ကံပေါက် ဖောင်းတောရွာတွင် စစ်လာရှောင်သူများကို ထောက်ခံစာ အသစ်ထပ်လုပ်ခိုင်း
Dawei Watch
January 6, 2025ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီကျေးရွာအုပ်စုမှ ဖောင်းတောကျေးရွာအုပ်စုသို့ စစ်ဘေးရှောင်လာသူများကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ထောက်ခံစာအသစ် ထပ်မံပြုလုပ်ခိုင်းနေကြောင်း ရွာသားများထံမှသိရသည်။ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှစ၍ ထောက်ခံစာများ ထပ်မံလုပ်ဆောင်ခိုင်းနေခြင်းဖြစ်ပြီး၊ လူလေးဦးလျှင် ထောက်ခံစာတစ်ရွက်နှုန်း လုပ်ဆောင်ခိုင်းကြောင်း ၎င်းတို့ကဆိုသည်။ ယင်းစာရွက်အတွက် ကိုယ်ရေးအချက်လက်၊ ယခင်ကျေးရွာတွင် နေထိုင်ခဲ့သည့်လိပ်စာ၊ ယခုလာရောက်ရွှေ့ပြောင်းနေထိုင်သည့် လိပ်စာများအပြင် ဓာတ်ပုံများပါ ပူးတွဲပေးရကြောင်း ၎င်းတို့ကဆိုသည်။ ထောက်ခံစာပြုလုပ်ပြီးပါက ထောက်ခံစာမိတ္တူကို ဖောင်းတောအုပ်စု မော်ကြီးရွာရှိ ပျူစောထီးဂိတ် နှင့် အုပ်ချုပ်ရေးမှူးတို့ကို တစ်စောင်စီ ပေးထားရကြောင်း ဒေသခံများထံကသိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ဖောင်းတောအုပ်စုတွင် စစ်ရှောင်များနှင့် ရော်ဘာခြံလုပ်သားများကို ထောက်ခံစာတစ်စောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ပြုလုပ်ခိုင်းဖူးသည်။ ယခုတစ်ကြိမ် ထပ်မံ၍ ထောက်ခံစာ အသစ်လုပ်ခိုင်းရာတွင်မူ ရော်ဘာခြံလုပ်သားများ အသစ်ထပ်မလုပ်ရကြောင်း ရော်ဘာခြံရှင်များထံမှ သိရသည် ။ “စစ်ဘေးရှောင်တွေကို အခုတစ်ကြိမ် […]