BREAKING
January 15, 2025

သတင်း

Move Forward ပါတီဝင်များ အသစ်ထောင်မည့်ပါတီကို မနက်ဖြန်ကြေညာမည်

Dawei Watch

August 8, 2024

ယမန်နေ့က ဖျက်သိမ်းခံလိုက်ရသော ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဝင်အမတ် ၁၄၀ ကျော်သည် အသစ်တည်ထောင်မည့်ပါတီသို့ အားလုံးပြောင်းရွှေ့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ အသစ်တည်ထောင်မည့် ပါတီကို မနက်ဖြန် ဩဂုတ်လ ၉ရက် နေ့လယ်ပိုင်းတွင် ကြေညာသွားမည်ဖြစ်ပြီး ပါတီအသစ်၏ ခေါင်းဆောင်ကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။ ဖျက်သိမ်းခံရသော Move Forward ပါတီ၏ လွှတ်တော်အမတ်များသည် တည်ဆဲပါတီတစ်ခုသို့ ရက် ၆၀ အတွင်း ပြောင်းရွှေ့မှသာ လွှတ်တော်အမတ်အဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။ ပြီးခဲ့သောနှစ် မေလရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချလိုက်ပြီးနောက် ပါတီလက်မဲ့ဖြစ်သွားသည့် ပါတီဝင်အားလုံး ပါတီအသစ်ထောင်ရန် ဖြစ်လာခဲ့ကြသည်။ Move Forward ပါတီခေါင်းဆောင်ပိုင်းများဖြစ်သော ပီထာအပါအဝင် ပါတီဦးဆောင်သူ ၁၁ […]

စစ်ကောင်စီတပ် ရိက္ခာကားများကို တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်မိုင်းဆွဲတိုက်ခိုက်

Dawei Watch

August 8, 2024

တနင်္သာရီမြို့နယ်၊ ဇဝဲရွာနှင့် မော်တုံးရွာရှိ စစ်ကောင်စီတပ်ရင်းများထံ ရိက္ခာလာပို့သည့်စစ်ကောင်စီတပ် ရိက္ခာကားများကို နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။ ဩဂုတ်လ ၆ရက် နေ့လယ် ၁၂နာရီခွဲခန့်တွင် တုံးဗျောကျေးရွာဘက်မှ ရိက္ခာပို့ရန်လာသည့် စစ်ကောင်စီတပ် ရိက္ခာကားကို ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ မိုင်းဆွဲပြီးချိန်တွင် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဩဂုတ်လ ၇ရက် ညနေ ၄ နာရီခန့်ကလည်း မော်တုန်းရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၀၆) တပ်ရင်းမှ ခလရ ၅၅၆ တပ်ရင်းရှိသည့် ဇဝဲကျေးရွာဘက်သို့ လာသည့် ရိက္ခာကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ၁၅ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ […]

လောင်းလုံးမြို့နယ်တွင် ကျင်းပသည့် ၈၈၈၈ နေ့အခမ်းအနား

Dawei Watch

August 8, 2024

ယနေ့ကျရောက်သည့် ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ အခမ်းအနားကို ထားဝယ်ခရိုင်သပိတ်ကော်မတီမှ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို ဖိတ်ကြားထားသည့် တော်လှန်ရေးအဖွဲ့များတက်ရောက်ပြီး အမှတ်တရစကားပြောဆိုခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့သည်။ ထိုနောက် ထားဝယ်-လောင်းလုံး- ရှင်မော်သွားကားလမ်းအတိုင်း ချီတက်ပြီး စစ်အာရှင်ဆန့်ကျင်ရေးကြွေကြော်သံတို့ဖြင့် ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။

ရေဖြူ ဇာဒီရွာက လူငယ်တစ်ဦးဖမ်းဆီးခံရပြီး လေးရက်ကြာအထိ ပြန်မလွတ်သေး

Dawei Watch

August 8, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဩဂုတ်လ ၄ ရက် နံနက်အစောပိုင်းတွင် ဖမ်းဆီးသွားပြီး လေးရက်ကြာအထိပြန်မလွတ်လာသေးကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူသည် ဇာဒီရွာ၊ ရွာမရပ်ကွက်က အသက် ၂ဝကျော်အရွယ် ကိုသန်းထိုက်ဆိုသူဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ ဇာဒီနှင့် ခေါင်ပြန်ရွာ လမ်းပိုင်းရှိ တံတားအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။ “ဖားချောင်းအင်းရွာဘက်မှာ လူနှစ်ယောက်ကို သွားကြိုဖို့ သွားတဲ့အချိန် အဖမ်းခံရတယ်။ သူ့ကို မဖမ်းခင် သေနတ် မိုးပေါ်ထောင်ပစ်လိုက်သေးတယ်။ အချက်ရေတော်တော်များတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ အဖမ်းခံရပြီးနောက် ၎င်း၏လက်ကိုင်ဖုန်းအား စစ်ကောင်စီတပ်သားများက စစ်ဆေးပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အဆက်အစပ်ရှိသည်ဟု စွပ်စွဲ၍ မောရဝတီရေတပ်သို့ ခေါ်ဆောင်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက မိသားစုကို ဖုန်းဆက်ပြောဆိုခဲ့ကြောင်း […]

မြန်မာဘက်ပို့မည့် starlink များကို မဲဆောက်တွင် ထိုင်းရဲဖမ်း၊ မြန်မာ ၁၀ ဦးပါ ဖမ်းဆီးခံရ

Dawei Watch

August 7, 2024

မြန်မာနိုင်ငံသို့ ပို့မည့် StarLink အင်တာနက်ပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် သိမ်းဆည်းရမိပြီးနောက် အမှုနှင့် သက်ဆိုင်သည်ဟု ယူဆရသော မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် မဲဆောက်ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းခဲ့သည်။ Starlink များသည် နယ်စပ်ဖြတ်ကျော်ပြီး မြဝတီမြို့တွင် အွန်လိုင်းလောင်းကစားများနှင့် Call Center များကဲ့သို့ အွန်လိုင်းရာဇဝတ်မှုများတွင် အသုံးပြုနိုင်ဖွယ်ရှိကြောင်း သံသယဖြင့် ခြေရာခံနေရာမှ ထောက်လှမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။ ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ စာတိုက်မှတစ်ဆင့် StarLink အင်တာနက် ၁၀ လုံးကို ပို့ဆောင်လာသည်ဟု သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပါဆယ်ထဲတွင် Starlink ၁၀ လုံးကို တွေ့ရှိရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်း Starlink ပစ္စည်းများကို […]

တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

August 7, 2024

တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ယနေ့(သြဂုတ် ၇) မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူအချို့က ပြောသည်။ ဩဂုတ်လ ၇ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် သကျက်ကျေးရွာအုပ်စု ဆင်ခေါင်းတောင်ဘုရားကုန်းနှင့် ကွင်းသစ်ရွာ နှစ်နေရာကို တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးလာကြဲသွားခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တိုင်းပကဖ) တာဝန်ခံ ကိုစတားက ပြောသည်။ “တိုက်ပွဲဖြစ်တာမျိုးမရှိပါဘူး၊ PDF တွေရှိတယ်ထင်ပြီး ဗုံးလာကြဲတာဖြစ်မယ်၊ ထိခိုက်မှုတော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပဲ” ဟု ကိုစတားက ဆိုသည်။ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခလရ ၅၅၆ တပ်ရင်းကို စစ်တပ်က ရိက္ခာပို့သည့်ကားများ ရောက်ရှိနေပြီး တပ်အချိန်းအပြောင်းလုပ်ရန်အတွက် လမ်းကြောင်းရှင်းပေးသည့်အနေဖြင့် လေကြောင်းဖြင့် ဗုံးကြဲခြင်းဖြစ်နိုင်သည်ဟု မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း […]

စစ်ရေးတင်းမာနေသည့် ရေး-သံဖြူဇရပ်လမ်းပိုင်း ညဘက်မသွားလာရန်ကန့်သတ်

Dawei Watch

August 7, 2024

မွန်ပြည်နယ်၊ ရေးနှင့် သံဖြူဇရပ်မြို့ကြား တိုက်ပွဲနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည့် ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတွင် ညနေ ၆ နာရီမှ နံနက် ၆နာရီအတွင်း ဖြတ်သန်းမသွားလာကြရန် တော်လှန်ရေးအင်အားတို့က ကန့်သတ်ထားသည်။ ကန့်သတ်ထားချိန်အတွင်း ဖြတ်သန်းသွားလာသည့် မည်သည့်ယာဉ်ကိုမဆို ပစ်ခတ်မည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံလက်မှတ်ထိုးထားသည့် ထုတ်ပြန်ချက်တစ်ရပ်ကို ဩဂုတ်လ ၅ ရက်က ထုတ်ပြန်သည်။ အရေးပေါ် သွားလာရမည့် လူနာတင်ယာဉ်များအနေဖြင့် ၈၀ ကီလိုမီတာထက် ပိုမမောင်းနှင်ရန်၊ မှန်ပြတင်းချပြီး မောင်းရန်၊ ယာဉ်ကိုယ်ထည်အတွင်း မီးဖွင့်မောင်းရန်နှင့် ဥဩအသံဖွင့်မောင်းရန် ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၅ ရက် ည ၇ နာရီခန့်က သံဖြူဇရပ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသည့် ကွန်တိန်နာယာဉ် ငါးစီး ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာလမ်းဝ မရောက်မီ သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် […]

ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ဖျက်သိမ်းခံရ

Dawei Watch

August 7, 2024

ပြီးခဲ့သောနှစ် မေလရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ ဇူလိုင်လ ၇ ရက် ညနေ သုံးနာရီခွဲတွင် အမိန့်ချမှတ်လိုက်သည်။ ပါတီခေါင်းဆောင်ပိုင်းများဖြစ်သော ပီထာအပါအဝင် ပါတီဦးဆောင်သူများကိုလည်း နိုင်ငံရေး ဆက်လုပ်ခွင့် ၁၀ နှစ် ခုံရုံးက ပိတ်ပင်လိုက်သည်။ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဖျက်သိမ်းရေးနှင့် ပါတီခေါင်းဆောင်ပိုင်းများကို နိုင်ငံရေးက ရပ်နားရေး ဆုံးဖြတ်ပေးရန် ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သော မတ်လ ၂၉ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ထားခြင်း ဖြစ်သည်။ တော်ဝင်ဥပဒေဖြစ်သော ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် Move Forward ပါတီ၏ မဲဆွယ်ကတိနှင့် ပါတီမူဝါဒများသည် ဥပဒေ ချိုးဖောက်ခြင်း ရှိ […]