တနင်္သာရီတိုင်းအတွင်း စီမံကိန်းများတွင် မသန်စွမ်းသူများကို ဦးတည်ဆောက်ရွက်ချက် အားနည်းဆဲ
diz_admin
February 6, 2020တနင်္သာရီတိုင်းအတွင်း တိုင်းအစိုးရ က ဆောင်ရွက်နေသည့် ဒေသန္တရစီမံကိန်း များတွင် မသန်စွမ်းများကို ဦးတည်ဆောင် ရွက်သည့် ကိစ္စများကို ထည့်သွင်းဆောင်ရွက်ချက် အားနည်နေဆဲဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ထောက်ပြသည်။ ထို့အပြင် မြေပြင်အခြေအနေတွင်လည်း မသန်စွမ်းများ အကျိုးစီးပွားနှင့် ပတ်သက်ပြီး အများပြည်သူချပြနိုင်သည့် ရလဒ်များဖော်ဆောင်နိုင်ခြင်း မရှိကြောင်း အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ဇန်နဝါရီလ ၂၉ ရက်က ပြုလုပ် သည့် တိုင်းလွှတ်တော် ပုံမှန်အစည်း အဝေးတွင် မသန်စွမ်းများအတွက် ဘာသာရေးဆိုင်ရာ ကိစ္စများ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို အစိုးရ အနေဖြင့် စီမံကိန်းရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း မေးမြန်းရာတွင် ယင်း ကဲ့သို့ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တိုင်းအတွင်းရှိ […]