မောင်းမကန်တွင် တရားမဝင် တည်းခိုခန်းများကို အရေးယူမည်ဟုဆို
diz_admin
January 29, 2020ထားဝယ်ဒေသ၏ နာမည်ကြီးမောင်း မကန်ကမ်းခြေအနီးတစ်ဝိုက်တွင် တရား မဝင် ဖွင့်လှစ်ထားသော တည်းခိုခန်း များကို အရေးယူမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောကြားလိုက်သည်။ မောင်းမကန်ကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ဟိုတယ်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ် ၃ ခုရှိပြီး စည်ပင်သာယာရေးလိုင်စင်ဖြင့် ဖွင့်ထားသည့် တည်းခိုခန်း ၃ ခုရှိကြောင်း သက်ဆိုင်ရာ ဌာနများထံမှ သိရသည်။ မောင်းမကန်ကမ်းခြေတွင် တည်းခိုခန်း၊ ဘန်ဂလို၊ ဟိုတယ် အမည်တပ် တည်းခိုခန်းပေါင်းများစွာ ရှိသော်လည်း လိုင်စင်ရသူမှာ အနည်းငယ်သာ ရှိသည်။ ယင်းကဲ့သို့ တရားဝင်လိုင်စင်မရှိဘဲ ဖွင့်ထားသည့် တည်းခိုခန်းများကို စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူနိုင်ရန် အစိုးရက ပြောဆိုလာခြင်း ဖြစ်သည်။ “သူ့ကိုပဲ ပြန်ပြီးအရေးယူခိုင်းရ မယ်ပေါ့။ စည်ပင်ဥပဒေအရပေါ့နော်”ဟု ဦးကံထူးက ဆိုသည်။ လက်ရှိ […]