ဆင်ထိုးကြီးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်နေအိမ်အချို့ မီးလောင်
Dawei Watch
August 17, 2024ပုလောမြို့နယ်၊ ပလောက်မြို့အနီး မြိတ်-ထားဝယ်ကားလမ်းဘေးရှိ ဆင်ထိုးကြီးကျေးရွာမှ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်နေအိမ် ၇ လုံးခန့် မီးလောင်သွားကြောင်း နှစ်ဖက်အဖွဲ့ထံမှသိရသည်။ ဩဂုတ်လ ၁၂ ရက်မှစကာ ပလောက်မြို့မှ ဆင်ထိုးကြီးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ သြဂုတ်လ ၁၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သည်။ ဆင်ထိုးကြီးရွာမှ စစ်ကောင်စီတပ်များ ယနေ့နံနက်တွင် ပြန်လည်ထွက်ခွာ သွားပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီသတင်းပေးတို့၏ နေအိမ်များကို KNLA တပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဆင်ထိုးကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ၎င်းနှင့် ယောက်ဖတော်စပ်သူ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်စိုး၊ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစုကမ်းအပါအဝင် စစ်ကောင်စီနှင့်ဆက်စပ်သူများ၏ နေအိမ် ၇ လုံးကို KNLA တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းရကြောင်း စစ်ကောင်စီခန့် […]