ဒေသခံတစ်ဦး၏ ဥယျာဉ်ခြံအတွင်း တပ်မတော်၏ လက်နက်ကြီးကျည် ထပ်ကျပြန်
diz_admin
January 21, 2020မြိတ်ခရိုင် ပုလောက်မြို့ ၀ဇွမ်းအုပ် ကျေးရွာအနီးတွင်ရှိသည့် တပ်မတော်မှ သင်တန်းသားများ လေ့ကျင့်ပစ်ခတ် လိုက်သည့် RPG လက်နက်ကြီးကျည်ဟု ယူဆရသည့် ကျည်တစ်ခုကို ဒေသခံ တစ်ဦး စိုက်ပျိုးလုပ်ကိုင်စားသောက်နေ သည့် ဥယျာဉ်ခြံထဲတွင် တွေ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ဒုတိယအပတ်က အမှတ် (၁၂) တပ်မတော် အတန်းမြင့်လေ့ကျင့်ရေး ကျောင်းက လေ့ကျင့်ပစ်ခတ်လိုက်သည့် လက်နက်ကြီးပစ်သံများကိုကြားရပြီး ဇန်နဝါရီလ ၁၇ ရက်က ဥယျာဉ်ခြံထဲ သီဟိုဠ်စေ့သွားကောက်ရာ RPG လက် နက်ကြီးကျည်ဟု ယူဆရသည့် မပေါက် ကွဲသေးသည့် ကျည်တစ်ခုကိုတွေ့ရ ကြောင်း ဒေသခံ စောဝေဝေက ပြောသည်။ လေ့ကျင့်ပစ်ခတ်လိုက်သည့် လက်နက် ကြီးကျည်မှာ နှစ်လုံးရှိသည်ဟု ဒေသခံ အချို့ကပြောဆိုကြပြီး တစ်လုံးမှာ ပေါက် ကွဲသွားပြီး ကျန်တစ်လုံးမှာ […]