BREAKING
April 19, 2025

သတင်း

မြိတ်လျှပ်စစ်မီး တစ်ယူနစ် ၂၈၀ ကိစ္စ ကျန်လများ မသိရသေးဟုဆို

diz_admin

May 4, 2020

မြိတ်လျှပ်စစ်မီး ဧပြီလအတွက် တစ်ယူနစ်လျှင်၂၈၀ကျပ်အား တိုင်းဒေသကြီးအစိုးရမှသတ်မှတ်ခဲ့ပြီး ကျန်လများမသိရသေးဟု မြိတ်စိမ်းလန်းစွမ်းအင်မီးလင်းရေးကုမ္ပဏီမှစီမံကိန်းဒါရိုက်တာဦးမျိုးအောင်က ပြောသည်။ လျှပ်စစ်မီးတစ်ယူနစ်ကို ၃၈၀ ကျပ် ဖြင့်ကောက်ယူနေရာမှ ကိုဗစ်ကာလအတွင်းလျှော့ချရန်ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ တောင်းဆိုမှုကြောင့် ဧပြီလအတွက်တစ်ယူနစ်လျှင်၂၈၀ကျပ် နှုန်းထားဖြင့် တိုင်းဒေသကြီးအစိုးရမှသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ “မေနဲ့ဇွန်လအတွက်တော့ ဒီဇယ်ဈေးအပေါ်မူတည်ပြီး လကုန်ရင်တိုင်း ဒေသကြီးအစိုးရက တွက်ချက်ပြီး ညွှန်ကြားစာထုတ်မှသိရမှာဖြစ်တယ်”ဟု ဦးမျိုးအောင်က ပြောသည်။ လျှပ်စစ်တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ၂၈၁ကျပ်ခန့် ရှိပြီး ကိုဗစ်ကာလအတွင်းအိမ်သုံးမီတာတစ်လုံးလျှင် ဆယ်ယူနစ်အခမဲ့လှူဒါန်းမည့်အစီအစဉ်လည်း ပျက်သွားသည်ဟု ဦးမျိုးအောင်က ဆိုသည်။ “တစ်ယူနစ်သုံးရာ အထက်လောက်ရရင်တော့ ပေးဖို့လုပ်ထားတာအခုက အစီအစဉ်ပျက်သွားပြီပေါ့”ဟု ၎င်းကပြောသည်။ မြိတ်စိမ်းလန်းစွမ်းအင်အနေနှင့် လာမည့်နှစ်လအတွင်း တစ်ယူနစ် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်ထားသည့် Petro & Trans ကုမ္ပဏီသို့ လွှဲပြောင်းပေးရတော့မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

သုံးစွဲရန်မသင့်သော ဆေးထိုးအပ်

diz_admin

May 4, 2020

သုံးစွဲရန်မသင့်သော ဆေးထိုးအပ်တစ်မျိုးကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက(FDA) ဧပြီလ ၂၇ ရက်က ထုတ်ပြန်လိုက်သည်။ IV Cannula အမည်ရှိ ဆေးထိုးအပ်ကို အိန္ဒိယနိုင်ငံမှ Bio-Med Healthcare ကုမ္ပဏီက ထုတ်လုပ်သည်။ ပြည်တွင်းဈေးကွက်၌ ရောင်းချနေသော အဆိုပါဆေးထိုးအပ်များအား ဓာတ်ခွဲစစ်ဆေးမှုအရ ဆေးထိုးသည့်နေရာတွင် ပိုးဝင်နိုင်ခြင်း၊ သွေးပြန်ကြောရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ အဆိုပါ ဆေးထိုးအပ်ကို ဈေးကွက်အတွင်းရောင်းချနေသည်ကို တွေ့ရှိပါက ပစ္စည်းများသိမ်းဆည်းခြင်း၊ ပညာပေးဟောပြောခြင်း၊ ခံဝန်ကတိရေးထိုးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဆေးဝါးကျွမ်းကျင်ဦးစီးအရာရှိ ဒေါ်စိုးမိမိက ပြောသည်။ မိုးမြင့်

လောင်းလုံးတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ထောင်တစ်လကျ

diz_admin

May 4, 2020

လောင်းလုံးမြို့နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်သူတစ်ဦးကို မြို့နယ်တရားရုံးက ဧပြီလ ၂၉ ရက်တွင် ထောင်ဒဏ်တစ်လချမှတ်လိုက်ကြောင်း လောင်းလုံးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းလွင်က ပြောသည်။ လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာသားကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တစ်လ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဒုရဲမှူးဝင်းလွင်က ပြောသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးတိုက်လျှောက်ပြီး တရားစွဲတင်တာပါ။ သူကလည်း ဝန်ခံတဲ့အတွက် (မြို့နယ်တရားရုံး က) ထောင်ဒဏ်တစ်လ ချမှတ်လိုက်တာပါ”ဟု ၎င်းကပြောသည်။ ထောင်ဒဏ်ချမှတ်ခံရသူမှာ လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာသားတစ်ဦးဖြစ်ပြီး မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ ညအချိန်ကင်းလှည့်စဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ယင်းကဲ့သို့ဖမ်းမိစဉ် ICE ဟုယူဆရသော မူယစ်ဆေးဝါးကိုပါတွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါးဥပဒေဖြင့်လည်း တရားစွဲထားကြောင်း သိရသည်။ လောင်းလုံးမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်ကတည်းက ထုတ်ပြန်ထားခြင်းဖြစ်ပြီး […]

ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း တစ်လ ထပ်ရွှေ့

diz_admin

May 4, 2020

လူစုလူဝေး မဖြစ်စေရန်အတွက် ကလေးများကို ထိုးနှံပေးနေသည့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို နောက်တစ်လထပ်ရွှေ့ဆိုင်းလိုက်ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအဖွဲ့ထံမှသိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အလေးပေးဆောင်ရွက်ရန်အတွက် ဧပြီလတွင်ထိုးနှံရမည့် ကာကွယ်ဆေးကို မေလသို့ရွှေ့ဆိုင်းပြီးနောက် ယခုတစ်ဖန် ဇွန်လသို့ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။“အဓိကကတော့ လူစုလူဝေးကို ရှောင်ချင်လို့။ ဇွန်လကို ယာယီရွှေ့လိုက် တာပေါ့နော်”ဟု အထက်ပါ အဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်ဖြူပြာအေးက ပြောသည်။ ပုံမှန်ကာကွယ်ဆေးအုပ်စုတွင် ဆုံဆို့ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ အသည်းရောင်အသားဝါ၊ ရိုတာဗိုင်းရပ် ကြောင့်ဖြစ်ပွားသော ဝမ်းပျက်၊ ဝမ်းလျှောရောဂါ စသည်တို့ ပါဝင်သည်။ အထက်ပါ ပုံမှန်ကာကွယ်ဆေးများကို မွေးကင်းစ၊ အသက်နှစ်လ၊ လေးလ၊ ခြောက်လ၊ တစ်နှစ်ခွဲအရွယ် ကလေးများအား ကျေးရွာများတွင် တာဝန်ကျနေသည့် ကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်ထိုးနှံပေးခြင်း ဖြစ်သည်။ […]

လူမှုဖူလုံရေးခံစားခွင့် လျှောက်ထားနိုင်သူများ

diz_admin

May 4, 2020

ကိုရိုနာဂယက်ကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်လိုက်ရသော လုပ်ငန်း များတွင် လုပ်ကိုင်နေပြီး လူမှုဖူလုံရေး ထည့်ဝင်ငွေ သွင်းထားသူများအား အဆိုပါဌာနတွင် စာရင်းသွင်းထားသည့် လစာငွေ၏ ၄၀ ရာခိုင်နှုန်းကို ပြန်လည် ပေးဆောင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း လူမှုဖူလုံရေးရုံးထံမှ သိရသည်။ ယင်းလူမှုဖူလုံရေးအစီအစဉ်တွင် အကြောင်းတစ်ခုခုကြောင့် ရက်ပိုင်း၊ လပိုင်းမျှသာ ခေတ္တ အလုပ်ရပ်နားထား ခံရသူများ ပါဝင်မည် မဟုတ်ကြောင်း အထက်ပါရုံး တိုင်းဦးစီးမှူး ဦးစန်းလွင် က ပြောသည်။ လူမှုဖူလုံရေးငွေသွင်းထားသူလည်းဖြစ် စက်ရုံအလုပ်ရုံ ပိတ်သိမ်းလိုက်ခြင်း လည်းမှန်ကန်ပါက ရက်ပိုင်းဖြစ်စေ၊ လပိုင်းဖြစ်စေ အလုပ်ရပ်နားခံရသူ မည်သူ မဆို အဆိုပါ လူမှုဖူလုံရေး ခံစားခွင့်ကို ရရှိမည်ဖြစ်ကြောင်း ဦးစန်းလွင်က ပြောသည်။ လူမှုဖူလုံရေးငွေကို လုပ်ငန်းရှင် ကိုယ်တိုင်သော်လည်းကောင်း၊ မိမိသဘောဆန္ဒအလျောက် သော်လည်းကောင်း […]

ကိုယ်အပူချိန်မြင့်တက်နေသည့် လေယာဉ်ခရီးသည်နှစ်ဦးကို ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် သီးခြားထားရှိ

diz_admin

May 4, 2020

အဲကမ္ဘောဇ လေကြောင်းလိုင်းဖြင့် ဧပြီလ ၂၉ ရက်က ရန်ကုန်မှ ထားဝယ်သို့ လိုက်ပါလာသူများအနက် ကိုယ်အပူချိန် မြင့်တက်နေသူနှစ်ဦးကို ထားဝယ် ပြည်သူ့ဆေးရုံကြီးတွင် သီးခြားခွဲထား ကာ စောင့်ကြည့်ကုသပေးနေကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိမရှိ သိရှိရန်အတွက် ၎င်းတို့နှစ်ဦး၏ ဓာတ်ခွဲ နမူနာများကို ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းသို့ ပေးပို့စစ် ဆေးထားပြီး နောက်နှစ်ရက်ခန့်အကြာ တွင် အဖြေသိရမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်း က ဧပြီလ ၃၀ ရက်က ပြောသည်။ “နှစ်ယောက်လုံးကတော့ ကိုဗစ်ရောဂါ ဖြစ်ဖို့တော့ မနီးစပ်ဘူး။ တစ်ယောက်က သွေးလွန်တုပ်ကွေးရောဂါလက္ခဏာမျိုး ရှိတယ်။ နောက်တစ်ယောက်ကတော့ ကိုဗစ်ရောဂါမဟုတ်တဲ့ တခြားရောဂါ လက္ခဏာ ရှိတယ်။ အဖျားတိုင်းတဲ့ စက်ကိုဖြတ်တဲ့အချိန်မှာ […]

ညမထွက်ရ၊ သို့သော် . . .

diz_admin

May 4, 2020

ကမြောကင်းတံတားထိပ် ဗိုလ်မှူးကြီး ဗထူးကြေးရုပ်အနီး နံနက်လေးနာရီ တိုင်းတွင် လူအုပ်ကြီးက စောင့်နေသည်။ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ကမြောကင်းတံတားဖွင့်ချိန်ကို စောင့်နေသူများ ဖြစ်သည်။ ခန့်မှန်း လူဦးရေ ၅၀ မှ ၁၀၀ ဦး အကြား ရှိသည်။ အားလုံးနီးပါးမှာ ဈေးသည်များ ဖြစ်သည်။ ထားဝယ်မြို့ပေါ်ရှိ ကမ်းနားဈေးသို့ သုတ်ခြေတင်ဈေးသွားဝယ်မည့်သူများ ဖြစ်သည်။ အချို့ဈေးသည်များမှာ ည ၁၂ နာရီ ထိုးကတည်းကပင် ကမြောကင်းတံတား ထိပ်ကို ကြိုရောက်နေကြပြီဖြစ်ကြောင်း ဈေးသည်အချို့ထံမှ စုံစမ်းသိရှိရသည်။ “အရေးယူခံရတတ်တယ်လို့ သိတော့ သိတယ်။ ကြောက်ကြောက်နဲ့ပဲ စမ်း ကြည့်မယ်။ ဖြစ်လဲမတတ်နိုင်ဘူး။ ဒီ အလုပ်ပဲလုပ်ပြီးစားနေတာ။ ဒီအလုပ် မလုပ်ရရင် ဘာသွားစားမလဲဆိုပြီး ထွက်လာတာ”ဟု နဘုလယ်ဘက်မှ ရောင်းကုန်လာဝယ်သည့် ဈေးသည်အမျိုးသမီး တစ်ဦးက ဆိုသည်။ […]

မိုးစပါးချေးငွေ ထုတ်ချေးမည်၊ သို့သော် လူစုလူဝေး မဖြစ်ရ

diz_admin

May 4, 2020

မေလဆန်းပိုင်းတွင် စတင်ထုတ် ချေးပေးရတော့မည့် မိုးစပါးချေးငွေများ အတွက် တနင်္သာရီတိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများနှင့် လယ်သမားတို့သည် စိုးရိမ်စိတ်များရှိနေကြ သည်။ ယခုနှစ်မိုးစပါးချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးများတွင် ထုတ်ချေးပေးမည်မဟုတ်ဘဲ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် မြို့နယ်များရှိ အားကစားခန်းမများ၊ ဘာသာရေး အဆောက်အဦများတွင် ထုတ်ချေးပေး နိုင်ရန် စီစဉ်နေကြောင်း အထက်ပါဘဏ် တိုင်းမန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြော သည်။ ယင်းသို့ထုတ်ချေးရန်အတွက် ငွေ ချေးလုပ်ငန်းစဉ်ကို လုပ်ဆောင်မည့် သူများအပြင် လူစုလူဝေးမဖြစ်စေရန် စီမံပေးရမည့် သူများလည်းလိုအပ်လာသည် ဖြစ်ရာ ရှိသည့်ဘဏ်ဝန်ထမ်းနှင့် မလုံ လောက်မည်ကို ၎င်းက စိုးရိမ်လျက် ရှိသည်။ ယင်းအပြင် ငွေကြေးလုံခြုံမှုကိစ္စ၊ မိုးစပါးချေးငွေကိစ္စကြောင့် ဘဏ်ဝန် ထမ်းများနှင့် လယ်သမားများထံ ဗိုင်းရပ်စ် ကူးစက်မှု ရှိလာမည်တို့ကိုလည်း စိုးရိမ် […]