မြိတ်တွင် နေအိမ်ပေါ်တက် ဓားထောက် လုယက်မှုဖြစ်
diz_admin
February 10, 2020မြိတ်မြို့ ကန်ဖျားနယ်မြေ ကန်ဖျား ကုန်စိမ်းဈေးဟောင်းအနီးရှိ နေအိမ်တစ်ဆောင်တွင် ဖေဖော်ဝါရီလ ၇ ရက် ညရှစ်နာရီခန့်က နေအိမ်ပေါ်တက် ဓားထောက် လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့ မြို့မရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ အဆိုပါနေအိမ်အတွင်း အသက် ၃၀ နှစ်ရှိ အမျိုးသမီးတစ်ဦး၊ သုံးနှစ်အရွယ်နှင့် ရှစ်လသားအရွယ်ရှိ ကလေးနှစ်ယောက်နှင့် အတူရှိနေစဉ် အမည်မသိအမျိုးသားသုံးဦးက အိမ် အတွင်း ဝင်ရောက်လာပြီး ရှစ်လသား အရွယ် ကလေးငယ်အား ပွေ့ချီကာ အသင့်ပါလာသည့်ဓားဖြင့် ထောက်ထားခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။ အော်ဟစ်အကူအညီတောင်းခံပါက ကလေးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး ဘီဒိုအတွင်းရှိ ရတနာပစ္စည်းများကို ရှာဖွေယူဆောင် သွားခဲ့ကြောင်း သိရသည်။ လုယက်သူများအား အမြန်ဆုံးဖမ်းမိရေးအတွက် ဆောင်ရွက်နေကြောင်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က […]