ကျိုက်ထိုတွင် စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကျည်စထိပြီး ဒေသခံတစ်ဦးသေ၊ လေဦးဒဏ်ရာရ
Dawei Watch
December 24, 2024မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး လေဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ တဂေးချောင်းဖျားကျေးရွာဘက်သို့ စစ်ကောင်စီ အမှတ် ၆၀၂ တပ်ရင်းက လက်နက်ကြီးများဖြင့် ဒီဇင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည်တစ်လုံးသည် တဂေးချောင်းဖျားကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ဦးစံကွေး၊ အသက် ၄၀ နှစ်အရွယ် ဦးနေလင်းအောင်နှင့် အသက် ၁၅ နှစ်အရွယ် နော်ဖူးပွင့်ကျော်တို့ လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာများရကြောင်း ဒေသခံများက ဆိုသည်။ “ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာကတော့ သူတို့ လုပ်နေကျဖြစ်နေတယ်။ တစ်နေရာရာမှာ ပစ်ခတ်မှု ဖြစ်ကြရင်လည်း ရွာဘက်ကို လက်နက်ကြီးနဲ့ […]