ပုလောတွင် စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ဥယျာဉ်ခြံများ သုံးရက်ဆက် လောင်ကျွမ်းနေ
Dawei Watch
January 13, 2025ပုလောမြို့နယ် တပိုရွာနှင့် စက်တော်ရာရွာအနီးရှိ ဥယျာဉ်ခြံများကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ သုံးရက်ဆက်တိုက် မီးလောင်ကျွမ်းနေကြောင်း ဒေသခံများနှင့် မီးငြှိမ်းသတ်နေသူများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး တပိုရွာနှင့် စက်တော်ရာကျေးရွာအနီးရှိ ရော်ဘာခြံများနှင့် လူနေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က တပိုကျေးရွာရှိ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးရာမှတစ်ဆင့် ရော်ဘာခြံများကို ကူးစက်လောင်ကျွမ်းသွားကြောင်း တပိုရွာနေဒေသခံတစ်ဦးက ဆိုသည်။ လက်ရှိတွင် အရှေ့ဘက်မှ လေပြင်းတိုက်ခိုက်နေသဖြင့် မီးလောင်အားကောင်းနေပြီး အခြားဥယျာဉ်ခြံများကို ကူးစက်လောင်ကျွမ်းနေကြောင်း ၎င်းက ပြောဆိုသည်။ “ဝါသား(ရွာသား)တွေ မီးလိုက်သတ်နေတယ် အခုချိန်ထိ။ မီးသတ်လို့ မငြှိမ်းသေးဘူး” ဟု အဆိုပါဒေသခံက ယနေ့ ဇန်နဝါရီလ ၁၃ရက် ညနေ ၄ နာရီခန့်တွင် ပြောသည်။ မီးလောင်ကျွမ်းသွားသည့် ဥယျာဉ်ခြံ ပမာဏ […]