ကံပေါက်တိုက်နယ်အတွင်းရှိ လမ်းပိုင်းများကို စစ်ကောင်စီတပ်က ထပ်မံဖျက်ဆီး
Dawei Watch
December 27, 2024ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အတွင်းရှိ လမ်းပိုင်းနှစ်ခုကို ဒီဇင်ဘာလ ၂၆ ရက်ညတွင် စစ်ကောင်စီတပ်က ထပ်မံဖြတ်တောက်ကာ ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှသိရသည် ။ ဂန့်ဂေါ်တောင်ရွာနှင့် တောင်ရင်းအင်းရွာ အကြားရှိ ဆယ်အိမ်စုရွာလမ်းပိုင်းက ကွန်ကရစ်ကားလမ်းမကို လည်းကောင်း ၊ ဂန့်ဂေါ်တောင်ရွာနှင့် ဘုရားမဲရွာအကြားရှိ မြေသားလမ်း ကိုလည်းကောင်း မြေတူးစက်များဖြင့် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည် ။ ဆယ်အိမ်စုရွာလမ်းပိုင်းရှိ ကွန်ကရစ်ကားလမ်းမ၏ လမ်းအသားများကို စက်ဖြင့်တူး၍ ကား၊ဆိုင်ကယ်များ သွားမရအောင်ဖျက်ဆီးလိုက်ပြီး ဘုရားမဲလမ်းပိုင်းတွင်မူ မြေသားလမ်းကို ကန့်လန့်ဖြတ် မြောင်းတစ်ခုတူး၍ ဖျက်ဆီးခဲ့ခြင်းဖြစ်သည် ။ ” ညက ၇ နာရီလောက်က စက်ကြီးက အရှေ့က ၊ ရေတပ်က စစ်တပ်ကားက နောက်ကလိုက်ပြီး သွားဖျက်ကြတာ ၊ ည ၉ နာရီလောက်မှ ပြန်လာကြတယ် […]