ထားဝယ်မြို့ပေါ်တွင် အမျိုးသမီးအလောင်းတွေ့
Dawei Watch
December 30, 2024ထားဝယ်မြို့ပေါ်တွင် ယနေ့ (ဒီဇင်ဘာ ၃၀) နံနက်ပိုင်းတွင် အမျိုးသမီး ရုပ်အလောင်းတစ်လောင်း တွေ့ရှိရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ထားဝယ်မြို့ ဝဲကျွန်းမြို့သစ် ရပ်ကွက်၊ ၇ လမ်းနှင့် ၁၀ လမ်းထောင့် အနီးတွေ့ရခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှသိရသည်။ သေဆုံးသူအမျိုးသမီးမှာ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အတွင်းခံအင်္ကျီသာရှိပြီး၊ ရုပ်အလောင်းအနီးတွင် အတွင်းခံဘောင်းဘီတစ်ထည်နှင့် စက်ဘီးတစ်စီး၊ ပိုက်ဆံတစ်ထောင်၊ ပေါင်ဒါဘူးတစ်ဘူးတွေ့ရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ကျွန်တော်တို့စတွေ့ချိန်မှာတော့ အလောင်းကပက်လက်အနေထားပေါ့နော်။ အပေါ်ပိုင်းအင်္ကျီမရှိဘူးအတွင်းခံပဲရှိတယ်။ ဘောင်းဘီအရှည်ဝတ်ထားတယ်။ နဖူးမှာချိုင့်ဝင်ဒဏ်ရာ တွေ့တယ်”ဟု အထက်ပါတာဝန်ရှိသူပြောသည်။ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးသလို ၎င်း၏ရုပ်အလောင်းကို ဇမ္ဗူသီရိအဖွဲ့မှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် […]