ဂါဇာအတွက် အကူအညီများကို ကနေဒါအစိုးရက လေယာဉ်ပေါ်မှ ချပေး
Dawei Watch
August 5, 2025အစ္စရေးစစ်တပ်၏ ၂၂ လနီးပါးကြာ တိုက်ခိုက်မှုဒဏ်ခံစားနေရသည့် ဂါဇာတွင် လူသားချင်းစာနာမှု အကူအညီများကို လေယာဉ်ပေါ်မှချပေးခဲ့ကြောင်း ကနေဒါအစိုးရက ဩဂုတ်လ ၄ ရက်နေ့တွင် ပြောဆိုသည်။ အရေးတကြီး လိုအပ်နေသည့် လူသားချင်းစာနာမှုအကူအညီပစ္စည်း အလေးချိန် ၂၁၆,၀၀ ပေါင်ကို ကနေဒါစစ်တပ်မှ CC-130J Hercules လေယာဉ်ကို အသုံးပြုကာ ဂါဇာတွင် ချပေးခဲ့သည်ဟု ကနေဒါအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းမှာ ကနေဒါစစ်တပ်ပိုင်လေယာဉ်ကို သုံး၍ ဂါဇာတွင် ပထမဆုံးအကြိမ် လူသားချင်းစာနာမှုအကူအညီ လေကြောင်းမှ ချပေးခြင်း ဖြစ်ကြောင်း ကနေဒါမီဒီယာတစ်ခုက ဖော်ပြသည်။ အစ္စရေးအစိုးရသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်လျက်ရှိကြောင်းလည်း ကနေဒါအစိုးရက ဆိုလိုက်သည်။ ကနေဒါအပါအဝင် နိုင်ငံ ၆ နိုင်ငံက ဂါဇာဒေသခံများအတွက် စားနပ်ရိက္ခာအထုပ်အပိုး ၁၂၀ ခုကို လေကြောင်းမှ ချပေးခဲ့သည်ဟု […]


