BREAKING
January 16, 2025

သတင်း

မဟာချိုင်တွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သားလေးရာခန့် ဘတ် ၁၈သန်းကျော် နစ်နာကြေးရ

Dawei Watch

August 5, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့တွင် စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား လေးရာခန့် အလုပ်ထုတ်နစ်နာကြေး ဘတ် ၁၈ သန်းကျော်ရကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့တို့ထံမှ သိရသည်။ ယင်းပမာဏသည် ပြီးခဲ့သော ၂နှစ်တာကာလအတွင်း အလုပ်သမားများ အလုပ်ထုတ်ခံရမှုတွင် နစ်နာကြေးရရှိမှု အများဆုံး ပမာဏဖြစ်ပြီး ဩဂုတ်လ ၄ ရက်က ရရှိခဲ့ကြောင်း MHAC အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ဇူလိုင်လ ဒုတိယအပတ်က အလုပ်ရှင်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်သိမ်းပြီဟု စကားပြန်မှ တစ်ဆင့်ပြောကြားခိုင်းပြီးနောက် မြန်မာအလုပ်သမား ၃၈၀ ဦးမှာ ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားသဖြင့် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင် အလုပ်ရှင်က အလုပ်သမားများကို ခေါ်ယူပြီး […]

ရဟန်းအသွင်ယူထားသည့် စစ်ကောင်စီတပ်သားကို တော်လှန်ရေးတပ် ဖမ်းဆီး

Dawei Watch

August 5, 2024

ရဟန်းအသွင်ယူပြီး ခရီးသည်တင်ကားပေါ် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးထားကြောင်း တောကြီးမြွေဟောက်တော်လှန်ရေးတပ်ဖွဲ့ က ဩဂုတ်လ ၅ ရက် (ယနေ့) ထုတ်ပြန်သည်။ ထိုကဲ့သို့ အသွင်ယူထားသည့် စစ်ကောင်စီတပ်သားကို မြိတ်မြို့မှ ရန်ကုန်မြို့သို့သွားမည့် ခရီးသည်တင်ကားတစ်စီးပေါ်တွင် ဇူလိုင်လ ၂၀ ရက် နံနက်က ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ မြိတ်ခရိုင်အတွင်း မြိတ်-ပုလောလမ်းပိုင်းတွင် တောကြီးမြွေဟောက်တပ်ဖွဲ့က စစ်ဆေးနေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင်ပါဝင်သည့် တပ်ဖွဲ့တစ်ဦးက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သားသည် မြိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၀၁) တပ်ရင်းကဖြစ်ကြောင်း ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်သားမှာ အသက် ၄၀အရွယ် မောင်ထွေးဆိုသူဖြစ်ပြီး စစ်မှုထမ်းသက်တမ်း ၃နှစ် ရှိပြီဖြစ်ကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။ တောကြီးမြွေဟောက်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါစစ်ကောင်စီတပ်သား၏ ကိုယ်ပိုင်အမှတ်မှာ […]

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်အောက် ပြန်ကျ

Dawei Watch

August 5, 2024

တနင်္သာရီမြစ်ရေသည် ယနေ့ (ဩဂုတ် ၅) နံနက်ပိုင်းတွင် စိုးရိမ်ရေအမှတ် ၁၇ ပေ အောက် ၁ ပေ ၂ လက်မ ပြန်လျော့ဆင်းသွားပြီဖြစ်ပြီး ရေကြီးရေလျှံနေသည့် ရပ်ကွက်၊ကျေးရွာများလည်း ရေကျသွားပြီဖြစ်ကြောင်း တနင်္သာရီဒေသခံများထံကသိရသည်။ တနင်္သာရီမြို့တွင်းရှိ ရပ်ကွက်နှင့်လမ်းများတွင် ရေကျသွားပြီဖြစ်ပြီး မြေနိမ့်သည့် မွန်စုရပ်ကွက်ဘက်တွင်သာ ရေအနည်းငယ် ကျန်ရှိနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ” မြို့ထဲမှာ ရေမရှိတော့ဘူး ၊ အိမ်တွေပြန်ပြီး သန့်ရှင်းရေးလာလုပ်နေကြပြီ ၊ မွန်စုဘက်နဲ့ အခြား နည်းနည်းနိမ့်တဲ့ဘက်တွေမှာတော့ ရေခြေသလုံးလောက်ကျန်သေးတယ်။ မြုပ်နေတာတော့ မကျန်တော့ဘူး ” ဟု ၎င်းက ပြောသည်။ တကူတိုက်နယ်ဘက်တွင်လည်း ရေကျသွားပြီဖြစ်ပြီး နေအိမ်ပြိုကျပျက်စီးမှုများလည်း တွေ့ရှိရသည့်ဟု ‌ဒေသခံများကပြောသည်။ ” အင်းရှည်ကုန်းရပ်ကွက်မှာ ၉ ဆောင် ၊ ပြည်အေးရွာမှာ […]

လောင်းလုံးတွင် ငါးရက်ကြာ ပျောက်နေသည့်အဘွား ကျန်းကျန်းမာမာပြန်တွေ့

Dawei Watch

August 5, 2024

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင်နေထိုင်သည့် အသက် ၈၀ ကျော်အရွယ်အဘွား ဒေါ်နှင်းညွန့် ပျောက်ဆုံးပြီး ၅ ရက်မြောက်နေ့ ၌ ပြန်လည်ရှာဖွေတွေရှိခဲ့ကြောင်း မိသားစုဝင်များကပြောသည်။ ပန်းဒလဲရွာမှ သုံးမိုင်ကျော်ခန့်ဝေးသည့် ညင်းဝရွာအနီး တောထဲတွင် ယနေ့ မနက် ၉ နာရီဝန်းကျင်ခန့်တွင် ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။ အိမ်သားများ၏နာမည်ကို အော်ခေါ်နေသည့် အဘွားအသံကို ဥယျာဉ်ခြံထဲ ရောက်နေသည့် ဒေသခံအမျိုးသမီးက စတင် ကြားရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဘွားဒေါ်နှင်းညွန့်ကို အိမ်ကထွက်သွားသည့် အဝတ်အစားအတိုင်း ပြန်လည်တွေ့ရှိသလို အဝတ်များ ရေစိုခြင်းမရှိကြောင်း၊ ကျန်းမာရေးလည်းကောင်းကြောင်း မိသားစုဝင်များကပြောသည်။ “အဘွားလက်ထဲမှာ ရေသဖန်းရွက် သုံးရွက်နဲ့ တောင်ဝှေးတစ်ချောင်းပါလာတယ်။ ထမိန်က ဇောက်ထိုးဖြစ်နေတယ်။ ကျန်တာအိမ်က ထွက်သွားတဲ့တိုင်း ပြန်တွေ့ရတာ မိသားစုကို တွေ့တွေ့ချင်း ရေဆာတယ် ရေဆာတယ်လို့ ပြောတယ်”ဟု မိသားစုဝင်ကပြောသည်။ ဩဂုတ်လ ၁ […]

လောင်းလုံးတွင် အမျိုးသမီးကြီးတစ်ဦးကို PDF က ဝါးလုံးဖြင့်ရိုက်

Dawei Watch

August 4, 2024

လောင်းလုံးမြို့နယ် ငါးရွာအုပ်စု သဘော့ဆိပ်ရွာတွင် အသက် ၅၉နှစ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးကို PDF က ဝါးလုံးဖြင့် ရိုက်နှက်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။ ရိုက်ခံရသူမှာ အသက် ၅၉ နှစ်အရွယ်ရှိ ဒေါ်စန်းကြူဖြစ်ပြီး သဘော့ဆိပ်ရွာ နေအိမ်သို့ ပြန်ရောက်နေစဉ် ဇူလိုင်လ ၁၉ ရက် ညနေပိုင်းတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ ဇုံ (၁) က တပ်ဖွဲ့ဝင်သုံးဦး ဆိုင်ကယ်ဖြင့်ရောက်ရှိ လာပြီး ရိုက်နှက်ခြင်းဖြစ်ကြောင်း သမီးဖြစ်သူက ပြောသည်။ “ခင်ဗျားတို့ကို ဘယ်သူလာခိုင်းလဲဆိုပြီး တပည့်နှစ်ယောက်ကို တုတ်ရှာခိုင်းပြီး ရိုက်တယ်။ ကျွန်မတို့အိမ်မှာ လှေလုပ် တာဆိုတော့ အလံတိုင် ဝါးတွေရှိတယ်၊ အဲဒီဝါးလုံးနဲ့ရိုက်တာ။ ဒီအတွက် တရားမျှတမှု မရှိဘူးလို့ ကျွန်မခံစားရတယ်။ အဲဒီအတွက်လည်း တရားမျှတမှု ပြန်လိုချင်တယ်” ဟု […]

လောင်းလုံးတွင် စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ဟုဆို

Dawei Watch

August 4, 2024

လောင်းလုံးမြို့ထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ဩဂုတ်လ ၂ ရက် ညသန်းခေါင်းကျော်အချိန်တွင် တစ်ကြိမ်၊ မနက် ၄ နာရီထိုးခန့်တွင် တစ်ကြိမ် ပစ်ခတ်ပေါက်ကွဲသံများကြားရကြောင်း ‌မြို့ခံတို့ကဆိုသည်။ စစ်ကောင်စီတပ်သည် လောင်းလုံးမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး( စရဖ)၊ မြို့နယ်ပညာရေးမှူးရုံးအနီး စသည့်နေရာများတွင် တပ်စွဲထားကြသည်ဟုဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့အသစ်တစ်ခု ပြောင်းရွေ့လာကြောင်း မြို့ခံအချို့က ပြောဆိုသည်။ “အသစ်ပြောင်းလာတဲ့အဖွဲ့နဲ့ ဒီမှာရှိတဲ့အဖွဲ့က အချင်းချင်းမတည့်ကြဘူးလို့ ပြောနေကြတယ်။ အဲဒါကြောင့်ပဲ ပစ်ခတ်မှုဖြစ်ကြတာလား မပြောတတ်ဘူး” ဟု မြို့ခံအမျိုးသားတစ်ဦးကဆိုသည်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသဖြင့် ကျန်မာရေးဝန်ထမ်းတစ်ဦးကို အခင်းဖြစ်သည့်ညက ညတွင်းချင်းလာရောက် ခေါ်ဆောင်သွားခဲ့ကြောင်းလည်း မြို့ခံတို့က ပြောဆိုသည်။ “သုံးယောက်သေတယ် ပြောသံကြားတယ်။ ရဲမဟုတ်ဘူး။ စစ်သား သုံးယောက်သေတယ်လို့ပြောတယ်” ဟု […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 3, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၈ ရက်မှ ဩဂုတ်လ ၃ ရက်အထိ ကျပ်ငွေတန်ဖိုး ထိုးဆင်း ဒေါ်လာ၊ ဘတ်အပါအဝင် နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေစျေးတွေ ဆက်တိုက်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းနေပါတယ်။ ထိုင်းငွေ တစ်ဘတ်ကို ကျပ်ငွေ ၁၄၀နဲ့ ၁၅၀ ကြား စျေးပေါက်နေပြီး ထိုင်းဘတ်ငွေ ၆၉၀ ကျော်ဆိုရင် မြန်မာကျပ်ငွေ တစ်သိန်းအထိဖြစ်လာပါတယ်။ အမေရိကန်ဒေါ်လာကလည်း တစ်ဒေါ်လာကို ၅၅၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာပါတယ်။ အခေါက်ရွှေတစ်ကျပ်သားဆိုရင်လည်း ကျပ် ၆၅သိန်း အထက်မှာ စျေးပေါက်နေပါတယ်။ ကျပ်ငွေတန်ဖိုးထိုးဆင်းနေတာကြောင့် ကုန်စျေးနှုန်းတွေလည်း လိုက်တက်တဲ့ဒဏ်ကိုလည်း ပြည်သူတွေ ခံစားနေကြရပါတယ်။ နိုင်ငံအတွင်း စစ်ရေးတွေပြင်းထန်နေပြီး မန္တလေးအနားအထိ ရောက်လာတာ၊ နိုင်ငံရေးမတည်ငြိမ်တာကြောင့် […]

တနင်္သာရီ ရေကြီးမှုတွင် အဘိုးတစ်ဦး ထပ်မံရေနစ်သေဆုံး

Dawei Watch

August 3, 2024

တနင်္သာရီမြို့ ၊ မွန်စုရပ်ကွက်တွင် ယနေ့ ဩဂုတ်လ ၃ ရက် ညနေပိုင်းတွင် အသက် ၈၆ နှစ်အရွယ် ဦးဘသောင်း ရေနစ်သေဆုံးကြောင်း မြို့ခံများထံမှသိရသည်။ ဦးဘသောင်းသည် တစ်ကိုယ်တည်းနေထိုင်သူဖြစ်ပြီး နှလုံးရောဂါအခံ ရှိသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အဘိုးက တစ်ယောက်တည်းနေတဲ့သူပါ။ တနင်္သာရီမှာက အားလုံးရေကူးတတ်ကြတယ်လေ။ အခုက ရေထဲပြုတ်ကျတဲ့ အချိန် ရေကူးရင်း ရောဂါအခံကြောင့် အမောဖောက်သလို ဖြစ်သွားတာဖြစ်နိုင်တယ်” ဟု မွန်စုရပ်ကွက်‌နေ အမျိုးသမီးတစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင်လည်း တနင်္သာရီမြို့နယ်၊ တကူတိုယ်နယ်၊ ပြည့်အေးရွာက အသက် ၃ဝ ဝန်းကျင် ကိုဇော်ထွေးနှင့် ကိုမိုးကျော်တို့နှစ်ဦး ရေနစ်သေဆုံးခဲ့သေးသည်။ တနင်္သာရီမြစ်ရေမှာ ယနေ့ ဩဂုတ်လ ၃ ရက် နံနက်တွင် […]