တည်းခိုခန်းကွင်းဆက်မှ တစ်ဆင့် လူလေးဦးထံမှ မူးယစ်ဆေးဝါး ဖမ်းမိ
diz_admin
January 14, 2020ထားဝယ်မြို့ရှိ တည်းခိုခန်းတွင် တည်းခိုနေသူနှစ်ဦးထံမှ မူးယစ်ဆေးများဖမ်းမိခဲ့ပြီး ကွင်းဆက်တရားခံနှစ်ဦး ကို ထပ်မံဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိသည်။ ထိန်သစ်ရပ်ကွက် ၁ လမ်းသွယ်ရှိ တည်းခိုခန်းတွင် တည်းခိုနေသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတည်းခိုနေ သည့် အခန်းကို မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။ အခန်းအတွင်းတွင် လောင်းလုံး မြို့နေ အဆိုပါ အမျိုးသားနှင့်အတူ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို တွေ့ရကြောင်း ရဲမှတ်တမ်း တွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့က အခန်းအတွင်း ရှာဖွေရာ ရေချိုးခန်း အပေါက်၀အနီးတွင် ပလပ် စတစ်အိတ်ဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေး ၄၅၀ ပြားနှင့် ICE […]