တနင်္သာရီတိုင်းတွင် ဘိန်းစာပင် စိုက်သူများလာ
Dawei Watch
January 9, 2025အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း ဘိန်းစာပင်စိုက်ပျိုးသူ ပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။ တိုင်းအတွင်းရှိ ဘုတ်ပြင်း၊ လောင်းလုံး အပါအဝင် အခြားမြို့နယ်များရှိ ကျေးရွာအများစုတွင် ပိုမိုစိုက်ပျိုးလာကြကြောင်း ဒေသခံအချို့က ဆိုသည်။ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မနိုးရုံးကျေးရွာအုပ်စု၊ ဘန်ဂလားကျေးရွာအုပ်စုအပါအဝင် အခြားကျေးရွာအုပ်စုများတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစာပင်စိုက်ပျိုးသူပိုများလာကြောင်း ဘုတ်ပြင်းဒေသခံအချို့က ဆိုသည်။ လူငယ်များက ဘိန်းစာပင်၏အရွက်ကို ပြုတ်သောက်ကြသလို အစိမ်းစားသူလည်း များလာသည့်အတွက် စိုက်ပျိုးသူလည်း ပိုများလာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အာဏာမသိမ်းမီကလည်း တနင်္သာရီတိုင်းအတွင်း သဘာဝအတိုင်းပေါက်နေသည့် ဘိန်းစာပင်ရွက်ကို သုံးစွဲမှုအချို့ရှိခဲ့ပြီး သီးသန့်စိုက်ပျိုးသူအချို့လည်းရှိခဲ့သည်။ ဘန်ဂလား ကျေးရွာအုပ်နေ အမျိုးသမီးတစ်ဦး၏အဆိုအရ အာဏာသိမ်းပြီးနောက်ပိုင်း ဥယျာဉ်ခြံအတွင်း ဧကအလိုက် စိုက်ပျိုးသူများပါ ရှိလာကြောင်း သိရသည်။ သုံးစွဲရန်အတွက်အပြင် ရောင်းချရန်အတွက်ပါ စိုက်လာကြခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ “အခုကတော့ အလွန်အကျွံ စိုက်ပျိုးလာကြတယ်။ […]