အခြေခံလူတန်းစားအိမ်ထောင်စုများကို ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့မည်
diz_admin
May 18, 2020ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူ တန်းစားအိမ်ထောင်စုများကို ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ယင်းအိမ်ထောင်စုများကို မေလ ၁၅ ရက်နေ့မှ ရက် ၃၀ အထိ တစ်ကြိမ်နှင့် ဇွန်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်းတစ်ကြိမ် စုစုပေါင်းနှစ် ကြိမ်ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိုသို့ထောက်ပံ့ရန်အတွက် အခြေခံ လူတန်းစားအိမ်ထောင်စုစာရင်းကောက် နေပြီး ယင်းစာရင်းကို ပြည်ထောင်စု အစိုးရထံ မကြာမီတင်ပြမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ထိုသို့ ထောက်ပံ့ရန် စီစဉ်ခြင်းဖြစ်သည်။ “အခြေခံလူတန်းစားတွေ စာရင်းကို အခုယူနေပါပြီ”ဟု ဝန်ကြီးဦးကျော်မင်း က ပြောသည်။ […]