ထားဝယ်တက္ကသိုလ်ရှိ စောင့်ကြည့်စခန်း လူ ၄၀ဝ အတွက် အသင့်ပြင်ထား ဟုဆို
diz_admin
April 9, 2020နေရပ်ပြန်သူ ၄၀ဝ ဦးအထိ အဆင်သင့်စောင့်ကြည့်စခန်းချနိုင်ရန် ထားဝယ်တက္ကသိုလ်တွင် အဆင်သင့်ပြင်ဆင်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းကပြောသည်။ လက်ရှိတွင် လူဦးရေ ၁၂၀ အတွက် ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ အိပ်ရာ ခင်းနှင့် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ရေခွက်၊ ဆပ်ပြာ အစရှိသည့် ပစ္စည်းများကို အဆင်သင့်ပြင်ထားကြောင်း ၎င်းက ဆိုသည်။ ကျန်ရှိသည့် လူ ၂၈၀ ဦးအတွက် ပစ္စည်းများကိုအခုရက်ပိုင်းအတွင်း ဖြည့်ဆည်းမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ထားဝယ်တက္ကသိုလ်ရှိ ဗထူးဆောင်ကို စောင့်ကြည့်စခန်းအဖြစ်ပြင်ဆင်ထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှပြန်လာသူ ၉ ဦးနှင့် ဝန်ထမ်း ၁ ဦးကို စောင့်ကြည့်နေသည်။ လက်ရှိတွင် ကိုရိုနာရောဂါဂယက်ကြောင့် ထိုင်းနိုင်ငံမှပြန်လာမည့်သူများရှိနေသေးပြီး ၎င်းတို့ပြန်လာပါက ထိုနေရာတွင် ၁၄ ရက်ကြာ စောင့်ကြည့်မည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ […]