ထားဝယ်မြို့ဝင် ကမြောကင်းတံတားဂိတ် အစစ်အဆေးတင်းကျပ်
Dawei Watch
January 7, 2025လောင်းလုံးမြို့ အနီး စစ်ရေးတင်းမာနေချိန်တွင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်ဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေး ဂိတ်တွင် ယခုရက်ပိုင်းအတွင်း အစစ်အဆေးတင်းကျပ်နေကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။ ထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့ကို ဆက်သွယ်ထားသည့် အဆိုပါဂိတ်တွင် စက်ဘီး၊ ဆိုင်ကယ်နှင့် ကားများဖြင့်သွားလာသည့် ဒေသခံများမှာ မှတ်ပုံတင် ဆင်းပြရန် မလိုသော်လည်း ယနေ့ ဇန်နဝါရီလ ၇ရက်တွင် မှတ်ပုံတင်ပြပြီး စစ်ဆေးခံရကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။ “ကားပေါ်က အားလုံးဆင်းရတယ်။ မှတ်ပုံတင်ပြရတယ်။ အရင်က မဆင်းရဘူး။ ကားသမားက နား (ကားရပ်) ပေးပြီး စစ်ဆေးခံရရုံပဲ” ဟု ယနေ့ ထားဝယ်မြို့သို့ ကားဖြင့်သွားသည့် ခရီးသွားဒေသခံတစ်ဦးက ပြောသည်။ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းကလည်း ဆိုင်ကယ်၊ ကားများဖြင့် သွားလာသူများကိုပါ ရှာဖွေစစ်ဆေးခြင်းများလုပ် နေကြောင်း […]