝန်းကျင်‌တွင် မီးငြိမ်းသွားသည်ဟု ဒေသခံများထံမှသိရသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

December 21, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA သိမ်းယူ၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဖမ်းဆီးခံရ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာလ ၂၀ရက်က သိမ်းယူလိုက်ပါတယ်။ ဒါဟာ လားရှိုးမှာရှိတဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပြီးရင် ဒုတိယမြောက်သိမ်းယူခံရတဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်လာပါတယ်။ အမ်း နပခကို သိမ်းယူရာမှာ ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းမိတယ်လို့ AA က ဒီဇင်ဘာလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။ နပခဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုင်းမှူးအဖြစ် […]

မြန်မာနယ်စပ်အနီး ထိုင်းလေပိုင်နက်သို့ လေယာဉ်တစ်စီး ဝင်လာ၍ အရေးပေါ်စုံစမ်း

Dawei Watch

December 21, 2024

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖုတ်ဖရဒေသ ထိုင်းလေပိုင်နက်ထဲသို့ အမျိုးအစားမသိရသော လေယာဉ်တစ်စီး ဝင်လာသဖြင့် ထိုင်းဂျက်ဖိုင်တာလေယာဉ်နှစ်စီး အရေးပေါ်လွှတ်တင်ခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အမျိုးအစားမသိရသော လေယာဉ်သည် ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ထိုင်းလေပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့သဖြင့် ထိုင်းဘက်က F-16 ဖိုက်တာဂျက်လေယာဥ်နှစ်စီးဖြင့် ကင်းထောက်စုံစမ်းခဲ့ရကြောင်း သိရသည်။ အဆိုပါလေယာဉ်သည် ထိုင်းလေပိုင်နက်ထဲတွင် အမြင့်ပေ ၄၀၀၀ မှ ၅၀၀၀ ကြားပျံသန်းခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်က ဆိုသည်။ ယင်းလေယာဉ်အမျိုးအစားကို ကင်းထောက်နိုင်ရန်အတွက် ဂျက်ဖိုက်တာ လေယာဉ်နှစ်စီးကို အမြင့်ပေ ၇၀၀၀ ကျော်အထိ ပျံသန်းစေပြီး ထောက်လှမ်းစေခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ သို့သော်လည်း ဂျက်ဖိုက်တာလေယာဉ်နှစ်စီး ရောက်ရှိလာသောအချိန်တွင် အဆိုပါလေယာဉ်သည် ပိုင်နက်ထဲက ပြန်လည်ထွက်ခွာသွားပြီးနောက် လေဒါထဲက ပျောက်ကွယ်သွားခဲ့ကြောင်း […]

အမ်း နပခကို AA သိမ်းယူ၊ ဒုတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်တို့ ဖမ်းဆီးခံရ

Dawei Watch

December 21, 2024

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) က သိမ်းယူနိုင်ခဲ့ပြီး ဒုတိုင်းမှူးနှင့် တိုင်းဦးစီးမှူးတို့ကို ဖမ်းမိထားကြောင်း ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်သည်။ အမ်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစစ်ရုံးကို နှစ်ပတ်ခန့်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၀ ရက်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထိုးစစ်ဆင်တိုက်ခိုက်စဉ်အတွင်း စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်ဖြင့် အင်အား ၁၅၀ ခန့်စီ သုံးကြိမ်လာရောက် စစ်ကူပို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နပခ ကို သိမ်းယူရာတွင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား ဖမ်းမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းဖြင့်တကွ ထုတ်ပြန်ထားသည်။ အမ်းမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သဖြင့် AA […]

ပြင်သစ်မှာ အမျိုးသားက ဇနီးသည်ကို ဆေးခတ်ပြီး အပေါင်းအဖော်တွေနဲ့အတူ နှစ်ပေါင်းများစွာ အဓမ္မကျင့်

Dawei Watch

December 20, 2024

ပြင်သစ်မှာ အမျိုးသားဖြစ်သူက ဇနီးသည်အမျိုးသမီးကို ဆေးခတ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြာအောင် ကိုယ်တိုင် အဓမ္မကျင့်ခဲ့တဲ့အပြင် တခြားသူတွေကိုပါ ဖိတ်ခေါ်ပြီး အဓမ္မကျင့်စေခဲ့ပါတယ်။ ခံရတဲ့သူကတော့ ဂျီဆဲလ်ပီလီကော့ (Gisèle Pelicot) လို့ခေါ်တဲ့ အမျိုးသမီးဖြစ်ပြီး ဆေးခတ်ခံရပြီး သူမအသိမရှိနေတဲ့အချိန်မှာ အမျိုးသားဖြစ်သူက သူမကို အဓမ္မကျင့်ဖို့အတွက် အွန်လိုင်းပေါ်ကနေ အခြားသူတွေကို ဖိတ်ခေါ်ခဲ့တာပါ။ အမျိုးသားကတော့ ဒိုမနစ်ပီလီကော့ (Dominique Pelicot) လို့ခေါ်ပြီး သူမကို အဓမ္မကျင့်ရာမှာ အခြားအမျိုးသား ၅၀ အထိ ပါဝင်ခဲ့တာကို တရားရုံးမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူမကို အဓမ္မကျင့်သူတွေထဲ လူကြီး၊ လူငယ် အစုံပါဝင်ခဲ့ပြီး သတင်းထောက်၊ မီးသတ်သမား၊ ရဲတပ်ဖွဲ့တွေကအစ ပါဝင်နေတာပါ။ တရားရင်ဆိုင်ပြီး ၁၆ ပတ်အကြာမှာတော့ တရားရုံးက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ အဓမ္မကျင့်တဲ့ […]

ထားဝယ်အရှေ့တောဒေသက KTLA စခန်း ၅ ခုကို ရှင်းလင်းခဲ့ဟု KNU ဆို

Dawei Watch

December 20, 2024

ထားဝယ်အရှေ့တောဒေသက ကော်သူးလေတပ်ဖွဲ့(KTLA)၏ စခန်း ၅ ခုကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး KTLA တပ်ဖွဲ့ဝင်ဆယ်ဦးကျော်နှင့် လက်နက်များ သိမ်းဆည်းရရှိထားကြောင်း KNU/KNLA (ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်) တာဝန်ရှိသူကဆိုသည်။ ဒီဇင်ဘာ ၈ ရက်က KNLA တပ်ရင်း(၁၂) တပ်ခွဲ ၄ က ဒုတပ်ခွဲမှူးစောဂျိုးကို KTLA တပ်ရင်း(၃) ဒုတပ်ရင်းမှူး ဗိုလ်ဒါးကေနှင့်အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ၁၁ ရက်အကြာ ဒီဇင်ဘာ ၁၉ ရက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့က မနေ့က သူတို့နေတဲ့စခန်း ၅ ခုကိုဝင်ရှင်းပစ်လိုက်တယ်” ဟု KNLA တပ်ရင်းတစ်ခုက တပ်ရင်းမှူးက ပြောသည်။ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် KTLA တပ်ဖွဲ့ဝင် ၁၃ ဦးအရှင်ဖမ်းမိပြီး လက်နက် ၁၃ လက်သိမ်းဆည်းရရှိသည်ဟု တပ်ရင်းမှူးက ပြောသည်။ […]